Monday, July 6, 2009

အမှားပြင်ဆင်ချက်

အိပ်ရာအသစ်နဲ့ အိပ်ချင်လို့
ကောင်းကင်ဆီ ထွက်ပြေးခဲ့သူရယ်ပါ
နောက်ဘယ်လောက်ထိ ဆက်မှားနေဦးမှာလဲ
ဒဏ်ရာတွေ အထပ်ထပ်နဲ့ကျောပြင်...........။
သေချာတယ်
ဒါ...အံဝှက်တွေအခန်းခန်းနဲ့
မျက်လှည့်ဆရာရဲ့ သေတ္တာမဟုတ်ခဲ့ဘူး
နွေဦးပေါက်ရင်အုံလေ
ခဏလေးဖြစ်ဖြစ်
နားခိုခွင့်ပေးပါ..........။
တစ်လျှောက်လုံး အိမ်ပြန်နောက်ကျသူ
အပိုအလိုမရှိ
ကမ္ဘာမြေကို တိုင်တည်ရကောင်းမလား
အမှန်တရားစစ်စစ်ရဖို့
အမှားများစွာကို စစ်ယူရကောင်းမလား
ပြဌာန်းချက်အသစ်နဲ့
ဘ၀ကို ကော်ပတ်စား ပေါင်းတင်ရကောင်းမလား။
ထားတော့
မီးလင်းဖို ကုတ်အင်္ကျီဆောင်းနဲ့
မတုန်မလှုပ် ညအခါတွေ
ထားခဲ့တော့
ဥသြသံကြားနေရပြီ
ဒါ......ငါနွေဦး။ ။
မင်းဆွေနှစ် ( မုံရွာ )

No comments: