အမြစ်တွေ ရှည်လျားလွန်းလိုက်တာ ...
ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်။
မျှာ်လင့်ချက်တွေကလည်း သစ်ရွက်တွေလိုပဲ...
တစ်ဖွဲဖွဲကြွေ (ဒီက...)
လေပြေလေညှင်းတိုက်မှာကိုတောင်
ကြာက်နေရတဲ့ကောင်ပေါ့။
နေ့ခင်းကြောင်တောင်မှာမှ အလွမ်းတွေက
တောမှောက်ရက်လေတယ်။
(တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီ့ တောအုပ်တဲမှာ
ငါ.. ဘာလို့ဆက်ရှင်သန်မှာလဲ)
လူတွေရဲ့ မျက်ဝန်းကိုက ညှီစော်နံတယ်။
ထားလိုက်ပါတော့လေ..
မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်။
နာကျင်ခြင်းဆိုတဲ့အမြစ်တွေနဲ
မြေကြီးနက်နက်ထဲတွယ်ကုပ်
ဟောဒီ့မှာ မျက်ရည်တွေ
ငုတ်တုတ်ခြောက်ခဲ့ရတဲ့ သစ်ပင်ဟာ ငါ... ပါပဲ။
သေချာသထက် သေချာချင်လို့
တက်ခဲ့ရတဲ့
လှေခါးထစ်တွေသာ များလာတယ်။
ကမ်းဝေးသွားတဲ့ လရောင်ကတော့
ရွက်လွှင့်ထွက်သွားလိုက်တာ
ပြန်ကိုမလာတော့ဘူး။
မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်
ငါဟာ.. ဘာသစ်ပင်ပါလိမ့်ကွယ်။
မင်းခိုက်စိုးစန် စက်တင်ဘာ၊ ၂၀၀၄ သရဖူ
No comments:
Post a Comment