Monday, April 21, 2008

မှန်ကွဲစများ၏ရာဇ၀င် ( မနော်ဟရီ )

မှန်ကွဲစများ၏ရာဇ၀င်

တစ်ခါတစ်ခါ...
ငါ့ကိုယ်ငါ မမှတ်မိဘူး
လူထူးလူဆန်းလိုမင်သက်
စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ရတာ...
ပျော့ညံ့လိုက်တာကွာ
(အားမတန် မာန်ချ... တဲ့)
တစ်ခါတလေကျ
ငါ့ဟာငါတောင်အံ့သြ
နှမြောတသ ဖြစ်နေမိသေးတယ်...
နေရာလွဲမှားသွားလို့
ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမားနဲ့
ငါ့ရဲ့မာနအတွက်လေ...
သေပစ်လိုက်စမ်းပါလား
(တလွဲဆံပင်ကောင်းခဲ့တာ မဟုတ်ပါဘူး... )
တစ်ခါတစ်ရံ
ပြန်ပြန်မေးယူရတယ်
ငါဟာငါဟုတ်သေးရဲ့လား
ပထမတန်းစားသတ္တိတွေနဲ့
သူရဲကောင်းတံဆိပ်တွေ အခါခါရ...
မိုးမလင်ချင်ကြတော့ဘူး...
(အိပ်မက်တွေကချိုတယ်... )
အဲဒါနဲ့...
ကာလတွေသာကြာရော...
ဝိရောဓိ တွေနဲ့ ရောယိမ်းလိုက်ရ
မှန်တစ်ချပ်လည်းကွဲကျ... ။
(ကျကွဲခြင်းမဟုတ်ပါ...)


မနော်ဟရီ

author : ma naw hari
title : story of pieces of broken mirror

အစ ၏ အဆုံး (ခက်မာ)

author : khet mar
title : the end of the beginning



Sunday, April 20, 2008

ဆရာ ၀င်းမြင့် ရဲ့ ကဗျာလေးပါ

မိုးစက်တွေကို
ကျွန်တော်လက်နဲ့ခံပြီး ကြည့်တယ်
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်လက်လွှတ်ချလိုက်တော့
အောက်မှာ သွယ်တန်းစိးဆင်းသွားပြန်ရဲ့
မြစ်တွေချောင်းတွေ တိမ်တိုက်တွေ။
ဟိုးအပေါ်က
မိုးစက်တွေလို
ကျွန်တော်ခုန်ချကြည့်လိုက်တယ်
မိဘရင်ခွင်ထဲရောက်ရဲ့
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်တို့မောင်နှမတွေ။

ဝင်းမြင့်

author : win myint

Friday, April 18, 2008

ပန်းပန်လျှက်ပဲ (ဆရာဇော်ဂျီ)

ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်ပဲ ဆိုတဲ့ ရုပ်ရှင်တောင် ရှိခဲ့ပါသေးတယ်။ ဒီကဗျာကို အရမ်းကြိုက်မှန်းသိလို့ မရမက ရှာပေးခဲ့တဲ့ သူငယ်ချင်းကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်း)။


ပန်းပန်လျှက်ပဲ



ညိုပြာပြာ လတာပြင့် ခြေရင်း ။

လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း ။


ဆင်းရလည်း မသက်သာ ။

အုန်းလက်ကြွေ ရေပေါလော ၊ မျောစုန်လို့လာ ။

အဆင်းနဲ့ အလာ ၊ မဗေဒါ အထွေး ။

အုန်းလက်ကြွေ သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။


ဆောင့်ခဲ့လည်း မသက်သာ ။

နောက်တချီ ဒီတစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။

မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။

တလံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။


ပေါ်ပြန်လည်း မသက်သာ ။

ချောင်းအဆွယ် မြောင်းငယ်ထဲက

ဘဲထွက်လို့လာ ။


ဘဲအုပ်မှာ တရာ နှစ်ရာ

ဗေဒါက တပင်ထဲ (တည်း) ။

အယက် အကန်ခံလို့

ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျှက်ပဲ ။




ဆရာဇော်ဂျီ ။

တက္ကသိုလ် ၊ အိုးဝေမဂ္ဂဇင်း ၊ ၁၉၆၀ ။


credit to NMY for this poem
author : sayar zawgyi
title : pann pan hlut pae

သူနာပြုဘုရား (မင်းသုဝဏ်)

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ သွားအောင် ဘုရားအကြောင်း ဖွဲ့ဆိုထားတဲ့ ကဗျာလေး တင်ပေးလိုက်ပါတယ်။ ဆရာကြီး မင်းသုဝဏ် ရဲ့ သူနာပြုဘုရား ဆိုတဲ့ ကဗျာပါ။


author : min thu won
title : nursing buddha