Wednesday, October 30, 2019

တရားရေးမဏ္ဏိုင် ဖြောင့်မတ်မှန်ကန်ရေးနှင့် အဂတိလိုက်စားမှုပြဿနာကို အလေးထား ဖြေရှင်းရေး

သဘာဝသယံဇာတ နှင့် နိုင်ငံတည်ရှိရာ ပထဝီအနေအထား၊ ရေမြေတော တောင် ကောင်းမွန်သော်လည်း စနစ်ဆိုး နှင့် စီမံခန့်ခွဲမှုအလွဲများ၏ ဆိုးကျိုးကြောင့် ဆင်းရဲသော နိုင်ငံအဖြစ်၊ ဆင်းရဲသော နိုင်ငံသားများအဖြစ် ရုန်းကန်ခဲ့ကြရသည်။ လူအများစု ဆင်းရဲဒုက္ခ အခက်အခဲအကျပ်အတည်းများ ရှိနေသော်လည်း လူတစ်စု မှာ များစွာသော အကျိုးခံစားခွင့်များ၊ မတရားလက်ဝါးကြီးအုပ်မှုများ ထွန်းကားခဲ့သည်။ သို့သော် ခေတ်စနစ်ဆိုးအား အဆုံးသတ်နိုင်ရေး အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် လူထု၏ဆန္ဒသဘောထားများကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။ လူထုက မှန်မှန်ကန်ကန်ရွေးချယ်ခွင့် ဆုံးရှုံးခဲ့သော အခြေအနေမှ ရရှိလာသော အခွင့်အရေး အား လက်လွတ်မခံဘဲ အပြောင်းအလဲအတွက် ရဲရဲရင့်ရင့် မဲပေးရွေးချယ်ခဲ့ကြပြီးဖြစ်သည်။ မကြာခင် အချိန်ကာလတွင် လူထုရွေးချယ်ခဲ့သော အစိုးရတစ်ရပ် ပေါ်ထွန်းလာရတော့ မည်ဖြစ်သည်။
           ထိုအခါတွင် လူထု၏နေ့စဉ်ဘဝရပ်တည်မှုများမှသည် အနာဂတ်မျှော်မှန်းချက် များ အတွက်  ထိုးနှက်ချက်များစွာ ရှိသည့်အနက်မှ အဂတိလိုက်စားမှုပြဿနာ နှင့် တရားရေးမဏ္ဍိုလ်တိုင် ဖြောင့်မတ် မှန်ကန်မှုအတွက်  ဦးစားပေးထည့်သွင်းအဖြေရှာ ဖြေရှင်းပေးရန် လိုလားနေကြပြီ ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ တရားရေးမဏ္ဍိုင်ဖြောင့်မတ် ကြံ့ခိုင်ရေးသည် တရားဥပဒေ စိုးမိုးရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှု လွန်စွာအားနည်းခဲ့သည့် မြန်မာ့လူမှု ပတ်ဝန်းကျင်မှာ လူမှုစီးပွားရေးဘဝမလုံမခြုံ နှင့်  ​နေထိုင်ခဲ့ကြရသည့် တိုင်းရင်းသားပြည်သူများ အတွက် တရားဥပဒေစိုးမိုးပြီး လုံခြုံသည့် လူမှုပတ်ဝန်ကျင်သစ် ဖန်တီးပေးရန် လိုအပ်ကြောင်း၊ လိုအပ်ချက်ကို ဖြည့်ပေးနိုင်ရန် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အဖွဲ့ အစည်းများကိုမူပြောင်း၊ လူပြောင်းလိုလားချက်နှင့်အညီ မျိုးဆက်သစ်များဖြင့် ဖွဲ့စည်းပေးရန်သည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကြီး၏ အမျိုးသားရေး တာဝန်သာဖြစ်ကြောင်း တရား စီရင်ရေး၊ ဥပဒေရေးရာ နှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။ ထို့အပြင် တရားစီရင်ရေး၊ ဥပဒေ ရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၏ အစီရင်ခံစာတွင်   "တရားစီရင်ရေးတွင် အဂတိလိုက်စားမှုမှာ တရားသူကြီး မှ စာပို့လုလင်အထိ ပါဝင်ဆက်စပ်လျက် ရှိခြင်းကြောင့် ထင်သာမြင်သာဖြစ်အောင် ဖော်ထုတ်ရန် ခက်ခဲနေကြောင်း" နှင့် "လက်ရှိမြန်မာ နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုလွန်စွာ အားနည်းနေသောကြောင့် ပြည်သူများအနေဖြင့် လူမှု စီးပွားရေး ဘဝလုံခြုံမရှိဟု ခံစားနေရကြောင်း၊ တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန်  လိုအပ် ချက်များစွာ ရှိနေရာ တရားရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်ရန်သည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ လွတ်လပ်သော၊ ဖြောင့်မတ်ကြံ့ခိုင်သော၊ တရားမျှတသော တရားရေးမဏ္ဍိုင်ဖြစ် လာမှသာ ပြည်သူကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုအခြေအနေမျိုး ရရှိနိုင်ရန်အတွက် တရားရုံး၊ တရားလွှတ်တော်အဆင့်ဆင့်ကို ဒီမိုကရေစီ ကျင့်စဉ် နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းကြရန် လိုအပ်ကြောင်း" သုံးသပ်တင်ပြထားသည်။
           အလားတူပင် စီမံကိန်းများ နှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင်လည်း" ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသော အစိုးရဖြစ်စေရန်အတွက် အဂတိလိုက်စားမှုများအား စစ်ဆင်ရေးတစ်ရပ် သဖွယ် အလေးထားချေမှုန်းသင့်ကြောင်း " နှင့် "နိုင်ငံ့ဝန်ထမ်းများအား လုံလောက်သော လစာ၊ စရိတ်များ ထုတ်ပေးထားပြီး စွမ်းဆောင်ရည် ပြည့်အသုံးချကာ လာဘ်ပေးလာဘ်ယူမှုဖြစ်ပေါ်ပါက ပွင့်လင်းမြင်သာစွာ၊ ထိရောက်စွာအရေးယူသင့် ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မလိုအပ်သော စီမံကိန်းများ လျှော့ချခြင်း  အခွန်ရှောင် သူများအား ထိရောက်စွာ အရေးယူခြင်းများကို ဆောင်ရွက်ကာ ဘတ်ဂျက် လိုငွေလျှော့ချပြီး  ဝန်ထမ်းများ လစာတစ်မျိုးတည်းဖြင့်  လုံလောက်စွာ ရပ်တည်နိုင်သည်အထိ ဆောင်ရွက်ပေးသင့် ကြောင်း" ဖော်ပြထားသည်။
           အဂတိလိုက်စားမှုများသည် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေမှုကို ထိခိုက်ပျက်စီးစေနိုင်သည့်အပြင် အစိုးရယန္တရားလည်ပတ်မှုကို ထိခိုက်နှောင့်နှေးစေနိုင်ကြောင်း၊ ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ယိမ်းယိုင်ပျက်စီး စေနိုင်ကြောင်း၊ ထို့အတွက် ကုလသမဂ္ဂအထွေထွေ ညီလာခံက နိုင်ငံအားလုံး ပူးပေါင်း တိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်မှုများ ရှိခဲ့ကြောင်းလည်း သူရဦးအောင်ကို က ဆွေးနွေးထားသည်။
           ယခင်က စကားလုံးအဖြစ် ထုတ်ဖော်ဆွေးနွေးရန် မဖြစ်နိုင်ခဲ့သော အကြောင်းအရာများအား ထုတ်ဖော်ပြောဆို ဆွေးနွေးနေကြပြီဖြစ်သည်။ တိုင်းပြည် အပြောင်းအလဲအတွက် ပြုပြင်ရန် လိုအပ် သော သုံးသပ်မှုများကိုလည်း အချက်အလက်အထောက်ထားများနှင့်တကွ အစီရင်ခံစာများ ထွက်ရှိ လာပြီဖြစ်သည်။ လက်တွေ့အကောင်အထည်ဖော်ရန် အဆင့်အလိုက်၊ ကဏ္ဍအလိုက် လုပ်ဆောင်ကြ ရတော့မည်ဖြစ်သည်။
           သို့ပါ၍ ထင်သာမြင်သာသော ပြောင်းလဲမှုရလဒ်များကို ဖော်ဆောင်ရာတွင် တရားရေး မဏ္ဍိုင်ဖြောင့်မတ်မှန်ကန်ရေး နှင့် အဂတိလိုက်စားမှုပြဿနာများကို ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့်အညီ အလေးထားဖြေရှင်း ပေးသင့်ပါကြောင်း The Daily Eleven သတင်းစာ က ရေးသား အပ်ပါသည်။

source : Daily Eleven

ခြွေမဲ့မိုး


Credit to the original writer

Wednesday, July 28, 2010

စိတ်ကူးအိမ်

ဒိုးကလေးရေးတဲ့ စိတ်ကူးအိမ်ဆိုတဲ့ ကဗျာလေးပါ ..