Saturday, June 27, 2009

ဒီနှစ်ကဗျာ

တစ်ဆောင်းတွင်းလုံး

ပိတ်ထားတဲ့ပြူတင်းတံခါးကို
ဒီနေ့ဖွင့်လိုက်တယ်။

ဒီစိတ်ကလေးပေါ် ငှက်ကလေးနားလိုနားပါစေ
ဒီစိတ်ကလေးပေါ် တိမ်တွေဖြတ်ပျံလိုပျံပါစေ
ဒီကောင်းမှုမှာ
မေမေ…ကျမ္မာပါစေ..။ ။
မင်းဒီ

Monday, June 22, 2009

မိသားစု

မေမေက

သူ့အိပ်မက်တွေ

ပုခက်ထဲထည့်ထည့်လွှဲ

ကျွန်တော်က

သားချော့တေးတွေစီးရင်း

ကြယ်တွေဆီ ရွှက်လွှင့်

အနားသတ်မရှိတဲ့လောဘထဲ

မျောလွင့်သူဖေဖေ

ကျွန်တော်နဲ့ဘယ်မှာဆုံမလဲ။ ။

ကိုရွေး

Monday, June 15, 2009

လင်းဒီပ

ကမ္ဘာလောကကြီးက
မြို့တွေ ရွာတွေ များပြားလွန်း
ဒါပေမယ့်
ကျွန်တော်တို့ နှစ်ယောက်
နှစ်ကိုယ်စာ လုံခြုံစွာ ကျောချနိင့်မယ်နေရာလေးကျ
ရှားပါးလွန်းလိုက်တာ

Thursday, June 11, 2009

အချစ်အတွက်ဖြစ်တည်သော ကျွန်မ၏သဘောထားများ . . . . .

ငါဟာမလှပါဘူး

ဒါပေမဲ့ငါ့ရဲ့စိတ်ဓါတ်ဟာဖြူစင်ပါတယ်

ငါဟာမချမ်းသာပါဘူး

ဒါပေမဲ့ငါ့အချစ်တွေန့မဲ င်းကိုပျော်အောင်ထားနိုင်ပါတယ်

ငါဟာအတ္တမကြီးပါဘူး

ဒါပေမဲ့မင်းကိုတော့တစ်သက်လုံးပိုင်ဆိုင်ချင်တယ်

ငါဟာမနုံအပါဘူး

ဒါပေမဲ့မင်းကိုချစ်လို့မသိဟန်ဆောင်ခ့တဲာတွေပါ

ငါဟာအရမ်းချစ်တတ်တယ်လို့မပြောချင်ပါဘူး

ဒါပေမဲ့ငါ့အသက်ထက်မင်းကိုပိုချစ်ပါတယ်

ငါဟာဘ၀အတွက်အေးချမ်းစွာနေချင်တ့သဲူပါ

ဒါပေမဲ့မင်းအတွက်ပူလောင်ခြင်းတွေပိုင်ဆိုင်နေတယ်

ငါဟာသွေးကြောင်တာကိုမကြိုက်တဲ့သူတစ်ယောက်ပါ

ဒါပေမဲ့အခုငါကိုယ်တိုင်မင်းနဲ့ပက်သက်ရင်သွေးကြောင်တတ်နေပြီ

ငါဟာမုသားပြောတတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး

ဒါပေမဲ့မင်းအလိုကျငါမုသားသုံးတတ်နေပြီ

ငါဟာလူသားအချင်းချင်းမမုန်းတတ်ပါဘူး

ဒါပေမဲ့မင်းနဲ့ပက်သက်လာရင်လူတွေကိုငါမုန်းတတ်နေပြီ

ငါဟာအရာရာကိုပေါ့ပေါ့လေးတွေးတတ်ခဲ့တယ်

ဒါပေမဲ့မင်းနဲ့ပက်သက်ရင်ငါရင်ထဲမှာလေးနက်ခြင်းတွေရှိနေတယ်

ငါဟာကံကြမ္မာရက်စက်မှာကိုမစိုးရွံ့တတ်သူပါ

ဒါပေမဲ့မင်းနဲ့ပက်သက်ရင်ကံကြမ္မာကိုစိုးရွံ့တတ်နေပြီ

ငါဟာလူတစ်ယောက်ကိုမချည်နှောင်တတ်ပါဘူး

ဒါပေမဲ့မင်းကိုငါချည်နှောင်ချင်နေတယ် မင်းငါနဲ့အဝေးဆုံးကိုပြေးထွက်သွားမှာစိုးလို့ပါ

ငါဟာသေခြင်းတရားကိုသင်္ခါရလို့သဘောထားနိုင်ပါတယ်

ဒါပေမဲ့မင်းနဲ့ခြွဲပီးသေရမှာကိုတော့ငါကြောက်မိတယ်။

ခိုင်

Friday, June 5, 2009

အမေ့လက်

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။

မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ \\\"အလှ\\\" \\\"အလုပ်\\\"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)

Thursday, June 4, 2009

အယူခံ



ကိုယ်ပေါ်မှာ ရနံ့တုတွေဖန်ဆင်း
အရေခွံတုတွေခြုံ
အို . . .
လေထုတွေ ညစ်ညမ်းကုန်ပေါ့။

သက်မဲ့ရေမွှေး တစ်ပုလင်း
ဒီအတွက်
ရှင်သန်နေတဲ့ စံပယ်တစ်ခင်း
ရင်းကြတော့မလား။

အခုဆိုရင်
ရနံ့တုတွေသာ
လှိုင်လှိုင်လွင့်
စံပယ်ပွင့်တွေကတော အဆိပ်သင့်နေပြီ။


A&T

Friday, May 29, 2009

ဂျစ်ပစီ

ကိုယ့်လက်ခုပ်ထဲ ပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့်နှစ်ပွင့်နဲ့ ... ခြောက်ကပ်ကပ်
ငါ ... ရေငတ်လာတယ်။

တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိညာဉ်ရဲ့ ကျောက်ဆူးကိုချ
ဒီညတော့ မင်းရင်ခွင်ထဲမှာပဲ
စိတ်ချလက်ချ ... အိပ်စက်ပါရစေ။

ကောင်မလေးရယ်
ငါဟာ
ဖျားနာမှုကိုမ
ှ တွယ်တာတတ်သူပါ
တစ်စုံတစ်ခုဖြစ်လာမှာကို
ငါ စောင့်မျှော်နေမိ ...
တံခါးဖွင့်သံ ..
ခြေသံ
လာ ..
မြန်မြန်သာ ၀င်ခဲ့ပါတော့။

လူ ၈၀% က အလုပ်လုပ်ကြတယ်
(ဒါပေမယ့်)
ကျန်တဲ့လူ ၂၀% က ဆုရတယ်
ငါကတော့ သူတို့ကို
ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်နေမိ
သွေးအေးအေးရက်စွဲတွေကိုသာ
အသိအကျွမ်း ဖွဲ့နေခဲ့တယ်။

ကောင်မလေးရယ် ငါဟာ .. "တေလေ" ပါ
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော .. အရပ်ပုပု ကောင်မလေးတစ်ယောက်
လမ်းလျှောက်လာနေတယ် !
အို .. မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့
အရောင်ကန်းနေတဲ့ အိပ်မက်တွေ
ငါမက်နေမိ
ချစ်လှစွာသော
ငါ့ရဲ့ညီမသေးသေးလေးရေ ..
လွမ်းတယ် .. 
ဒါပဲတတ်နိုင်တာမို့ လွမ်းပါရစေ။

မင်းခိုက်စိုးစန် သြဂုတ် ၊ ၂၀၀၄ မဟေသီ