မင်္ဂလာ သင်္ကြန်ပါ .. သကြန် အမှတ်တရ အနေနဲ့ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာလေးကို တင်ပေးပါတယ် .. လာလည်ကြသူအားလုံးပျော်စရာ သင်္ကြန်ဖြစ်ပါစေ .. ။
"'ပိတောက်ပန်း' ကဗျာ ရေးဖြစ်တာ ကတော့ ပထမနှစ် ဘီအေတန်း ကျောင်းပိတ်တော့ အိမ်ပြန် လာရတယ်။ အိမ်ခေါင်း ရင်းမှာ ပိတောက် ပင်ကြီး ရှိတယ်။ ဆရာ ကတော့ အမှတ် တမဲ့ပဲ။ မနက် အစောကြီး အိမ် ခေါင်းရင်းမှာ ဆူဆူညံညံ အသံတွေ ကြားရတယ်။ သင်္ကြန် ရက်မို့ ပွင့်နေတဲ့ ပိတောက်ပန်း တွေကို ခူးကြ၊ ချိုးကြနဲ့ကိုး။ အသံတွေ တိတ်သွားလို့ ပိတောက် ပင်ကြီးကို ကြည့်လိုက်တော့ ကိုင်းတွေက ကျိုး၊ အရွက်တွေ ကြွေနဲ့ အရုပ် ဆိုးပြီး ကျန်ခဲ့ တာကို တွေ့ရတယ်။ ဒီကနေ အတွေးတွေ ရလာတယ်။ တနှစ်မှာ တခါ ပွင့်တဲ့ ပိတောက်ကို မခူး စေချင်ဘူး။ သူလည်း သူ့ အပင်မှာ အလှဂုဏ် ဝင့်ချင် မှာပဲလို့ တွေးမိပြီး ဒီကဗျာကို ရေးခဲ့တယ်။ ပန်းတွေကို အကြောင်း ပြုပြီး ပြောခဲ့ ပေမယ့် အနှိပ်စက်ခံ၊ အညှင်းပန်း ခံရ သူတွေ ဘက်ကို လိုက်ပြီး ရေးတာပဲ။ ကျောင်းဖွင့်တော့ (၁၉၂၈) မတ်လ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းမှာ 'ပိတောက်ပန်း' ကဗျာကို ပုံနှိပ် ဖော်ပြ ခဲ့တယ်။
ဆရာ စပြီး ရေးခဲ့တဲ့ ကဗျာ တွေက ရှေးရေး ကဗျာ တွေပဲ။ လေးဆစ် ဆိုလည်း လေးဆစ် ပုံစံ အတိုင်း။ သဖြန် ဆိုလည်း သဖြန် ဖွဲ့နည်း အတိုင်း ရေးလိုက်ရင် ပြီးသွား တာပဲ။ ခံစား စရာ မလိုဘူး။ တွေးစရာ မလိုဘူး။ ကြာတော့ စိတ်ထဲမှာ မရှိဘဲ ရေးရတဲ့ ရေးနည်း ကားတွေကို ငြီးငွေ့ လာတယ်။ အင်္ဂလိပ် ကဗျာတွေ ဖတ်၊ ရှေးရေး နည်းတွေ အတိုင်း မရေး ချင်တော့ဘူး။ ဒီလိုနဲ့ 'ပိတောက်ပန်း' သံချိုကဗျာကို ရေးဖြစ်တယ်။ ရေးဖြစ်အောင် အိုင်းချင်း ပေးတဲ့ အဖြစ် ကလေး ကိုလည်း ပြောပြ ပြီးပြီ မို့လား။"
ပိတောက်ပန်း
မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ် …။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာပင့်လေအဖြူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ် …။
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။
Monday, April 13, 2009
Monday, April 6, 2009
ကျွန်
ကဗျာ ဆရာ ကောင်းကင်ကို ရဲ့ ကျွန် ဆိုတဲ့ ကဗျာလေးပါ။ freedom 4 youth ဆိုတဲ့ google group ကရပါတယ် ။
ကျွန်
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။
(ကောင်းကင်ကို)

Wednesday, April 1, 2009
Friday, March 27, 2009
*တော်လှန်ရေးနေ့ ဆုတောင်း*
ဆရာ ဇော်ဂျီရဲ့ တော်လှန်ရေးနေ့ဆုတောင်း ဆိုတဲ့ ကဗျာလေးပါ .. လူတွေအားလုံးကို တပြေးညီ မေတ္တာထားတတ်တဲ့ ဆရာရဲ့ စိတ်ထားလေးကို ဖော်ပြထားတဲ့ ကဗျာလေး ၁ ပုဒ်ပါ .. ။
*တော်လှန်ရေးနေ့ ဆုတောင်း*
ငါ့ညီပြောင်းဝင်း၊ မောင်သစ်ဆင်း
သင်းတို့စိတ်ပြောင်း၊ တို့လည်းပြောင်း၏
မကောင်းအစ၊ နှောင်းမလှ
အကြောင်းပြကြ၊ တပေါင်းလ
ကဇောင်းကထ၊ ခတောင်းမ။
ထိုသတင်းကြောင့်
မြို့တွင်းတပ်စွဲ၊ နိပွန်ရဲတို့
မြို့ထဲသူ့တပ်၊ မြို့ကိုပတ်၏
လှံစွပ်နေရောင်၊ တပြောင်ပြောင်နှင့်
အပေါင်အားရင်း၊ အသံပြင်းနှင့်
နင်းမှနှိမ်မှ၊ စစ်မာန်ပြ၏။
“အာရှလူငယ်၊ လူမမယ်တို့
အံ့ဖွယ်နေနီ၊ တို့စစ်သည်ကို
ရုံးရည်ဖက်ပြိုင်၊ ဘယ်ခံနိုင်အံ့”
လှန့်လည်းလှန့်၏
မဟန့်စတောင်း၊ အဟန့်ကောင်းတို့
ကဇောင်းရွာဆီ၊ တိုက်မည်ချီသော်
မြို့ပေါ်ကျန်ရှိ၊ မိရင်းဖရင်း
သားချင်းဘ၀၊ ကြင်နာစတို့
ညှိုးလျမျက်နှာ၊ မသာယာကို
ငါလည်းမြင်မိ၊ မခံချိ။
တစ်ရက်နှစ်ရက်၊ သုံးလေးရက်တည့်
ငါးရက်ကကျွံ၊ ခြောက်ရက်လွန်တည့်
နိပွန်တပ်ခေါက်၊ ပြန်မရောက်ခဲ့
နောက်ထပ်တစ်ဖန်၊ ဆယ်ရက်လွန်လည်း
နိပွန်ခြေရာ၊ တက်မလာခဲ့။
“ကြားပါလေစ၊ အိုမမတို့
မိုးကျလက်နက်၊ လူငယ့်လက်တွင်
စကြာနေနီ၊ ကဇောင်းဆီဝယ်
ချီသမျှမြုပ်၊ တပ်မရုတ်ဘဲ
အပြုတ်ခံကြ၊ ဇာနေယျ” ဟု
ချီးပစကား၊ ကြားလိုက်ရသော်
မြို့တော်တိုကျို၊ မြို့ထိုထိုက
အိုအိုမင်းမင်း၊ မိရင်းဖရင်း
သားချင်းကစ၊ အိမ်ရှင်မတို့
ညှိုးလျမျက်နှာ၊ မသာယာကို
ငါ့မှာတွေးကြည့်၊ ကြေကွဲမိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
သင်းတို့စိတ်ဝယ်၊ နယ်ချဲ့စိုးမိုး
မုဆိုးစင်စစ်၊ မဖြစ်စေချင်
ငါတို့တွင်လည်း၊ ဘ၀င်မကျ
ဘ၀မပြောင်၊ သားကောင်စင်စစ်
မဖြစ်စေလို၊ ကွင်းရလို၏။
ကြာညိုငါးခိုင်၊ အမွှေးတိုင်နှင့်
ညွတ်ယိုင်ဆုခြွေ၊ အမျှဝေသည်
မွေတော်တိဂုံရိပ်မှာတည်း။ ။
ဆရာဇော်ဂျီ
*တော်လှန်ရေးနေ့ ဆုတောင်း*
ငါ့ညီပြောင်းဝင်း၊ မောင်သစ်ဆင်း
သင်းတို့စိတ်ပြောင်း၊ တို့လည်းပြောင်း၏
မကောင်းအစ၊ နှောင်းမလှ
အကြောင်းပြကြ၊ တပေါင်းလ
ကဇောင်းကထ၊ ခတောင်းမ။
ထိုသတင်းကြောင့်
မြို့တွင်းတပ်စွဲ၊ နိပွန်ရဲတို့
မြို့ထဲသူ့တပ်၊ မြို့ကိုပတ်၏
လှံစွပ်နေရောင်၊ တပြောင်ပြောင်နှင့်
အပေါင်အားရင်း၊ အသံပြင်းနှင့်
နင်းမှနှိမ်မှ၊ စစ်မာန်ပြ၏။
“အာရှလူငယ်၊ လူမမယ်တို့
အံ့ဖွယ်နေနီ၊ တို့စစ်သည်ကို
ရုံးရည်ဖက်ပြိုင်၊ ဘယ်ခံနိုင်အံ့”
လှန့်လည်းလှန့်၏
မဟန့်စတောင်း၊ အဟန့်ကောင်းတို့
ကဇောင်းရွာဆီ၊ တိုက်မည်ချီသော်
မြို့ပေါ်ကျန်ရှိ၊ မိရင်းဖရင်း
သားချင်းဘ၀၊ ကြင်နာစတို့
ညှိုးလျမျက်နှာ၊ မသာယာကို
ငါလည်းမြင်မိ၊ မခံချိ။
တစ်ရက်နှစ်ရက်၊ သုံးလေးရက်တည့်
ငါးရက်ကကျွံ၊ ခြောက်ရက်လွန်တည့်
နိပွန်တပ်ခေါက်၊ ပြန်မရောက်ခဲ့
နောက်ထပ်တစ်ဖန်၊ ဆယ်ရက်လွန်လည်း
နိပွန်ခြေရာ၊ တက်မလာခဲ့။
“ကြားပါလေစ၊ အိုမမတို့
မိုးကျလက်နက်၊ လူငယ့်လက်တွင်
စကြာနေနီ၊ ကဇောင်းဆီဝယ်
ချီသမျှမြုပ်၊ တပ်မရုတ်ဘဲ
အပြုတ်ခံကြ၊ ဇာနေယျ” ဟု
ချီးပစကား၊ ကြားလိုက်ရသော်
မြို့တော်တိုကျို၊ မြို့ထိုထိုက
အိုအိုမင်းမင်း၊ မိရင်းဖရင်း
သားချင်းကစ၊ အိမ်ရှင်မတို့
ညှိုးလျမျက်နှာ၊ မသာယာကို
ငါ့မှာတွေးကြည့်၊ ကြေကွဲမိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
သင်းတို့စိတ်ဝယ်၊ နယ်ချဲ့စိုးမိုး
မုဆိုးစင်စစ်၊ မဖြစ်စေချင်
ငါတို့တွင်လည်း၊ ဘ၀င်မကျ
ဘ၀မပြောင်၊ သားကောင်စင်စစ်
မဖြစ်စေလို၊ ကွင်းရလို၏။
ကြာညိုငါးခိုင်၊ အမွှေးတိုင်နှင့်
ညွတ်ယိုင်ဆုခြွေ၊ အမျှဝေသည်
မွေတော်တိဂုံရိပ်မှာတည်း။ ။
ဆရာဇော်ဂျီ
Wednesday, March 25, 2009
Today I saw a butterfly (Anonymous)
Today I saw a butterfly,
as it floated in the air;
Its wings were spread in splendor,
Unaware that I was there.
as it floated in the air;
Its wings were spread in splendor,
Unaware that I was there.
It was such a thing of beauty,
It was a sight to see;
It was the perfect masterpiece,
Full of grace and majesty.
I found myself thinking,
to what can this compare?
And then, of course, I thought of you,
And I wished that you were there.
God sure was extra careful,
When He formed and fashioned you;
You too, became a masterpiece,
Yet God is still not through.
He's daily making changes,
that other folks can't see;
You're already true perfection,
At least you are to me.
Friday, February 13, 2009
Subscribe to:
Posts (Atom)
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...