Sunday, July 26, 2009

တစ်နေ့နေ့

ဘယ်သူရေးမှန်းမသိပေမဲ့ အရမ်းကြိုက်ရတဲ့ ကဗျာလေး ၁ ပုဒ်ပါ . ။

Wednesday, July 22, 2009

တို့တိုင်းပြည်

ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..


Tuesday, July 14, 2009

တယ်လီဖုန်း

]ချစ်တယ်}လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့် ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး . . .။
ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
သံသယဖြစ်နေကြတာလဲ . . .၊
]ယုံကြည်ပါ}လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ ရဲ့သားနဲ့ . .။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေဖြစ်နေကြတာလဲ . . .၊
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။
ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့် ကြည့်အကဲခပ်နေကြပုံမျိုး . . .။
ဒါ စစ်တုရင်ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ်။
မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့် ပွင့် လင်းလင်းပြောပါ
ငါလွမ်းတာကိုလည်း ပွင့် ပွင့် လင်းလင်းပြောမယ်။
]ချစ်တယ်}ဆိုတဲ့ စကားလုံးကိုမကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောပဲ ဖုန်းကိုပိတ်ထားရင်
ဘာမှအသုံးမ၀င်တဲ့  ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ။
မင်းခိုက်စိုးစံ
သူဖတ်ဖို့ အချစ်ကဗျာများ (ဖေဖေါ်ဝါရီ ၂၀၀၅

Monday, July 6, 2009

အမှားပြင်ဆင်ချက်

အိပ်ရာအသစ်နဲ့ အိပ်ချင်လို့
ကောင်းကင်ဆီ ထွက်ပြေးခဲ့သူရယ်ပါ
နောက်ဘယ်လောက်ထိ ဆက်မှားနေဦးမှာလဲ
ဒဏ်ရာတွေ အထပ်ထပ်နဲ့ကျောပြင်...........။
သေချာတယ်
ဒါ...အံဝှက်တွေအခန်းခန်းနဲ့
မျက်လှည့်ဆရာရဲ့ သေတ္တာမဟုတ်ခဲ့ဘူး
နွေဦးပေါက်ရင်အုံလေ
ခဏလေးဖြစ်ဖြစ်
နားခိုခွင့်ပေးပါ..........။
တစ်လျှောက်လုံး အိမ်ပြန်နောက်ကျသူ
အပိုအလိုမရှိ
ကမ္ဘာမြေကို တိုင်တည်ရကောင်းမလား
အမှန်တရားစစ်စစ်ရဖို့
အမှားများစွာကို စစ်ယူရကောင်းမလား
ပြဌာန်းချက်အသစ်နဲ့
ဘ၀ကို ကော်ပတ်စား ပေါင်းတင်ရကောင်းမလား။
ထားတော့
မီးလင်းဖို ကုတ်အင်္ကျီဆောင်းနဲ့
မတုန်မလှုပ် ညအခါတွေ
ထားခဲ့တော့
ဥသြသံကြားနေရပြီ
ဒါ......ငါနွေဦး။ ။
မင်းဆွေနှစ် ( မုံရွာ )

Thursday, July 2, 2009

ကမ္ဘာမြေ နှင့် မာဖီ သတိုးသမီးများ

(၁)
အတုအယောင်များတဲ့ ကျူပ်တို့ခေတ်မှာ
ကောင်းကင်က ရေမပါပဲ မိုးရွာတက်သလို
စမ်းချောင်းက ရေမပါပဲ စီးဆင်တတ်တယ်။
(၂)
တေးမသီငှက်တွေ ကောင်းကင်မှာ မြင့်မြင့်ပျံမှတော့
ငါ ကလှောင်အိမ်ထဲ
ဘာလို့တေးဆိုပြနေရမှာလဲ။
(၃)
တံခါးဝမှာ
အပြင်လူမ၀င်ရတဲ့
ငါ က အပြင်လူလား၊အတွင်းလူလား
သေချာအောင် ငါ့အဘိဓာန်မှာ ပြန်ကြည့်ရမယ်။
(၄)
သိက္ခာမရှိတဲ့ လေပြေညှင်းက
ရနံ့ အတုနဲ့ အပျော်ကျူးနေပြီ
ဒိလေထုကို ရှုရှိုက်နေတဲ့ငါ
ရှင်သန်ခြင်းကဘယ်လိုဖြူစင်နိုင်တော့မှာလဲ။
(၅)
နာကြည်းမှုတို့ရဲ့ အန်ဖတ်
ဘင်လာဒင် ခါးခါးတစ်ခွက်
ကမ္ဘာမြေကို (အယ့်) ည့်ခံ လိုက်ကြပြီ။
(၆)
အမှန်တရားနဲ့ ဆေးကုပေးတာတောင်
ငြိမ်းချမ်းခြင်းက မကျန်းမာလာဘူး
ကမ္ဘာမြေရဲ့ပါးတစ်ဖက်မှာ
မျက်ရည်အတု၊ စာနာခြင်းအတု
ဈာပန တစ်ခု ကျင်းပနေလေရဲ့။
(၇)
အလင်းကိုသော့ခတ် အမှောင်ကိုထွန်းညှိကျသူတွေ
တလွဲတချော်တင်ဆက်မှုတွေကြောင့်
မင်္ဂလာနံနက်ခင်း နေ၀င်သွားခဲ့ပြီ။
(၈)
အမှောင်ကမ္ဘာကို
မီးထွန်းပေးရအောင်
ကျူပ်က ပရိုမီးသီးယပ် မဟုတ်ဘူးလေ
ခင်ဗျားတို့လို
အမှန်ကို အမှန် မမြင်တတ်ဖို့
အမှောင်ထဲ လမ်းလျှောက်တတ်ဖို့
ကိုယ့်မျက်လုံး ကိုယ် ပြန်ဖောက်ထုတ်လိုက်ပြီ။
(၉)
အရိုင်းဆန် ကပွဲ
မာဖီ သတိုးသမီး
မျက်လုံးဖောက်ထားသူ တစ်စု
့ဒီလိုနဲ့
ကမ္ဘာမြေရဲ့ နိုက်ကလပ်
အဆက်မပြတ် စီးဆင်းနေခဲ့ပေါ့။
မင်းနေမာန်ခ