Monday, May 26, 2008

အမည်ပြောင်းခြင်း (မင်းလူ)

ဆရာ မင်းလူ ရဲ့ အမည်ပြောင်းခြင်း ဆိုတဲ့ ကဗျာလေးပါ။ ကောင်းလဲ ကောင်း ၊ ရီလဲ ရီရပြီး ၊ သဘာဝလဲ ကျပါတယ်။

" အမည်ပြောင်းခြင်း "

ခေါင်းငုံ့နေတာ
ဦးညွှတ်ချင်လို့မဟုတ်ပါ

ငြိမ်နေတာ ကြောက်ရွံ့နေလို့
မဟုတ်ပါ

အရှုံးပေးတာ
မနိုင်လို့ မဟုတ်ပါ

သင်၏ အောက်သို့ကွေးညွှတ်၍
တရွရွလှုတ်နေသော
နှုတ်ခမ်းလေးကြောင့်လည်းကောင်း

စိုးရိမ်နေသော
မျက်ဝန်းများကြောင့်လည်းကောင်း

တစ်ကုဗစင်တီမီတာခန့်ရှိသော
မျက်ရည်တစ်စက်ကြောင့်လည်းကောင်း

အရာရာတို့၌
ခံပြင်းစွာ
နာကျည်းစွာ
ဒေါသဖြစ်စွာ
အရှုံးပေးလိုက်ပါသည်

ထို့ကြောင့်
ကျွန်တော်မောင်မင်းလူ
(W/RGN 002587) အား
ယနေ့မှစ၍
နွားကြီးဟုခေါ်ပါရန်

မင်းလူ

author - min lu
title - changing name

No comments: