Wednesday, July 28, 2010

စိတ်ကူးအိမ်

ဒိုးကလေးရေးတဲ့ စိတ်ကူးအိမ်ဆိုတဲ့ ကဗျာလေးပါ ..

Wednesday, June 23, 2010

ချစ်ဦးနွေ

လေရှုးတွေဝေ့
ရွက်ခြောက် တွေသွေ့လို့
မြူဝှေ့လို့ မုန်းထမ်းရှာ
ရိုးညှာတံတွေကျဲ
စွတ်ရွှဲတဲ့ ခန္ဓာ
ပူပြင်းကာ နေထား
ရင်ဆိုင်အားမလျှော့
များပြောတဲ့လူသား
မုန်းထားကြစေဦး
လေရှုးမှာပျော်မြူး
ရွက်ခြောက်တွေခူးလို့
မြူထူးကိုကျော်လွှား
ရိုးညှာတံကျဲများကို
ခြယ်ဆွဲကာနွေပုံရိပ်သို့
မြတ်နိုးလို့ချစ်သား ..............။

Wednesday, June 16, 2010

သိုးကျောင်းသားအချစ်

ကြေကွဲစွာ နားလည်ခဲ့တယ်
အချစ်ဆိုတာ
ရက်စက်တဲ့ နတ်ဖုရား
တောမှာဖွားလို့
ခြင်္သေ့မရဲ့ နို့စို့ပြီး
ကြီးပြင်းလာသူပါလားကွယ်။

သူ့ရဲ့ တောက်ပတဲ့ မီးလျှံ
ငါ့ကို ရိုးတွင်းခြင်ဆီအထိ
လောင်ကျွမ်းစေခဲ့တယ်။

ညမျက်ခုံးအောက်က
စူရှမာကြောတဲ့ အကြည့်နဲ့ ကြည့်သူရယ်
မင်းရဲ့ သိုးကျောင်းသားရင်ခွင်
တစ်ခါလောက် ပြန်ဝင်ပါဦးလား
တစ်ခါလောက် နမ်းပါဦးလား
ဪသာ်.. အချည်းနှီးအနမ်းဆိုတာလဲ
ကြည်နူးမှုကို ပေးစွမ်းတာပါပဲ
ရက်စက်တဲ့မိန်းကလေးရယ်..။

သီယိုကရီးတပ်စ်
(ဘီစီ ၃၀ဝ-၂၅၀ခန့်)

Thursday, June 3, 2010

အခန်း

အခန်းဟာ
ကုဗတုံးဆန်ဆန်ပဲ
သူ့ကိုသူ အလုံပိတ်ထားတယ်။
အခန်းနံပတ်
ဘယ်လောက်လဲလို့ မမေးနဲ့တဲ့
သတ်မှတ်ချက်တွေနဲ့ သူမရပ်တည်ဘူးဆိုပဲ။
အခန်းထဲမှာ
ဖရိုဖရဲဖြစ်ခြင်းအနုပညာဟာ
လှပစွာ ...
လိပ်ပြာသန့်စွာ ...
နေထိုင်တယ်။
အခန်းထဲမှာ
လခြမ်းကွေးလေးခပ်ပျပျ သာနေတယ် ...
လခြမ်းကလေးပေါ်မှာ လူတစ်ယောက်
ငါးမျှားချိတ်တစ်ချောင်းနဲ့
တစ်စုံတစ်ရာကို သူ မျှားနေရဲ့ ...။
သူမျှားနေတာ ငါးတစ်ကောင် မဟုတ်တာတော့
သေချာတယ် ...
သူမျှားနေတာ
ပန်းတစ်ပွင့်ကိုလား
လွင့်နေတဲ့တိမ်တစ်အုပ်ကိုလား ...
ဗင်းဆင့်ရဲ့နားရွက်တစ်ဖက်ကိုလား ...
ဒါမှမဟုတ်
နောက်ထပ်အခန်းတစ်ခုလား...။
မျိုးတေဇာမောင်
စတိုင်သစ်၊ စက်တင်ဘာ ၂၀၀၄

Thursday, May 27, 2010

ကျွန်တော်၏ တိမ်များ၊ နာရီများ

အလယ်ရိုးမပေါ်မှာ ကျပျောက်ခဲ့တယ်...။
လူတွေကြားက
အေးခဲနေတဲ့ ပင်လယ်ကိုထုခွဲဖို့
"ကပ်ဖကာ"စာရေးခဲ့တယ်၊
ကျုပ်တို့ရဲ့ အတတ်ပညာတွေဟာ
လူမသမာရဲ့လက်ထဲက ပုဆိန်လိုဖြစ်သွားရတာ
ဝမ်းနည်းတယ် - တဲ့ (အိုင်စတိုင်း)
ဟုတ်ကဲ့.....
ကျွန်တော်ရဲ့ တိမ်တွေ၊ နာရီတွေကတော့
ရိုးမပေါ်မှာ ပျောက်ဆုံးခဲ့ပြီ...၊
ယုဇနစံပယ်ပွင့်ကလေး တစ်ပွင့်လည်း
ပါဂျဲရိုးပေါ်မှာ ပျောက်ဆုံးခဲ့သတဲ့။
ရေဂင်...ကိုတော့
အမေရိကန်ပညာတတ်တွေက
မကြိုက်ကြဘူး...ဆိုပဲ
ွှwhy ? ဘာကြောင့်
ရေဂင်ဟာ ကြော်ငြာနဲ့ "စား"လို့တဲ့
ဟောဒီ.....
ကြော်ငြာခေတ်၊ ကြော်ငြာကမ္ဘာကြီးထဲမှာ
အမှန်တရား  "နစ်" သွားမလား
တိမ်များ၊ နာရီများ၊ စံပယ်ပွင့်များ
ကျန်းမာပါစေ.....။

ကဗျာ စတိုင်သစ် 2004 ၊ စိုးမြင့်သိန်း

Monday, May 17, 2010

ကျနော်မဖြတ်သန်းခဲ့ရသော ခုနှစ်များ

ဒုဋ္ဌဝတီ မြစ်ကမ်းပါးပေါ်က
ငါ ကြည့်နေခဲ့တယ်။
စစ်ကိုင်းတံတားကြီးရဲ့ အောက်မှာတော့
ဧရာဝတီရဲ့မြစ်ရေတွေ စီးမျောသွားခဲ့ပြီ
လီနီယာလား၁၊ နန်းလီနီယာလား၂ ငါမသိ။
ဧရာဝတီဖြတ်သန်းခဲ့သမျှ ခုနှစ်တွေဟာလည်း
ဘင်္ဂလားပင်လယ်အော်မှာ စီးမျောကုန်ကြပေါ့။
ရင်ဘတ်ကြီးနဲ့စိုက်ပျိုးခဲ့ရတဲ့ အိပ်မက်တွေဟာလဲ
စစ်ပြီးခေတ်ကနာရီချိန်သီးတွေလို မောပမ်းနွမ်းနယ်လို့။
ငါ့ကျောကိုလှန်မကြည့်လိုက်ပါနဲ့
(တဆိတ်သီးခံပါ)
ပန်းဖြစ်သွားတဲ့ ဒဏ်ရာဒဏ်ချက်တွေ
နေလောင်မှာ စိုးလို့ပါ
မိုးကောင်းကင်ကြီးပြိုကျမလာခင်တော့
ဒီကောင် (မောင်သင်းဝေ) သီချင်းဆိုနေပါဦးမယ်
ဟော .....
မကြာခင်မှာ နွေဦးရောက်ပြီလေ။ ။
မောင်သင်းဝေ
၁။ linear
၂။ nonlinear

Wednesday, April 7, 2010

လူ၏သမိုင်းအကျဉ်း

ရေတွေလို စုစည်းကြ
ရေတွေလို စီးဆင်းကြ။
အများသုံးတယ်လီဖုန်း
အများသုံးအိမ်သာ
အများသုံးစကားလုံး
အများသုံးပန်းခြံ။
တိမ်တွေလိုဆင်တူကြ
တိမ်တွေလိုသဏ္ဍာန်ကွဲကြ။
မုဆိုးက စိုက်ပျိုးသူ
စိုက်ပျိုးသူက ကျေးကျွန်
ကျေးကျွန်က အလုပ်သမား
လေးမြားတွေ၊ ထွန်သွားတွေ
ပိရမစ်တွေ၊ ချွေးစက်တွေ
စစ်ပွဲတွေ၊ ဝါဒတွေ။
မီးလျှံလိုကူးစက်ကြ
ပြီးတော့...
မီးလျှံလိုငြိမ်းသေကြ။ ။
သစ္စာနီ

Friday, March 19, 2010

ခါတွန်ရင်ယာထွန်လို့ကောင်းသတဲ့

ခါတွန်သံကြားနေရပြီ...။
ဒီဒေသ ဒီနေရာ
တမာမရှိ ယာမရှိ
ဘယ်ကိုကြည့်ကြည့်
ကြည့်လေရာ တိမ်တွေဆို့
ညို့ခနဲဆို မိုးရွာချတတ်တဲ့နေရာ
ဒီနေရာ ဒီဒေသ
အညာမဟုတ်
ခါညိုရယ် ဘာလုပ်နေသလဲ...။
တို့ဒေသ တို့အညာ
တိမ်ဝါတိမ်နီ
ယာပန်းချီနဲ့
ဘယ်ဆီကိုသွားသွား
ဘယ်နားက တွန်တွန်
ခါတွန်ရင်
ယာထွန်လို့ကောင်းသတဲ့
ထနောင်းလဲ မမေ့ပါနဲ့
ချောင်းအကွေ့ ယာအနီးဆီသို့
ခါညိုရယ် - ပြောင်းရွှေ့ပါလား...။ ။
မောင်လင်းကြည်
စတိုင်သစ် စက်တင်ဘာလ ၂၀၀၄

Sunday, February 14, 2010

ဖေဖေါ်ဝါရီ မှတ်တမ်း

ဒီ ဖေဖေါ်ဝါရီလထဲမှာပေါ့ ..
လွန်ခဲ့တဲ့ ..
၉၅ နှစ် က မြန်မာပြည်ရဲ့လွပ်လပ်ရေး ဖခင်ကြီး
“ဗိုလ်ချုပ်အောင်ဆန်း” ကို မွေးဖွားခဲ့တယ် ။
လွန်ခဲ့တဲ့ ..
၆၄ နှစ်က မြန်မာနိုင်ငံကြီး လွပ်လပ်ရေးရဖို့
ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်ကို ချုပ်ခဲ့တယ် ။
လွန်ခဲ့တဲ့ ..
၎ နှစ်က ကျနော့်ဘ၀ထဲကို
ချစ်ရသူလေး ရောက်လာခဲ့တယ်။
လွန်ခဲ့တဲ့ ..
၁ နှစ်က ဗယ်လင်တိုင်းနေ့မှာ
ကျနော့်ကို ချစ်ပါတယ် ဆိုတဲ့ စကား
ချစ်သူနှုတ်ဖျားက ကြားခဲ့ရတယ် ။
နောင်လာမဲ့ နှစ်များစွာက
ဖေဖေါ်ဝါရီတွေကိုလည်း ရင်ခုန်စွာ မျှော်လင့်ရင်း … ။
နေမင်းယု .. ၁၄.၂.၁၀

Thursday, January 14, 2010

ဘောင်းဘီဝတ်မိုးတိမ် ( ၅ )

(မြောင်းတွေထဲ
ညအိပ်ခဲ့ရသမို့) ညစ်ပေကာ တက်လာမယ်၊
ဘေးချင်း ယှဉ်ကာရပ်၊
ငုံ့ကိုင်းတဲ့ကာ
သူ့နားထဲ ပြောပြလိုက်မယ်..
နားထောင်စမ်း၊ ဦးဘုရားသခင်။
ခင်ဗျား မပျင်းဘူးလား၊
မိုးတိမ် ကျောက်ကျောပြင်ထဲ
နေ့စဉ်နဲ့အမျှ ကြင်နာတဲ့ နှလုံးတွေ နှစ်နေရတာများ။
ဒီမယ်-သိလား
ကောင်းမှု၊ မကောင်းမှု အသိတရားရဲ့
သစ်ပင်ပေါ်မှာ ချားရဟတ် တည်ဆောက်
ရအောင်လား။
သဗ္ဗဘူတဆိုတော့ ခင်ဗျား ကြောင်အိမ်တိုင်းမှာ
ရှိပေမယ်။
ညှိုးလျလျ ရှင်ပေတရုတောင်မှ
ကိ-ကာ-ပူအကနဲ့ မြူးကြွလာချင်စေမယ့်
စပျစ်ရည်မျိုး စားပွဲပေါ် တင်ထားကြမယ်။
ပြီး ကောင်းကင်မှာ ဧဝကလေးတွေ နေရာ
ချပြန်ဦးစို့။
အမိန့်သာပေး-
ကနေ့ညကိုပဲ
လမ်းမကြီးအားလုံးက အလှဆုံးကောင်မလေးတွေကို
ကျုပ် ခင်ဗျားဖို့ ခေါ်ပေးမယ်။
လိုချင်ပါစ။
မလိုချင်ဘူး၊ ဟုတ်စ
ခေါင်းကို ခါသလား၊ ဆံပင်စုတ်ဖွားကြီး။
မျက်ခုံးဖြူ ရှုံ့သလား။
ခင်ဗျား ထင်သပအဲဟ
ို၊
ခင်ဗျားနောက်က တောင်ပံကားကြီး။
အချစ်ဆိုတာ ဘယ်လိုလဲ သိတယ်လို့များ။
ကျုပ်လဲ ကောင်းကင်တမန်ပဲ။ ကျုပ် ဖြစ်ဖူး
သပေါ့အမြင်မှာ
သကြားချိုသိုးကလေးလို ငေးကြည့်လို့ပ၊
ဆဲဖရရဲ့ဒုက္ခနဲ့ ထွင်းထုထားတဲ့ ပန်းအိုးတွေကိုတော့
မြင်းမတွေကို လက်ဆောင် မပေးချင်တော့ဘူးပေါ့။
အနန္တတန်ခိုးတော်ရှင်၊ လက်အစုံကို ခင်ဗျား
တီထွင်ခဲ့၊
လူတိုင်းပဲ
ဦးခေါင်း ရှိအောင် လုပ်ပေးခဲ့တယ်ဘာပြုလို့
ခင်ဗျား မတီထွင်ရတာလဲ၊
ဒုက္ခမခံစားရဘဲနဲ့
နမ်းပြီးရင်း နမ်းပြီးရင်း နမ်းနေနိုင်အောင်တော့။
ကျုပ် ထင်ခဲ့တယ်-ခင်ဗျားဟာ အနန္တ
စွမ်းအားရှင် ဘုရားကြီးလို့၊
ခင်ဗျားဟာ ပညာမစုံလင်၊ သေးသေးမွှားမွှား
ဘုရားပေါက်စလေးပဲ။
ကြည့်နော် ကျုပ် ငုံ့ကိုင်းလိုက်ပြီ၊
ဘွတ်ဖိနပ်ထိပ်က
ဖိနပ်ချုပ်သမားဓားကလေး ဆွဲထုတ်လိုက်ပြီပဲ။
တောင်ပံကားကား လူဆိုးသူခိုးတို့။
ကောင်းကင်မှာ ဝပ်လို့နေ၊
ကြောက်လန့် တုန်လှုပ်လို့မို့ အမွှေးအတောင်တွေ
ထကြွဘိ။
အမွှေးနံ့ ထုံသင်းနေတဲ့ နင့်ကို ငါခုတ်ပိုင်းလိုက်မလေ
ဒီကနေ အလာဆကာအထိ။
ဝင်ခွင့်ပြုပါကျုပ်ကို
မရပ်တန့်ကြနဲ့။
မှားမယ် ကျုပ်၊
မှန်ချင်လဲ မှန်မယ်
ဒါပေမယ့် ကျုပ် ငြိမ်ငြိမ်နေဖို့ မတတ်နိုင်ဘူး။
ကြည့်ကြစမ်း-
ကြယ်တွေ ခေါင်းပြတ်ကုန်ကြပြန်ပြီ။
ကောင်းကင်လဲ လူသတ်ပွဲကြောင့် သွေးရဲရဲ
ဖြစ်ရပေါ့။
ဟေး၊ ကိုယ့်လူ၊
ကောင်းကင်ကြီး။
ဦးထုပ်ချွတ်လေ။
ကျုပ် လာနေပြီ။
တိတ်ဆိတ်လို့။
စကြဝဠာ အိပ်ပေါ့၊
ကြယ်အစက်အပြောက်တွေနဲ့၊
ဧရာမနားရွက်ကြီးကို လက်ပေါ်တင်လို့။

မာယာကော့ဖ်စကီးလ်
၁၉၁၄-၁၉၁၅ မှာ ရေးခဲ့ပါသတဲ့။

Wednesday, January 6, 2010

ဘောင်းဘီဝတ်မိုးတိမ် ( ၄ )

(၄)
မာရီယာ၊ မာရီယာ၊ မာရီယာ။
ဝင်ခဲ့ပါရစေ မာရီယာ။
ငါ လမ်းတွေပေါ် မနေနိုင်ဘူး။
မလိုချင်ဘူး၊ ဟုတ်စ။
စောင့်တော့ပ၊
လူတကာ မြည်းစမ်းကြည့်ကြသမို့
ပေါ့ပျက်ပျက်သာ
ပါးတွေဟောက်ပက် ပြိုဆင်းကုန်တဲ့အထိ၊
ငါ ရောက်လာ၊
ကနေ့ ငါ ]အံ့ဩစဖွယ် ရိုးသားနေ}ကြောင်း
သွားမဲ့မဲ့နဲ့
ပြောပြတဲ့အထိ စောင့်တော့ပ၊
မာရီယာ၊
ကြည်စမ်း..
ငါ ခုကို ခါးကုန်းစပြုပေါ့။
လမ်းတွေပေါ်မှာ
လူတွေ လေးထပ်တိုက် ဇလုပ်တို့မှာ အဆီကို
ဖောက်ထွင်း၊
နှစ်လေးဆယ် ဆင်မြန်းခဲ့သမို့
စုတ်ပြတ်နေတဲ့ မျက်လုံးတွေကို ထုတ်ယူကြလို့၊
တခိခိ ရယ်သွမ်းသွေးကြရဲ့၊
ငါရဲ့ သွားတွေကြားမှာ
လာပြန်ပြီ..
မနေ့က အနမ်းရဲ့ ပေါင်မုန့်သိုးရယ်လို့။
မိုး ပလက်ဖောင်းတွေကို စိုစွတ်စေပြီး၊
ရေအိုင်လေးတွေနဲ့ ပိညပ်နေတဲ့ လူလိမ်၊
စိုရွှဲလို့၊ ကျောက်ခဲနဲ့ ဖိနှိပ်ထားတဲ့ လမ်းတို့ရဲ့
အလောင်းကောင်ကို လျက်ရဲ့၊
ပြီး ဖြူဖွေးဖွေး မျက်တောင်တွေမှာ
မျက်လုံးအစုံက မျက်ရည်တွေ-
ဟုတ်ကဲ့..
ရေပိုက်တို့ရဲ့ ငိုက်စိုက်မျက်လုံးအစုံကကွဲ့။
ခြေကျင်သမားအားလုံးကို မိုးရဲ့ နှုတ်သီးက
လျက်နေတယ်။
ယာဉ်များပေါ်မှာ အားကစားသမား ပြီး ခပ်ဝဝ
အားကစားသမား တဖိတ်ဖိတ်နဲ့။
လူတွေ ပေါက်ကွဲကြပြီ၊
ဗောင်းလန်ပေါက်ပြဲတာပ၊
အက်ကြောင်းထဲက အဆီ စိမ့်ထွက်လာတယ်၊
ဝါးစားပြီးသားပေါင်မုန့်ဖတ်နဲ့အတူ၊
ကတ်ကလက်ဟောင်းရဲ့ဝါးဖတ်
နောက်ကျိကျိမြစ်အဖြစ် စီးဆင်းလာရဲ့။
မာရီယာ
ဘယ်လိုများ သူတို့ရဲ့ အဆီပိတ် နားထဲ
ငြိမ်ဆိတ်တဲ့ စကားလုံး သွတ်သွင်းရပါ့မလဲ။
ငှက်ဟာ
သီချင်းနဲ့ တောင်းရမ်းတယ်၊
ဆာဆာလောင်လောင်
ကျယ်ကျယ်လောင်လောင် တေးသီရဲ့။
ငါ့မှာတော့ လူ၊ မာရီယာရဲ့၊
ရှင်းရှင်းလေးရယ်၊
အဆုတ်ရောဂါသည် ညက ပရဲဆညာရဲ့
ညစ်ပတ်ပေရေလက်ထဲ အန်ထုတ်လိုက်သူ။
မာရီယာ၊ ဒီလိုလူမျိုး အလိုရှိသလား။
ဝင်ခွင့်ပြုပါ၊ မာရီယာ။
ကြောဆွဲနေတဲ့ လက်ချောင်းတွေနဲ့
ငါခေါင်းလောင်းရဲ့
သံလည်မျိုကို ညှစ်လိုက်မယ်။
မာရီယာ
လမ်းများရဲ့ စားကျက်မြေများ တိရစ္ဆာန်
ဆန်လာကြပြီ။
လည်ပင်းမှာ လက်ချောင်းတွေ တင်းတင်း
ဆုတ်ဖြဲကြပြီ။
ဖွင့်ပါ။
နာလှချည့်။
ကြည့်လေ၊ မျက်လုံးထဲကို
အမျိုးသမီး ဦးထုပ်အပ်တွေ စိုက်ထားကြပြီ။
ဝင်ခွင့်ပြုလိုက်တယ်။
အချစ်
မကြောက်ပါနဲ့၊ ငါ့နွားသိုး လည်ပင်းပေါ်မှာလေ
ချွေးရွှဲဗိုက်တွေနဲ့ မိန်းမတွေ မိုးစိုတောင်တန်းလို
ထိုင်နေကြ-
ဒါဘဝတလျှောက်လုံး ငါ ဆွဲသွားရမှာပဲ
အသန်းသန်းကြီးမား သန့်စင်အချစ်တွေ၊
သန်းပေါင်းအသန်းသန်း သေးငယ်ညစ်ပတ်
အချစ်တွေပ။
မကြောက်ပါနဲ့၊
တဖန်၊
သစ္စာမဲ့မှု မိုးလေထဲမှာ၊
ငါ ချစ်စရာ မျက်နှာတစ်ထောင်ကို
ငြိတွယ်နေမိရင်လဲ။
]မာယာကော့ဖ်စကီးလ်ရဲ့ချစ်သူများ}-
ဘယ့်နှယ် ဒါ သူရူးရဲ့ နှလုံးသားထက်
စိုးစံတော်မူသွားကြတဲ့ဧကရီမ
မင်းဆက်ပေကပဲ။
မာရီယာ၊ တိုးခဲ့စမ်းပါ။
ဝတ်လစ်စလစ် အရှက်မဲ့မှု
ကြောက်ရွံ့ရွံ့ တုန်ရီမှုတို့နဲ့၊
မင်းနှုတ်ခမ်းတို့ရဲ့ ပန်းဦးမချွေရသေးတဲ့
နှစ်လိုဖွယ်ကို ပေးပ။
ငါ့နှလုံးသားဟာ တစ်ခါမှ မေလအထိ မနေရခဲ့၊
နေခဲ့ဖူးသမျှ ဘဝမှာလဲ
ရှိခဲ့ရဲ့ ဧပြီတစ်ရာမျှ။
မာရီယာ။
ကဗျာဆရာဟာ တျာနာအဖို့ ဆောနဲတ်တွေသီခဲ့တယ်။
ငါကတော့..
သွေးသားနဲ့ လုံးဝ၊
လုံးဝလူသားမျှ..
မင့်ကိုယ်ကာယသက်သက်ကို တောင်းတယ်၊
ခရစ်ယာန်တွေ တောင်းကြသလိုနှယ်
]ယနေ့အဖို့ စားစရာအစာကိုလည်း
ကျွန်ုပ်တို့အား ပေးသနားတော်မူပါ}
မာရီယာ..ပေးတော့။
မာရီယာ။
မင့်နာမည်ကို မေ့သွားမှာ ငါစိုးတယ်၊
ညရဲ့ ဒုက္ခထဲ မွေးဖွားလာခဲ့ပြီး
ကြီးမြတ်မှုအရာ
ဘုရားသခင်ကို တုပနိုင်တဲ့ စကားတစ်လုံးကို
မေ့သွားမှာ ကဗျာဆရာ စိုးသလိုမျိုး။
မင့်ကိုယ်ခန္ဓာကို
ငါစောင့်ရှောက်မယ်-ချစ်မယ်
စစ်ပွဲမှာ
ကျိုးပြတ်ခဲ့ရတဲ့၊ လိုသူမဲ့တဲ့
ပိုင်သူမဲ့တဲ့
စစ်သားဟာ
သူ့ရဲ့ တစ်ချောင်းတည်း ခြေထောက်ကို
စောင့်ရှောက်သလိုမျိုး။
မာရီယာ
မလိုချင်ဘူး-ဟုတ်စ။
မလိုချင်ဘူး-
ဟား။
အဓိပ္ပါယ်က-ခုတစ်ခါ
သုန်မှုန်မှုန်နဲ့ ခေါင်းငိုက်စိုက်
နှလုံးသားကို ယူသွားရတော့မယ်
မျက်ရည်တွေနဲ့ ထွေးပိုက်လို့
သယ်ရလိမ့်၊
မီးရထား နင်းကြိတ်
ခံရတဲ့ လက်ကိုကွယ်
ခွေးအိမ်ဆီ
သယ်သွားရှာတဲ့ ခွေးပမာနှယ်။
နှလုံးသားရဲ့ သွေးနဲ့ လမ်းကို ရွှင်လန်းစေမယ်၊
အပေါ်အင်္ကျီရဲ့ဖုန်တွေကို ပန်းတွေက နမ်းကြရဲ့၊
အကြိမ်တစ်ထောင်မျှ ဟဲရုဒ်ရဲ့ သမီး နေက
ဗတ္တိဇံဆရာရဲ့ ဦးခေါင်း
ကမ္ဘာမြေကို ဝိုင်းပတ် ကလိမ့်မကွဲ့။
ငါ့ရဲ့ သက်တမ်း နှစ်အရေအတွက်
အဆုံးထိ ဝိုင်းပတ် ကပြီးတဲ့အခါသွေး
စက်တစ်သိန်း လမ်းကြောင်းကလေး
ဆန်သွားမယ်
ငါအဖေရဲ့အိမ်အထိသာ။