Thursday, November 26, 2009

ဝေးကျန်ခဲ့နေ့

အမုန်းမှာ ဘယ်နှခါ လွမ်းရမယ်
မှာတမ်း မရခဲ့သူ။
ကိုယ့်နှစ်ဆယ့်လေးနာရီ ကမ်းလုံးပြည့်
စပယ်တွေ တဖွေးဖွေြးွေကခန်း
ဘယ်အနမ်းနဲ့မှ မကြေတော့။
သစ္စာတရား အပြိုအပျက်ကြား
ဆွဲမိဆွဲရာ ကိုယ့်ကဗျာအစအနတွေ
အငြိုးနဲ့ ကျွမ်းလောင်။
ရွတ်ဆိုနေကျ
နာမည်လေး ပြေးထွက်အသွားမှာ
ပဲ့တင့်သံတွေ ပြန်မလာဘူး
ရယ်ရင် ပေါ့ပေမယ့်
ငိုပြီး လေးနေမိ။
ကမ္ဘာ့ကြေကွဲစရာများထဲ
ကိုယ့်ရင်နင့်မှု အပြင်းဆုံး
ဒီနေ့သတင်းစာမှာ မပါတာကလွဲရင်
ကိုယ့်အသည်းကွဲခြင်း
တခမ်းတနား ကြီးကျယ်တယ်။
သစ္စာပိုင်စိုး

Wednesday, November 18, 2009

ဇေယျာလင်းအရေးအသားလို မိန်းမ

အနေအထိုင် မတတ်သူ
စာရွက်လှန်လိုက်မိတာက ငါ့အမှား
အဓိပ္ပါယ် ရွဲ့စောင်းလို့
ဝမရှိပဲဝိလုပ်ချင်တဲ့ ရုပ်တု
မင်းဟာ..ငါမကြိုက်တော့တဲ့ ကဗျာ
ငါမကိုးကွယ်နိုင်တဲ့ ဘာသာရေး
ရှင်ပြောတော့ ကျွန်မကရှင်မဖဲ့နွဲ့နွိုင်တဲ့ သင်္ကေတဆို
ငါ
ဆွဲဆောင့်လိုက်ရရင် ပွင့်ထွက်သွားတော့မယ်
ပြောင်းလဲခြင်းဟာ အမှန်တရား
အနိစ္စကို စာလုံးမှန်အောင် မပေါင်းတတ်ဘဲ
နထ္ထိဝါဒအကြောင်း လာမပြောနဲ့
အချစ်မရှိဘူးဆိုရင် ကျွန်မသတ်သေလိုက်တော့မယ်
ဘာလဲ
မင်းက ဆီလီယာပလာသ့်မို့လို့လား
အနုပညာနဲ့ အတင်းပြောတာ
လှပတဲ့ အောက်တန်းကျမှုပဲ
ရော့ခ်.....ရော့ခ်
ရှင်ကျွန်မကို စိတ်ဆင်းရဲအောင် မလုပ်နဲ့
ရော့ခ်.....ရော့ခ်
အစွယ်အဖွေးသားနဲ့
မြွေဟောက်လို မိန်းမ
မင်းလေသံကို ကီးချိန်းစမ်း
မင်းလျှာကို ခေါက်ထားစမ်း
ကျွန်မတို့ ရင်ကြားစေ့လို့ မရနိုင်တော့ဘူးလား
မိတ္တဗလ ဋီကာစာသားတွေ
လူမှုဆက်ဆံရေး သင်တန်းမှာ သွားပြော
ငွေေ ကြး လိင်န့ဂဲုဏ်ဒြပ်
မိန်းမတွေ အလိုရှိတာ ဒါပဲမဟုတ်လား
အမှန်တရားမို့ နားခါးမယ်
ငါ့ကို
အဲ့ဒီမြွေမျက်လုံးမျိုးနဲ့ မကြည့်နဲ့
ကိုယ့် အဓိပ္ပါယ်နဲ့ ကိုယ်နေ
အဖြစ်မှန်ကို မြင်အောင်ကြည့်
အိမ်ထောင်ရေးဆိုတာ
လူနှစ်ယောက်အပြန်အလှန် စစ်ကြေငြာခြင်းပဲ
အချစ်ဆိုတာ
ယာယီ အပစ်အခတ် ရပ်စဲထားခြင်းပဲ
ငါဟာ
ပေါက်ကဖွဲို့ အသင့်ဖြစ်နေတဲ့
ဗုံးတစ်လုံး
ရက်စ်အော်နိုး
ဒူးအော်ဒိုင်း
ဗို့အား ၆၆၀ဝ
သတိ အန္တရယ်
သေတတ်တယ်။
အောင်ရင်ငြိမ်း

Thursday, November 12, 2009

ဒီအခန်းကို မင်းမဝင်ရဘူး ရိုစီ

ဒီအခန်းကို
မင်းမဝင်ရဘူး ... ရိုစီ။
ဒီအခန်းဟာ
ကမ္ဘာဦးကျမ်းရဲ့
ပထမဦးဆုံးသော သင်ခန်းစာ
ဒါပေမယ့်
ငါ့အခန်းကို
မင်းမဝင်ပါနဲ့ ... ရိုစီ။
ကမ္ဘာဦးအစကတည်းက
ဒီအခန်းကြောင့်
လူသားတွေ အားလုံး
စီးကရက်တစ်လိပ်လို
လောင်ကျွမ်းခဲ့ကြ။
ဒီအခန်းဟာ
ကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေး
အနုပညာ
သစ္စာတရားနဲ့
အခြား ... အရာများစွာကိုလည်း
မွေးဖွားပေးခဲ့။
သန့်စင်မွန်မြတ်တဲ့ ..ဒီအခန်း
ကြီးကျယ်ခမ်းနားတဲ့ ..ဒီအခန်း
ဆာလောင်မွတ်သိပ် ယုံကြည်စွာ
မင်းနဲ့ငါ
ရင်ဆိုင်ဖြတ်သန်းချင်ပေမယ့်။
ရိုစီ
အဘယ်မျှ ချိုမြိန်သော
သစ်သီးတစ်လုံးဖြစ်စေ
ဘုရားသခင်တားမြစ်ခဲ့တဲ့
ဒီအခန်းအတွက်
ငါတို့...
ရင်ဘတ်တစ်ခြမ်းနဲ့
လွမ်းနေကြမယ်။
သက်ဝေကိုကို

Tuesday, November 3, 2009

ဒုတိယတန်းစား

ကျွန်တော့် ရင်အုံလှောင်ချိုင့်မှာ
ခြင်္သေ့တစ်ကောင် ရှိပါတယ်
သူက ...
ကျွန်တော့် စကားနွမ်းတွေကို
မစားသုံးချင်ဘူးတဲ့။
ကောင်းကင်ရဲ့အောက်မှာ
လတ်ဆတ်တာ ဘာမှမရှိဘူးလို့
ဖြောင့်ဖျတာတောင်မှ
သူက .. မကျေနပ်နိုင်ဘူး။
ကျွန်တော့်ကို
တစ်ချိန်လုံးကုတ်ခြစ်ကာ
ဟိန်းဟောက်လိုက်
တောင်းပန်လိုက်နဲ့ပါပဲ။
ကဲ ...
မီးတောင်လို ပေါက်ကွဲလို့
သူ ..
လွတ်လာပြီဆိုပါစို့ ..။
ဘယ်မှာလဲ ... သူ့ကောင်းကင်
ဘယ်မှာလဲ ... သူ့လွင်ပြင်။
သူက အရိုင်းဆန်တယ်
ကျွန်တော့်လို လိုက်လျောညီထွေ
မနေတတ်ဘူး၊
ဆင်ခြေဖုံးရပ်ကွက်က
ထပ်ခိုးလေးတစ်ခုတောင်
သူ ခိုလှုံဖို့ ရမှာမဟုတ်ဘူး။
ကျွန်တော့်လို ဒုတိယတန်းစားတွေနဲ့
မပတ်သက်ချင်ပါဘူးလို့
သူဘယ်လောက်ပြောပြော
သူ့ထွက်ပေါက်ကို ပိတ်ထားရမှာပဲ။
နာကျင်၊ မောပန်း၊ လေးလံ
အာရုံတွေ ကန်းခဲ့ပြီ ...။
ပျံသန်းနေတဲ့
တိမ်တိုက်တွေမြင်ရင်တောင်
အားကျရမှန်းမှ မသိ
ထုံပေပေစိတ်နဲ့သာ
ကြည့်နေမိတော့တယ်။
ခုနေများ ...
တန်ခိုးရှင်တစ်ပါးက
ပျော်စေသတည်း လို့
ကောင်းချီးပေးရင်တောင်
နှစ်များစွာက အေးခဲခဲ့တဲ့
မျက်ရည်တွေသာ
ပျော်ကျလာမယ် ထင်ပါရဲ့ ...။
တင်မင်းထက်
(စက်မှုတက္ကသိုလ်မှ အမည်မသိကဗျာစာအုပ်)