Showing posts with label Cloud. Show all posts
Showing posts with label Cloud. Show all posts

Thursday, May 27, 2010

ကျွန်တော်၏ တိမ်များ၊ နာရီများ

အလယ်ရိုးမပေါ်မှာ ကျပျောက်ခဲ့တယ်...။
လူတွေကြားက
အေးခဲနေတဲ့ ပင်လယ်ကိုထုခွဲဖို့
"ကပ်ဖကာ"စာရေးခဲ့တယ်၊
ကျုပ်တို့ရဲ့ အတတ်ပညာတွေဟာ
လူမသမာရဲ့လက်ထဲက ပုဆိန်လိုဖြစ်သွားရတာ
ဝမ်းနည်းတယ် - တဲ့ (အိုင်စတိုင်း)
ဟုတ်ကဲ့.....
ကျွန်တော်ရဲ့ တိမ်တွေ၊ နာရီတွေကတော့
ရိုးမပေါ်မှာ ပျောက်ဆုံးခဲ့ပြီ...၊
ယုဇနစံပယ်ပွင့်ကလေး တစ်ပွင့်လည်း
ပါဂျဲရိုးပေါ်မှာ ပျောက်ဆုံးခဲ့သတဲ့။
ရေဂင်...ကိုတော့
အမေရိကန်ပညာတတ်တွေက
မကြိုက်ကြဘူး...ဆိုပဲ
ွှwhy ? ဘာကြောင့်
ရေဂင်ဟာ ကြော်ငြာနဲ့ "စား"လို့တဲ့
ဟောဒီ.....
ကြော်ငြာခေတ်၊ ကြော်ငြာကမ္ဘာကြီးထဲမှာ
အမှန်တရား  "နစ်" သွားမလား
တိမ်များ၊ နာရီများ၊ စံပယ်ပွင့်များ
ကျန်းမာပါစေ.....။

ကဗျာ စတိုင်သစ် 2004 ၊ စိုးမြင့်သိန်း