Friday, March 19, 2010

ခါတွန်ရင်ယာထွန်လို့ကောင်းသတဲ့

ခါတွန်သံကြားနေရပြီ...။
ဒီဒေသ ဒီနေရာ
တမာမရှိ ယာမရှိ
ဘယ်ကိုကြည့်ကြည့်
ကြည့်လေရာ တိမ်တွေဆို့
ညို့ခနဲဆို မိုးရွာချတတ်တဲ့နေရာ
ဒီနေရာ ဒီဒေသ
အညာမဟုတ်
ခါညိုရယ် ဘာလုပ်နေသလဲ...။
တို့ဒေသ တို့အညာ
တိမ်ဝါတိမ်နီ
ယာပန်းချီနဲ့
ဘယ်ဆီကိုသွားသွား
ဘယ်နားက တွန်တွန်
ခါတွန်ရင်
ယာထွန်လို့ကောင်းသတဲ့
ထနောင်းလဲ မမေ့ပါနဲ့
ချောင်းအကွေ့ ယာအနီးဆီသို့
ခါညိုရယ် - ပြောင်းရွှေ့ပါလား...။ ။
မောင်လင်းကြည်
စတိုင်သစ် စက်တင်ဘာလ ၂၀၀၄