တော်တော်ကောင်းတဲ့ ကဗျာလေးတပုဒ်ပါ ။
ချစ်သူမသိတဲ့..........ဆောင်း
မြူနှင်းတွေ ဝေရင်
ပင့်သက်ကို ရှိုက်လို့
အတိတ်ကို ပြန်တွေးစမြဲပါလေ။
ဟိုးတစ်ချိန်တုန်းက ဆိုတဲ့
အတွေးတွေနှင့်
နေရာဟောင်းမှာ ခြေစုံရပ်လို့
ငါဟာ စင်စစ်
ရူးသွပ်နေသူ တစ်ယောက် မဟုတ်ပါလား.....။
တစ်နေ့နေ့မှာ..........
ရောက်လာခဲ့မလားရယ်လို့
တမျှော်တလင့်နှင့် ရင်မှာမောလှပြီး.....။
ဆောင်းရယ်............
ငါ့ကို လှည့်စားနိုင်လွန်းတယ်...........။
မုန်းထိုက်တဲ့ အထောက်အထား
မေ့ထိုက်တဲ့ အကြောင်းချက်တွေ
တွေ့ပါလျှက်နှင့်
မမုန်းရက် မမေ့နိုင်တဲ့
ငါ့ကိုယ်ငါလည်း အပြစ်မဖို့ချင်ပြီ။
အချစ် ဆိုတာကို
ပေးဆပ်စွန့်လွှတ်ခြင်းလို့
ခံယူမိတဲ့ ငါ့အတွက်
ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်း
ဒဏ်ရာမည်းမည်းတွေကို
ရင်မှာပိုက်လို့
အခုတော့လေ............
မမေ့တတ်သူတစ်ယောက်သာ
ရင်နာရ စမြဲပါကွယ်....၊
ဆောင်း.............
မြူနှင်းတွေဝေရင်
ပင့်သက်ကို ရှိုက်လို့
အတိတ်ကို ပြန်တွေးမိ စမြဲပါလေ...........။
Subscribe to:
Post Comments (Atom)
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...
-
I got this poem from one of my friends, and like it so much. Every poems composed by Tayar Min Wai are really good.
No comments:
Post a Comment