Showing posts with label history. Show all posts
Showing posts with label history. Show all posts

Wednesday, April 7, 2010

လူ၏သမိုင်းအကျဉ်း

ရေတွေလို စုစည်းကြ
ရေတွေလို စီးဆင်းကြ။
အများသုံးတယ်လီဖုန်း
အများသုံးအိမ်သာ
အများသုံးစကားလုံး
အများသုံးပန်းခြံ။
တိမ်တွေလိုဆင်တူကြ
တိမ်တွေလိုသဏ္ဍာန်ကွဲကြ။
မုဆိုးက စိုက်ပျိုးသူ
စိုက်ပျိုးသူက ကျေးကျွန်
ကျေးကျွန်က အလုပ်သမား
လေးမြားတွေ၊ ထွန်သွားတွေ
ပိရမစ်တွေ၊ ချွေးစက်တွေ
စစ်ပွဲတွေ၊ ဝါဒတွေ။
မီးလျှံလိုကူးစက်ကြ
ပြီးတော့...
မီးလျှံလိုငြိမ်းသေကြ။ ။
သစ္စာနီ