လေရှုးတွေဝေ့
ရွက်ခြောက် တွေသွေ့လို့
မြူဝှေ့လို့ မုန်းထမ်းရှာ
ရိုးညှာတံတွေကျဲ
စွတ်ရွှဲတဲ့ ခန္ဓာ
ပူပြင်းကာ နေထား
ရင်ဆိုင်အားမလျှော့
များပြောတဲ့လူသား
မုန်းထားကြစေဦး
လေရှုးမှာပျော်မြူး
ရွက်ခြောက်တွေခူးလို့
မြူထူးကိုကျော်လွှား
ရိုးညှာတံကျဲများကို
ခြယ်ဆွဲကာနွေပုံရိပ်သို့
မြတ်နိုးလို့ချစ်သား ..............။
Wednesday, June 23, 2010
Wednesday, June 16, 2010
သိုးကျောင်းသားအချစ်
ကြေကွဲစွာ နားလည်ခဲ့တယ်
အချစ်ဆိုတာ
ရက်စက်တဲ့ နတ်ဖုရား
တောမှာဖွားလို့
ခြင်္သေ့မရဲ့ နို့စို့ပြီး
ကြီးပြင်းလာသူပါလားကွယ်။
သူ့ရဲ့ တောက်ပတဲ့ မီးလျှံ
ငါ့ကို ရိုးတွင်းခြင်ဆီအထိ
လောင်ကျွမ်းစေခဲ့တယ်။
ညမျက်ခုံးအောက်က
စူရှမာကြောတဲ့ အကြည့်နဲ့ ကြည့်သူရယ်
မင်းရဲ့ သိုးကျောင်းသားရင်ခွင်
တစ်ခါလောက် ပြန်ဝင်ပါဦးလား
တစ်ခါလောက် နမ်းပါဦးလား
ဪသာ်.. အချည်းနှီးအနမ်းဆိုတာလဲ
ကြည်နူးမှုကို ပေးစွမ်းတာပါပဲ
ရက်စက်တဲ့မိန်းကလေးရယ်..။
သီယိုကရီးတပ်စ်
(ဘီစီ ၃၀ဝ-၂၅၀ခန့်)
အချစ်ဆိုတာ
ရက်စက်တဲ့ နတ်ဖုရား
တောမှာဖွားလို့
ခြင်္သေ့မရဲ့ နို့စို့ပြီး
ကြီးပြင်းလာသူပါလားကွယ်။
သူ့ရဲ့ တောက်ပတဲ့ မီးလျှံ
ငါ့ကို ရိုးတွင်းခြင်ဆီအထိ
လောင်ကျွမ်းစေခဲ့တယ်။
ညမျက်ခုံးအောက်က
စူရှမာကြောတဲ့ အကြည့်နဲ့ ကြည့်သူရယ်
မင်းရဲ့ သိုးကျောင်းသားရင်ခွင်
တစ်ခါလောက် ပြန်ဝင်ပါဦးလား
တစ်ခါလောက် နမ်းပါဦးလား
ဪသာ်.. အချည်းနှီးအနမ်းဆိုတာလဲ
ကြည်နူးမှုကို ပေးစွမ်းတာပါပဲ
ရက်စက်တဲ့မိန်းကလေးရယ်..။
သီယိုကရီးတပ်စ်
(ဘီစီ ၃၀ဝ-၂၅၀ခန့်)
Thursday, June 3, 2010
အခန်း
အခန်းဟာ
ကုဗတုံးဆန်ဆန်ပဲ
သူ့ကိုသူ အလုံပိတ်ထားတယ်။
အခန်းနံပတ်
ဘယ်လောက်လဲလို့ မမေးနဲ့တဲ့
သတ်မှတ်ချက်တွေနဲ့ သူမရပ်တည်ဘူးဆိုပဲ။
အခန်းထဲမှာ
ဖရိုဖရဲဖြစ်ခြင်းအနုပညာဟာ
လှပစွာ ...
လိပ်ပြာသန့်စွာ ...
နေထိုင်တယ်။
အခန်းထဲမှာ
လခြမ်းကွေးလေးခပ်ပျပျ သာနေတယ် ...
လခြမ်းကလေးပေါ်မှာ လူတစ်ယောက်
ငါးမျှားချိတ်တစ်ချောင်းနဲ့
တစ်စုံတစ်ရာကို သူ မျှားနေရဲ့ ...။
သူမျှားနေတာ ငါးတစ်ကောင် မဟုတ်တာတော့
သေချာတယ် ...
သူမျှားနေတာ
ပန်းတစ်ပွင့်ကိုလား
လွင့်နေတဲ့တိမ်တစ်အုပ်ကိုလား ...
ဗင်းဆင့်ရဲ့နားရွက်တစ်ဖက်ကိုလား ...
ဒါမှမဟုတ်
နောက်ထပ်အခန်းတစ်ခုလား...။
မျိုးတေဇာမောင်
စတိုင်သစ်၊ စက်တင်ဘာ ၂၀၀၄
ကုဗတုံးဆန်ဆန်ပဲ
သူ့ကိုသူ အလုံပိတ်ထားတယ်။
အခန်းနံပတ်
ဘယ်လောက်လဲလို့ မမေးနဲ့တဲ့
သတ်မှတ်ချက်တွေနဲ့ သူမရပ်တည်ဘူးဆိုပဲ။
အခန်းထဲမှာ
ဖရိုဖရဲဖြစ်ခြင်းအနုပညာဟာ
လှပစွာ ...
လိပ်ပြာသန့်စွာ ...
နေထိုင်တယ်။
အခန်းထဲမှာ
လခြမ်းကွေးလေးခပ်ပျပျ သာနေတယ် ...
လခြမ်းကလေးပေါ်မှာ လူတစ်ယောက်
ငါးမျှားချိတ်တစ်ချောင်းနဲ့
တစ်စုံတစ်ရာကို သူ မျှားနေရဲ့ ...။
သူမျှားနေတာ ငါးတစ်ကောင် မဟုတ်တာတော့
သေချာတယ် ...
သူမျှားနေတာ
ပန်းတစ်ပွင့်ကိုလား
လွင့်နေတဲ့တိမ်တစ်အုပ်ကိုလား ...
ဗင်းဆင့်ရဲ့နားရွက်တစ်ဖက်ကိုလား ...
ဒါမှမဟုတ်
နောက်ထပ်အခန်းတစ်ခုလား...။
မျိုးတေဇာမောင်
စတိုင်သစ်၊ စက်တင်ဘာ ၂၀၀၄
Subscribe to:
Comments (Atom)
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...
-
I got this poem from one of my friends, and like it so much. Every poems composed by Tayar Min Wai are really good.