Thursday, June 19, 2008

အဖေ

http://kowainewspaper.blogspot.com/ ဆိုတဲ့ blog ကို အလည်သွားရင်း ဖတ်လိုက်ရတဲ့ ပို့စ် လေးပါ။ အရမ်းကောင်းပါတယ် ။ အဖေ့ မေတ္တာတွေ အကြောင်း ဖွဲ့ဆိုထားတာပါ ။ တန်ဖိုးရှိတဲ့ ပို့စ်လေး မို့လို့ မျှဝေလိုက်ပါတယ် ။

အဖေ

* ဖေချစ်တို့ ဖေခင်တို့ ဆိုတာ ရှိတော့ ရှိတယ် ရှားတယ်ဆိုတာမျိုးလိုပါ ။

* အလုပ်မှာ တစ်နေကုန်နေရတော့ အဖေ့ကို နေ့စဉ် ရင်ခွင်ပိုက် နို့ချိုတိုက်ခဲ့တဲ့ အမေ့လောက်တော့ ချစ်အားမပိုတာ ဓမ္မတာ ဖြစ်နိုင်ပါတယ် ။

* အဖေဆိုတာလည်း သားသမီးကို ချစ်လျက်နဲ့ ကြောက်အောင် နေပြရတဲ့ ဖန်တီးရှင်မဟုတ်ပါလား ။

* ဒါပေမဲ့ အဖေသာ ရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား ၊ မင်းသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့ ။

* အဖေက ချမ်းသာကြွယ်ဝပြန်တော့လဲ သူဌေးသားသမီးတွေ ဖြစ်ပြန်တာပဲ မဟုတ်လား ။

* အဖေက ကုသိုလ်ရဖို့ ၊ ပညာရဖို့ ၊ ငွေရဖို့ထက် မိသားစုတာဝန်ကျေဖို့ အလုပ်လုပ်နေတာပါ ။

* ဆူးမွေ့ယာလဲ မအိပ်ခဲ့ ၊ ပန်းမွေ့ယာလဲ မစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ ကြွက်သားတွေပေါ်မှာ သာယာဖူလုံမှုများနဲ့ လွမ်းခြုံနေနွေးထွေးစေပါတယ် ….။

* ဖောက်ပြန်မှုကင်းမဲ့စွာနဲ့ နှစ်ကိုယ်ပေါင်းတစ်စိတ် နှစ်ယောက်ပေါင်းတစ်ဘ၀ဇြစ်အောင် မေတ္တာတွေ အစဉ်အပိုင်ပေးပြီး အမေ့အတွက်နားလည်မှုအရှိဆုံးဟာ အဖေရယ်ပါ ..။

* အိမ်နီးချင်းဆိုတာ ကလေးချင်းကြောင့် မိန်းမချင်းကြောင့် ခြံမြေတွေကြောင့် စကားများတတ်တယ်ဆိုတဲ့ အဖေ့စကား မိသားစုတိုင်း အလွန်မှတ်သားလိုက်နာသင့်တဲ့ အချက်တွေပါ ..။

* သောက်တယ်ဆိုတာ ” အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေကြောင့် မပျက်စီးစေရဘူး ” ဆိုတာ အဖေ့နီတိ ( လမ်းညွန်) ပါ …။

* အဖေဟာ အလှချစ် ဓနအချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာ အိမ်ထောင်ရေးကို တည်ထောင်ထားသူပါ …။

* ဒါကြောင့် အဖေ့မိသားစုဟာ ငွေမချမ်းပေမယ့် စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ ထိပ်ဆုံးကပါ …။

*ကြွေးဟောင်းလဲဆပ် ကြွေးသစ်ထပ် နှစ်ရပ်တာဝန် ကျေပွန်ခဲ့တဲ့ အဖေ …။

* သားသမီးဆန်းသမျှ နွမ်းလှတဲ့ အ၀တ်လေးတွေနဲ့ တင့်တယ်နေတဲ့ အဖေ …။

* သားသမီးကို ပခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီး စတိုင်ကျကျ ပွဲပြခဲ့ဘူးတဲ့ အဖေ …။

* သားသမီးအတွက်ဆို အသာမစံ အနာသာခံ သက်သက်ဟာ အဖေလို မိဘတွေမှလွဲလို့ အခြားမရှိ..။

* ရေချိုးတော့ချမ်း အဖေ့ပုဆိုးကြမ်းလေးနဲ့ နွေးထွေးခဲ့ဘူးတယ် …။

* အဖေက ကောင်းစေချင်လို့ ဆုံးမသမျှ အသားနာစေခဲ့ပေမဲ့ ဘ၀မနာစေရပါဘူး …။

* ခုတော့ အဖေ့မှာ ခေတ်ဆန်ပညာတတ်သားသမီးတွေကြား ရှေးရိုးအဘိုးကြီးဖြစ်ခဲ့ရပါပြီ …။

* ရွေပုံ ငွေပုံဘေးမှာ မြေးကိုထိန်း ပေးတာယူ ကျွေးတာစား လှိုင်သောအပြုံးစကားများနဲ့ နှောလို့ အားနာနေတာလား ———အားငယ်နေတာလား ——အဖေရယ် …..။

* အဖေ…..ရေ ခေါ်လို့ ထူးမည့်သူမရှိတဲ့ တစ်နေ့မှာ အဖေ့ပုံရိပ်တွေက လှိုင်သောအပြုံးစကားများနဲ့ စောင့်ရှောက်ပေးနေအုန်းမှာပါ ….။

* ဒီလောကကြီးထဲမှာ အဖေနဲ့ တူတဲ့ အဖေမျိုးတွေ တဖြုတ်ဖြုတ်ကြွေလွင့်သွားကြရင်တောင် များများကြီး ရှိရှိလာနိုင်ပါစေလို့ ဆုတောင်းလျှက် ……………………………………………………..။

Sunday, June 15, 2008

မောင် (အိမ်ချမ်းမြေ့)

အိမ်ချမ်းမြေ့(တပြည်သူ) ရဲ့ `မောင်` ဆိုတဲ့ ကဗျာလေးပါ။ အကြိုက်ဆုံး ကဗျာတွေ ထဲက တစ်ပုဒ်လို့ ပြောလို့ရပါတယ်။ ဘယ်အချိန်ပဲ ပြန်ဖတ်ဖတ် ဘာမှန်းမသိတဲ့ ခံစားချက် တစ်ခုကို အမြဲပေးနိုင်တဲ့ ကဗျာလေးပါ။ စကားလုံးလေးတွေ အရမ်းလှသလို အဓိပ္ပါယ်လဲ အရမ်းကောင်းပါတယ်။


နေ၀င်ချိန် (ကိုဥာဏ်)


Thursday, June 5, 2008

တို့မိခင်၏ နေ့ (ညွန့်ဝေ - ကသာ)

ဆရာ ညွန့်ဝေ (ကသာ) ရဲ့ တို့မိခင်၏ နေ့ ဆိုတဲ့ ကဗျာလေးပါ ။