ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ဆိုတဲ့ ကဗျာလေးပါ။ အရမ်း အဓိပ္ပါယ် ရှိပြီး အရမ်းတန်ဖိုး ရှိတဲ့ ကဗျာ တစ်ပုဒ် အဖြစ် ခံစားမိပါတယ်။
သင်သေသွားသော်
သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။
ဇော်ဂျီ
Subscribe to:
Post Comments (Atom)
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...
-
တာရာမင်းဝေ ရဲ့ မိုးခေါင်လို့ တီးတဲ့ဗုံသံ ထဲက ကဗျာလေးပါ ။ title - with the white clouds author - taryar min wai
No comments:
Post a Comment