အလယ်ရိုးမပေါ်မှာ ကျပျောက်ခဲ့တယ်...။
လူတွေကြားက
အေးခဲနေတဲ့ ပင်လယ်ကိုထုခွဲဖို့
"ကပ်ဖကာ"စာရေးခဲ့တယ်၊
ကျုပ်တို့ရဲ့ အတတ်ပညာတွေဟာ
လူမသမာရဲ့လက်ထဲက ပုဆိန်လိုဖြစ်သွားရတာ
ဝမ်းနည်းတယ် - တဲ့ (အိုင်စတိုင်း)
ဟုတ်ကဲ့.....
ကျွန်တော်ရဲ့ တိမ်တွေ၊ နာရီတွေကတော့
ရိုးမပေါ်မှာ ပျောက်ဆုံးခဲ့ပြီ...၊
ယုဇနစံပယ်ပွင့်ကလေး တစ်ပွင့်လည်း
ပါဂျဲရိုးပေါ်မှာ ပျောက်ဆုံးခဲ့သတဲ့။
ရေဂင်...ကိုတော့
အမေရိကန်ပညာတတ်တွေက
မကြိုက်ကြဘူး...ဆိုပဲ
ွှwhy ? ဘာကြောင့်
ရေဂင်ဟာ ကြော်ငြာနဲ့ "စား"လို့တဲ့
ဟောဒီ.....
ကြော်ငြာခေတ်၊ ကြော်ငြာကမ္ဘာကြီးထဲမှာ
အမှန်တရား "နစ်" သွားမလား
တိမ်များ၊ နာရီများ၊ စံပယ်ပွင့်များ
ကျန်းမာပါစေ.....။
ကဗျာ စတိုင်သစ် 2004 ၊ စိုးမြင့်သိန်း
Thursday, May 27, 2010
Monday, May 17, 2010
ကျနော်မဖြတ်သန်းခဲ့ရသော ခုနှစ်များ
ဒုဋ္ဌဝတီ မြစ်ကမ်းပါးပေါ်က
ငါ ကြည့်နေခဲ့တယ်။
စစ်ကိုင်းတံတားကြီးရဲ့ အောက်မှာတော့
ဧရာဝတီရဲ့မြစ်ရေတွေ စီးမျောသွားခဲ့ပြီ
လီနီယာလား၁၊ နန်းလီနီယာလား၂ ငါမသိ။
ဧရာဝတီဖြတ်သန်းခဲ့သမျှ ခုနှစ်တွေဟာလည်း
ဘင်္ဂလားပင်လယ်အော်မှာ စီးမျောကုန်ကြပေါ့။
ရင်ဘတ်ကြီးနဲ့စိုက်ပျိုးခဲ့ရတဲ့ အိပ်မက်တွေဟာလဲ
စစ်ပြီးခေတ်ကနာရီချိန်သီးတွေလို မောပမ်းနွမ်းနယ်လို့။
ငါ့ကျောကိုလှန်မကြည့်လိုက်ပါနဲ့
(တဆိတ်သီးခံပါ)
ပန်းဖြစ်သွားတဲ့ ဒဏ်ရာဒဏ်ချက်တွေ
နေလောင်မှာ စိုးလို့ပါ
မိုးကောင်းကင်ကြီးပြိုကျမလာခင်တော့
ဒီကောင် (မောင်သင်းဝေ) သီချင်းဆိုနေပါဦးမယ်
ဟော .....
မကြာခင်မှာ နွေဦးရောက်ပြီလေ။ ။
မောင်သင်းဝေ
၁။ linear
၂။ nonlinear
ငါ ကြည့်နေခဲ့တယ်။
စစ်ကိုင်းတံတားကြီးရဲ့ အောက်မှာတော့
ဧရာဝတီရဲ့မြစ်ရေတွေ စီးမျောသွားခဲ့ပြီ
လီနီယာလား၁၊ နန်းလီနီယာလား၂ ငါမသိ။
ဧရာဝတီဖြတ်သန်းခဲ့သမျှ ခုနှစ်တွေဟာလည်း
ဘင်္ဂလားပင်လယ်အော်မှာ စီးမျောကုန်ကြပေါ့။
ရင်ဘတ်ကြီးနဲ့စိုက်ပျိုးခဲ့ရတဲ့ အိပ်မက်တွေဟာလဲ
စစ်ပြီးခေတ်ကနာရီချိန်သီးတွေလို မောပမ်းနွမ်းနယ်လို့။
ငါ့ကျောကိုလှန်မကြည့်လိုက်ပါနဲ့
(တဆိတ်သီးခံပါ)
ပန်းဖြစ်သွားတဲ့ ဒဏ်ရာဒဏ်ချက်တွေ
နေလောင်မှာ စိုးလို့ပါ
မိုးကောင်းကင်ကြီးပြိုကျမလာခင်တော့
ဒီကောင် (မောင်သင်းဝေ) သီချင်းဆိုနေပါဦးမယ်
ဟော .....
မကြာခင်မှာ နွေဦးရောက်ပြီလေ။ ။
မောင်သင်းဝေ
၁။ linear
၂။ nonlinear
Subscribe to:
Comments (Atom)
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
I got this poem from one of my friends, and like it so much. Every poems composed by Tayar Min Wai are really good.
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...