Showing posts with label min lu. Show all posts
Showing posts with label min lu. Show all posts

Monday, May 26, 2008

အမည်ပြောင်းခြင်း (မင်းလူ)

ဆရာ မင်းလူ ရဲ့ အမည်ပြောင်းခြင်း ဆိုတဲ့ ကဗျာလေးပါ။ ကောင်းလဲ ကောင်း ၊ ရီလဲ ရီရပြီး ၊ သဘာဝလဲ ကျပါတယ်။

" အမည်ပြောင်းခြင်း "

ခေါင်းငုံ့နေတာ
ဦးညွှတ်ချင်လို့မဟုတ်ပါ

ငြိမ်နေတာ ကြောက်ရွံ့နေလို့
မဟုတ်ပါ

အရှုံးပေးတာ
မနိုင်လို့ မဟုတ်ပါ

သင်၏ အောက်သို့ကွေးညွှတ်၍
တရွရွလှုတ်နေသော
နှုတ်ခမ်းလေးကြောင့်လည်းကောင်း

စိုးရိမ်နေသော
မျက်ဝန်းများကြောင့်လည်းကောင်း

တစ်ကုဗစင်တီမီတာခန့်ရှိသော
မျက်ရည်တစ်စက်ကြောင့်လည်းကောင်း

အရာရာတို့၌
ခံပြင်းစွာ
နာကျည်းစွာ
ဒေါသဖြစ်စွာ
အရှုံးပေးလိုက်ပါသည်

ထို့ကြောင့်
ကျွန်တော်မောင်မင်းလူ
(W/RGN 002587) အား
ယနေ့မှစ၍
နွားကြီးဟုခေါ်ပါရန်

မင်းလူ

author - min lu
title - changing name