Monday, March 31, 2008

A Day Without You (lori)

This time, I would like to share a lovely english poem named A Day Without You By Lori.

This morning I was ready.
Waiting by the phone,
nerves unsteady,
praying for it to ring,
hoping to hear that magical voice,
wondering what it would bring.
It rings one time,
then stop and then there's
silence.
Without reason or rhyme,
you choose not to talk.
I think you're doing it,
but I can't be sure.
My mood is sinking into the black pit.

နိုဝင်ဘာ (တာရာမင်းဝေ)

ငါ့ရဲ့ ရွှေအိမ်မက်ကို

ခြေကျင်းတွေလို ခွဲစိတ်ဝတ်ဆင်ထားတဲ့ မိန်းမ

မြူနှင်းညိုတွေကြားမှာ

စံပယ်ကပိုကရိုနဲ့....လှလို့။

ငါ....တစ်ပွင့်ပြီးတစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ

နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။

author : taryar min wai
title : november

အခုတလော ဖောင်းပွလာတဲ့အကြောင်းအရာတွေ (အောင်ရင်ငြိမ်း)

တီဗွီဖွင့်လိုက်ရင်မပြီးစီးနိုင်တဲ့ဇာတ်လမ်းတွေမြင်ရမယ်။
ကိုရီးယားဆံပင်နဲ့ဆယ်ကျော်သက်လူငယ်များ
ပြင်သစ် ဆေးရောင်ခြယ်ပန်းချီကားများ
အနောက်ကမ္ဘာမှမိတ္တကူးထားသော ကော်ပီသီချင်းများ
ပလက်ဖောင်းပေါ်တရုတ်နိုင်ငံလုပ်အပေါစား ဖိနပ်တွေစီးနင်းလို့
ကျွန်တော်တို့ နိုင်ငံတကာဟာသတွေနဲ့ ရယ်မောကြတယ်.။

လူ့ဘ၀ကိုပျော်ရွှင်စရာ ကစားနည်းတစ်မျိုးလို့ အကောင်းမြင်စိတ်မွေးပါ။
ဒါမှမဟုတ် နတ္ထိဝါဒီ တစ်ယောက် မပြောဖြစ်ခဲ့တဲ့ အဆိုအမိန့်တွေကို စူးစမ်းလေ့လာ
ဆင်းရဲဒုက္ဒကို အခြားတစ်ဖက်က လှည့်တွေးသရော်ပစ်လိုက်ရင်
အဲ့ဒီစာသား ဂရုဏာရသမြောက်မှာ အနုပညာလား။

လူငယ်တစ်ယောက်အခြားစာသားတွေကိုခိုးကူးပြီး ပို့စ်မော်ဒန်လို့ အော်သံ
ချားလ်ဘန်းစတိုင်းရဲ့ဒသနတွေနဲ့ ကဗျာဆရာတွေ
အာဖဂန်နစ္စတန်က မိန်းမငယ်တစ်ယောက်အကြောင်း ပုံကြီးချဲ့ပြောလို့
မြို့ပြအမှောင်တွေထဲမှာ ပြေးလွှားနေတဲ့ကြောင်မလေးတွေကို ဥပေက္ခာပြုလို့
ငယ်သူငယ်ချင်းတွေအကြောင်း ပုံပြင်လိုဖွဲ့နွဲ့လို့
ခေတ်ပေါ်စကားလုံးတွေနဲ့ အပျင်းပြေဆော့ကစားလို့
အခုပြီးဆုံးသွားတဲ့ ၀ါကျအပြင် နောက်ထပ်ဆင့်ပွားအနက်ထွက်မယ့် အခြားအရာတစ်ခုခု စဉ်းစားကြည့်ပါ သစ္စာတစ်ရားကိုပုံတူပြုလုပ်နိုင်ပြီ

ဘာသာစကား၏ ပြင်ပတွင် နိဗ္ဗာန်နှင့် အခြားအရှိတရားများ ရှိနေသည်
အမှန်လားအမှားလား အမှားအမှန်ရောထွေးနေခြင်းလား
ဟန်ဆောင်ခြင်းဟာ မိတ်ဆွေတွေကို သံတမန်နည်းနဲ့ ခေါ်ဆောင်လာတယ်
ဥပမာ အိန္ဒြာကျော်ဇင်ဟာ သက်မွန်မြင့်ထက် ဆွဲဆောင်မှုမြင့်တယ်
အမှန်တရားဟာ လူတွေဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်ရဲ့ အပြင်မှာ ရပ်နေတယ်

ပြန်ဆိုတေးများ ကောလဟာလများ
လူ့ဘ၀ဟာ ခင်ဗျားအမြင်နဲ့မဆန့်အောင် ကျယ်ပြော
လျို့ဝှက်ဆန်းကြယ် ဂမ္ဘီရ
ချစ်ခြင်းမေတ္တာ အတုနဲ့အစစ်ခွဲခြားဖို့ မလွယ်ခင်အထိ
ငွေဟာအရာရာကိုပြုလုပ်တယ် အဆင့်မြင့်
ယဉ်ကျေးမှုက သူ့ရင်သားကို လူမြင်သာအောင်ဖွင့်ဟထား
ကျွန်မကတော့ လူတွေဘာဖြစ်နေလဲမသိဘူး
ဖက်ရှင်အသစ်ဝတ်ဖို့နဲ့ အလှပြုပြင်နည်းတွေပဲ စိတ်ဝင်စားတယ်

အချစ်ဆိုတာ မကြာမီ တံဆိပ်အသစ်နဲ့ ၀င်လာမယ့် ဒီဇိုင်းတစ်မျိုး
နောက်ဆုံးပေါ် စိတ်ရောဂါနဲ့ အမည်က နာမည်ကြီးလိုမှုကို စကားလုံးလှလှလေးတွေ နဲ့ဖုံးထားရင်
အနုပညာ လို့အသံမည်အတွဲ အစွဲအလန်းတွေ ကျွတ်လွတ်ဖို့
ကိုယ့်အယူအဆတွေ ရိုက်ခွဲပစ်ရမယ်
သွေးသံရဲရဲ ခေတ်နဲ့အညီ တွေး ခေတ်နဲ့အညီပြေး လူတွေထက်
ဝံပုလွေပိုဆန်လို့ ကြယ်တွေ ကောင်းကင်ပေါ်လင်းနေတာ
နှစ်တွေ ဘယ်လောက်ကြာပြီလဲ

အောင်ရင်ငြိမ်း ဗျူတီ မေ ၂၀၀၇

ရက်လွန်သွားတဲ့ အချစ် (ဇွဲ)


အမည်မရှိ (anonymous)

website တစ်ခုမှာတွေ့တဲ့ ကဗျာလေးပါ။ ကဗျာက ခေါင်းစဉ်မပါ သလို ရေးသူအမည်လဲ မပါပါဘူး။ တကယ်လို့ copyright လုပ်ထားတယ် ဆိုရင်လဲ ဆောရီးပါ။


Thursday, March 27, 2008

ဆရာသော်တာဆွေ ရဲ့ version အသစ်

ဆရာမင်းသုဝဏ်ရဲ့အင်မတန်လှတဲ.ကဗျာကို ဆရာသော်တာဆွေ က version အသစ်ပြောင်းပေးလိုက်တာပါ ။

ထန်းတောကပြန်

အန်ချင်တယ်ထန်းရေဗူးလွယ်လို.

မောင်မူးတယ်လေး။

မနက်တုန်းဆီက

ချက်ပုလင်းမြင်ပြန်တော.

ဝက်နံကင် ဘဲကင်ကြီးရယ်နှင်.

မြည်းလိုက်ချင်သေး။


(ဆရာမင်းလူ၏ နှုတ်ခမ်း၏ထောင်.စွန်းများမှ)

ဆရာမင်းသုဝဏ် ရဲ့ ကဗျာ

ဆရာ မင်းသုဝဏ်ရဲ့ ကဗျာလေးပါ။ နာမည်တော့ မသိပါဘူး။ website တစ်ခုမှာတွေ့လို့ ကူးပြီး ပို့စ်တင်လိုက်တာပါ။


လယ်တောကအပြန်

ပန်ချင်တယ်ခရေဖူးဆိုလို့

မောင်ခူးကာပေး။

မနက်တုန်းဆီက

ကျော့ဆုံးကိုမောင်မြင်တော့

သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့

ဂုဏ်တင့်တယ်လေး။

author : min thu won

လွမ်းစေတီ (မိုးဃ်းဇော်)

တို့ထိခွင့်လည်းမရှိတော့
ဆုပ်ကိုင်ခွင့်လည်းမရှိတော့
မင်းရင်ခုန်သံကိုလုံအောင်ဖုံးပေးပိုင်ခွင့်လည်းမရှိတော့
မင်းလည်းမေ့လျော့လိုက်ရုံ
ပုံပြင်ကိုပုံပြင်အတိုင်းထားလိုက်ရုံ
ဒီလောက်ပဲတို့တတ်နိုင်ခဲ့..။

သူ့ကိုမင်းမချစ်ပဲနဲ့
မင်းကိုသူဘာလို့သိမ်းပိုက်ခဲ့တာလည်း
မင်းနဲ့ငါနဲ့ချစ်ရက်သားနဲ့ငါတို့ဘာလို့ဝေးကွာခဲ့တာလည်း
ရာဇ၀င်ခေတ်
ပဒေသရာဇ်တို့ရာဂမီး
အတားအဆီးမဲ့ကာမပိုင်ဝတ္ထုမှာ
ချစ်ရသူတို့ဇာတ်နာခဲ့ရဖူးပါပြီ။

အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ပြီးတဲ့နောက်
အငွေ့အသက်တွေကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့အလွမ်းတွေငါပွေ့ရင်း
တောင်ကုန်းလေးပေါ်ငါတက်ခဲ့တယ်။

ညောင်ပင်က
ဓမ္မတေးကိုဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာငိုနေရဲ့
ငါ့နှလုံးသားကလူ့သမိုင်းထဲလဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါအကြောင်း
နှောင်းလူတွေကိုပြောပြမယ်
တို့နှစ်ယောက်
လျှောက်ခဲ့ရတဲ့ငရဲကို..။

မိုးဃ်းဇော်

အစိမ်း (မောင်သင်းခိုင်)

အိုင်ယာလန်အစိမ်းကို
ငါချစ်တယ် ရှေးမာစ်ဟေနီလည်း…ချစ်ခဲ့တာပဲ။
ရှားဝု သစ်တောထဲက
ရောဘင်ဟု ကိုလည်း
ငါချစ်တယ်။
ငါ့မျက်လုံးတွေဟာ
အစိမ်းကို
ဆာလောင်မွတ်သိပ်ခဲ့ဖူးတယ်။
ငါ့မျက်လုံးတွေထဲမှာ
အိုအေစစ်တစ်ခု
ရှိနေဖို့တော့လိုအပ်တယ်။
အစိမ်းကိုငတ်ခဲ့တဲ့
ငါ့မျက်လုံးများ
နံရံဖြူဖြူတွေနဲ့ရန်ဖြစ်
အဲဒီကစပြီး
နှင်းဆိုရင်တူးတူးခါးခါးမုန်း
ဒါပေမယ့်
ကားလ်ဆင်ဘတ်နှင်းကိုတော့
ငါချစ်နေသေးတယ်။
ပါရီညရဲ့
ကဖေးဆိုင်တွေထဲမှာ
နှင်းထုထဲက
ချမ်းနေတဲ့ဓာတ်တိုင်တွေအောက်မှာ
ပေါင်မုန့်နဲ့ဘ၀ကို
ပစ္စည်းချင်းဖလှယ်နေရတဲ့
မိန်းမသားတွေရဲ့နှုတ်ခမ်း
ကြည့်စမ်း
အစိမ်း……အစိမ်း……..
ထူပိန်းပိန်း အစိမ်းတွေကို
ငါစာနာလို့ မဆုံးဘူး
အချစ်ရယ်
ရိုးမ စိမ်းစိမ်း
ပျဉ်းမနားအစိမ်းတွေထဲမှာ
ခုဆိုရင်
စူလသုဘဒ္ဒါမုန်းတဲ့
ပန်းတွေဝေနေပြီပေါ့…။…။

မောင်သင်းခိုင်
ရတနာသစ်မဂ္ဂဇင်း၊ ၁၉၉၃၊ဒီဇင်ဘာ

မပြန်ချင်တဲ့ လမ်း (မနော်ဟရီ)

လှပ အိမ်မက်ရှည်တွေနဲ့
ကျဆုံးနေခဲ့ရတဲ့ညများ
အပြင်းစားနောင်တတွေကို
မျိုချခိုင်းနေတယ်..။

ရီဝေစွာ မူးယစ်လိုက်ပါကွဲ့
ဒီလိုဖြစ်စေချင်ခဲ့တာ မဟုတ်လား
ခက်တော့ခက်သားနော်
ခြေချော် လက်ချော်ဆိုတဲ့ဝေါဟာရ
ကံကောင်းခြင်းဘက်ကလဲ လာဦးမှပေါ့..။

အဲဒါ..ကျုပ်မရလိုက်တဲ့အရာ
မအံ့သြလိုက်ပါနဲ့
အကြိမ်များစွာ လှုပ်နှိုးခဲ့ရ (ကိုယ့်ဘာသာကိုယ်)
နိုးထလိုက်တဲ့အခါမှာ
အသားမကျစွာပါဘဲ
စူးရဲတဲ့နေခြည်အောက်
နောက်ကျနေခဲ့ပြီ ထင်ပါရဲ့...။

ကိုယ်လက်သန့်စင်လိုက်ကြ
မှန်ရှေ့က မခွာနိုင်ကြ
ဒီလိုနဲ့..နေ၀င်သွားရ
ကြုံရဦးမဲ့ ညတွေမှာ
လှပတဲ့အိမ်မက်ရှည်တွေ
ဝေးဝေးနေကြစမ်းပါ..။

ဒီမှာ..နောင်တဟာ
ဒဏ်ရာရဲ့အမာရွတ်တဲ့
လမ်းခုလပ်က လှည့်မပြန်ချင်ပါဘူး။ ။

မနော်ဟရီ (၂.၆.၁၉၉၄)

လက်အံသေခြင်း (မနော်ဟရီ)

ကံကြမာဆိုးတွေကိုပဲ ချချရေးရင်း
သီချင်းတွေ တစ်စက်စက် ကုန်သွားတာ
သတိမထားလိုက်မိဘူး။

အလွတ်ကျက်ထားပြီးမှ ဆိုဖို့မေ့မေ့နေတတ်တဲ့အထဲမှာ
ဘုရားစာလဲ ပါပါနေတယ်..မခက်ဘူးလား
ဘုရားသိကြားမလို့ ငါတို့ရင်ဘတ်တွေကိုစည်တီး
ကောင်းချီးပေးခိုင်းရဦးမယ်။

ရန်သူတွေ အကြောင်းကို မေ့မေ့နေတတ်တော့
နောက်ကျောမှာ အမာရွတ်တွေ မျုားများလာတယ်
လေဟာနယ်တွေဟာ
ကျန်းမာရေးကို ထိခိုက်စေတာ သေချာသလား
ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရေရွတ်နေလိုက်ပါ။

တခါတခါ ဒါးတွေဟာ ရှေ့ကလဲလာတတ်ပါတယ်
လေတိုးသံတောင် မကြားလိုက်ရတတ်ဘူး
အနာဂတ်တွေကို ဖိဖိရေးရင်း
နှင်းတွေက တင်းကြမ်းကျလာလိုက်တာ
ကံကြမာတွေတောင် ဖွေးဖွေးဖြူလို့။

ကျွန်မဘယ်လိုရာသီဥတုနဲ့များ
လာဘ်ပေး လာဘ်ယူလုပ်ထားရပါ့မလဲ
ခုထိမဝေခွဲနိုင်သေးဘူး။

Wednesday, March 26, 2008

သို့ သူငယ်ချင်း (iDeal)

ကို့အပေါ် တကယ်ကောင်းတဲ့ တကယ်နားလည်တတ်တဲ့ သူငယ်ချင်းတွေ ဆိုတာ ဘ၀မှာ တကယ်လိုအပ်ပါတယ်။


အီးမေးလ် ချစ်သူ (cartoon - U.C.S.Y.)

Tuesday, March 25, 2008

ညို (မောင်စိန်ဝင်း - ပုတီးကုန်း)

မောင်စိန်ဝင်း - ပုတီးကုန်း ရဲ့ နာမည်ကျော်ကြားတဲ့ ကဗျာတွေထဲက တစ်ပုဒ်ပါ။


























author : maung sein win
title : nyo

Monday, March 24, 2008

Thursday, March 20, 2008

မိုးရေထဲက နှလုံးသား တစ်စုံ (ဒိုးပတ်)

သီချင်းလေးတွေနဲ့
မင်းကိုလွမ်းနေမိတယ်
ဒီအလွမ်းတွေရယ်
သံစဉ်တွေနဲ့အတူ
လေလှိုင်းတွေကြားကနေ
ငါ့ချစ်သူလေး မင်းဆီ
အရောက်သာ တိုးဝင်ပေးပါ ....

မိုးတွေရွာလို့
အပြင်မှာစိုနေတယ်
ပန်းပွင့်လေးတွေ
မိုးစက်တွေကြောင့် ပျော်နေချိန်မှာ
ငါ့ရင်ထဲ နှလုံးသားထဲမှာ
မင်းကို လွမ်းလို့
ငိုနေရတာ ..
မိုးသည်းညတွေများနေပြီလေ ....

ခုချိန်မှာ
မိုးသည်းလို့ ပန်းပွင့်လေးတွေကြွေသလို
ငါ့ရင်ထဲက မင်းကိုချစ်တဲ့
နှလုံးသား တစ်စုံကလဲ
မိုးရေတွေနဲ့ အတူ
ကြွေကျစီးမျော နေပြီလေ ....

[credit to doeput for this poem]

Wednesday, March 19, 2008

အရိုင်းပန်း

အရိုင်းပန်း website က ကဗျာလေးပါ။

ပန်းတိုင် (မောင်လှမျိုး- ချင်းချောင်းခြံ)

မေ …

နေ အရမ်းပူပေမယ့်

ခြေလှမ်းအတူ လှမ်းပြီး

နွေလမ်းထဲမှာ အတူလျှောက်ချင်တယ် ။

နွေမှာ …

ပိတောက်,

ရေလာသောက်တယ် ။

နွေနဲ့ ပိတောက်

ရွှေနဲ့ ကျောက်လို

(မောင် လည်း) …

မေ နဲ့ နှစ်ယောက် နေချင်တယ် ။ …… ။

Tuesday, March 18, 2008

ခောတ်ပေါ် မြန်မာကဗျာ ရာဇ၀င် (ဆရာ မောင်စွမ်းရည်)

ဒီပို့စ်ကတော့ မြန်မာကဗျာ နဲ့ ကဗျာရာဇ၀င် အကြောင်းကို စိတ်ဝင်စားကြသူတွေအတွက် ရည်ရွယ်ပါတယ်။


ဝေးတဲ့နေ့ ၈.၈.၀၅ (သက်ထွေး)

ဒီကဗျာလေးထဲကလို ချစ်ရက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေကြရတဲ့ ချစ်သူတွေ တပုံကြီးပဲ ရှိကြမှာပါ။ ကံကောင်းတဲ့လူတွေကြတော့လဲ ပြန်နီးစပ်ကြရပါတယ်။ တချို့တွေကြတော့လဲ ကံတရားက မျက်နှာသာမပေးလို့ တသက်တာခွဲခွာ လိုက်ရတဲ့ ချစ်သူတွေလဲ အများကြီးပါပဲ။ သစ္စာမမြဲလို့ ကွဲကြတာတွေလဲ ရှိကြပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ချစ်သူနဲ့ ခွဲခွာရခြင်း ဆိုတာ အခက်ခဲဆုံး အရာတွေထဲက တစ်ခုပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ဝေးနေရတဲ့ ချစ်သူတွေ အတွက် ဒီကဗျာလေးနဲ့ မျှဝေခံစားလိုက်ပါတယ်။

Monday, March 17, 2008

လက်တွဲဖော် (နန္ဒာ)

အရမ်းကို ချစ်ဖို့ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကံကောင်းကြတဲ့ လူတွေကတော့ ‘လက်တွဲဖော်’ လေးတွေနဲ့ပျော်နေနိုင်ကြမှာပါ။ ဒီကဗျာလေးထဲကလိုပဲ လူတိုင်းကံကောင်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ :)

Friday, March 14, 2008

ဆန္ဒ (ရေးသားသူ အဂ္ဂ)

မြန်မာလို ပထမဆုံးကြိုးစားတင်ထားတဲ့ post လေးပါ။ စာရေးသူက သူ့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒလေးတွေကို ကဗျာတပုဒ်နေနဲ့ဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။ for those who cannot see burmese font, this is my testing post for burmese font, and the poem is all about the writer's wishes.

The Hunters and The Saints by Nut Soe

One modern poem by nut soe. I think that he would like to mention about his all-the-time-changing mind.

Wednesday, March 12, 2008

Phwint So Chat by Lay Nyinn

The writer composed about her opinion about love in the poem. She mentioned that there is no particular formula about love, and nobody can tell what love exactly is. But she mentioned just the way she feels in the poem.

Thet Thay by Z

This poem is all about the writer's one-sided love.

Monday, March 3, 2008

City

This poem is all about a civilized city. The writer wants to say that there will be no sincerity in this kind of city life.