အမုန်းမှာ ဘယ်နှခါ လွမ်းရမယ်
မှာတမ်း မရခဲ့သူ။
ကိုယ့်နှစ်ဆယ့်လေးနာရီ ကမ်းလုံးပြည့်
စပယ်တွေ တဖွေးဖွေြးွေကခန်း
ဘယ်အနမ်းနဲ့မှ မကြေတော့။
သစ္စာတရား အပြိုအပျက်ကြား
ဆွဲမိဆွဲရာ ကိုယ့်ကဗျာအစအနတွေ
အငြိုးနဲ့ ကျွမ်းလောင်။
ရွတ်ဆိုနေကျ
နာမည်လေး ပြေးထွက်အသွားမှာ
ပဲ့တင့်သံတွေ ပြန်မလာဘူး
ရယ်ရင် ပေါ့ပေမယ့်
ငိုပြီး လေးနေမိ။
ကမ္ဘာ့ကြေကွဲစရာများထဲ
ကိုယ့်ရင်နင့်မှု အပြင်းဆုံး
ဒီနေ့သတင်းစာမှာ မပါတာကလွဲရင်
ကိုယ့်အသည်းကွဲခြင်း
တခမ်းတနား ကြီးကျယ်တယ်။
သစ္စာပိုင်စိုး
Subscribe to:
Post Comments (Atom)
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
တာရာမင်းဝေ ရဲ့ မိုးခေါင်လို့ တီးတဲ့ဗုံသံ ထဲက ကဗျာလေးပါ ။ title - with the white clouds author - taryar min wai
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...
No comments:
Post a Comment