Friday, April 18, 2008

ပန်းပန်လျှက်ပဲ (ဆရာဇော်ဂျီ)

ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်ပဲ ဆိုတဲ့ ရုပ်ရှင်တောင် ရှိခဲ့ပါသေးတယ်။ ဒီကဗျာကို အရမ်းကြိုက်မှန်းသိလို့ မရမက ရှာပေးခဲ့တဲ့ သူငယ်ချင်းကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်း)။


ပန်းပန်လျှက်ပဲ



ညိုပြာပြာ လတာပြင့် ခြေရင်း ။

လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း ။


ဆင်းရလည်း မသက်သာ ။

အုန်းလက်ကြွေ ရေပေါလော ၊ မျောစုန်လို့လာ ။

အဆင်းနဲ့ အလာ ၊ မဗေဒါ အထွေး ။

အုန်းလက်ကြွေ သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။


ဆောင့်ခဲ့လည်း မသက်သာ ။

နောက်တချီ ဒီတစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။

မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။

တလံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။


ပေါ်ပြန်လည်း မသက်သာ ။

ချောင်းအဆွယ် မြောင်းငယ်ထဲက

ဘဲထွက်လို့လာ ။


ဘဲအုပ်မှာ တရာ နှစ်ရာ

ဗေဒါက တပင်ထဲ (တည်း) ။

အယက် အကန်ခံလို့

ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျှက်ပဲ ။




ဆရာဇော်ဂျီ ။

တက္ကသိုလ် ၊ အိုးဝေမဂ္ဂဇင်း ၊ ၁၉၆၀ ။


credit to NMY for this poem
author : sayar zawgyi
title : pann pan hlut pae

No comments: