Showing posts with label room. Show all posts
Showing posts with label room. Show all posts

Thursday, June 3, 2010

အခန်း

အခန်းဟာ
ကုဗတုံးဆန်ဆန်ပဲ
သူ့ကိုသူ အလုံပိတ်ထားတယ်။
အခန်းနံပတ်
ဘယ်လောက်လဲလို့ မမေးနဲ့တဲ့
သတ်မှတ်ချက်တွေနဲ့ သူမရပ်တည်ဘူးဆိုပဲ။
အခန်းထဲမှာ
ဖရိုဖရဲဖြစ်ခြင်းအနုပညာဟာ
လှပစွာ ...
လိပ်ပြာသန့်စွာ ...
နေထိုင်တယ်။
အခန်းထဲမှာ
လခြမ်းကွေးလေးခပ်ပျပျ သာနေတယ် ...
လခြမ်းကလေးပေါ်မှာ လူတစ်ယောက်
ငါးမျှားချိတ်တစ်ချောင်းနဲ့
တစ်စုံတစ်ရာကို သူ မျှားနေရဲ့ ...။
သူမျှားနေတာ ငါးတစ်ကောင် မဟုတ်တာတော့
သေချာတယ် ...
သူမျှားနေတာ
ပန်းတစ်ပွင့်ကိုလား
လွင့်နေတဲ့တိမ်တစ်အုပ်ကိုလား ...
ဗင်းဆင့်ရဲ့နားရွက်တစ်ဖက်ကိုလား ...
ဒါမှမဟုတ်
နောက်ထပ်အခန်းတစ်ခုလား...။
မျိုးတေဇာမောင်
စတိုင်သစ်၊ စက်တင်ဘာ ၂၀၀၄