အဖြောင့်အတိုင်းမဖြစ်နိုင်မှတော့
ကွေ့ ကောက်ပစ်လိုက်ကြရုံ
ရင်ထဲငုဝါတွေပွင့်လာတာလောက်
ကျွန်တော့် ကမ္ဘာခမ်းနားတာမရှိဘူး
အဝါကိုချစ်တဲ့စိတ်ကလေးနဲ့
မြင်ခွင့်ဝေးဝေးအဖြစ်က
ရင်ကိုဘောင်ဘင်ခတ်စေတယ်
အညာကတမာတန်းလေးလဲအဝါပဲလား
ဒါက
ခါးသက်ခြင်းကိုအညှာမလွယ်စေတဲ့
အကြောင်းရင်းဖြစ်တယ်
မင်းကိုယ်သင်းရနံ့လေး
လေထဲငြိနေပုံအဝါ
ရေကြည်ရာမြက်နုရာအပေါ်မှာလဲ
ကျွန်တော့်စိတ်မလွင့်ဘူး
ဘဝမှာတစ်ခုတည်းသော
သစ္စာတရားသည်အဝါ
သတိရစိတ်တွေ
လေသင့်တိုင်းအရှိုက်ကိုထိလို့
ကျွန်တော်ကအလွမ်းမှာအရင်လိုပေရှည်နေမိ
သူလည်း လူနှစ်ယောက်ကို
ဝေးကွာသွားစေနိုင်သောသွေးအေးမှုနဲ့
ဆေးသားမပြယ့်တစ်ပြယ်
အဝါရောင်လမ်းကလေးကိုကျောပေးလို့..။
ညီပြေဇံ
No comments:
Post a Comment