Tuesday, April 29, 2008
Thursday, April 24, 2008
A red, red rose ( Robbie Burns 1759-1796 )
My luve's like a red, red rose,
That's newly sprung in June;
My luve's like the melodie
That's sweetly play'd in tune.
As fair art thou, my bonie lass,
So deep in luve am I,
And I will luve thee still, my Dear,
Till a' the seas gang dry
Till a' the seas gang dry, my Dear,
And the rocks melt wi' the sun:
I will luve thee still, my Dear,
While the sands o' life shall run.
And fare thee weel, my only Luve,
And fare thee weel a while!
And I will come again, my Luve,
Tho' it were ten thousand mile!
author : robbie burns
title : a read, red rose
ကလေး... သို့ (မနော်ဟရီ)
ကလေး... သို့
ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။
ကလေးရေ
နှုတ်ခမ်းတွေကိုကြားရလား...
စကားလုံးများစွာက ခုန်ထွက်လာရဲ့
အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ
အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။
ကလေးရေ...
မျက်ဝန်းတွေကိုဖတ်တတ်ပြီလား...
ယောင်မှားသံသယတွေသာရရှိခဲ့
ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး
မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။
ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။
ကလေးရေ...
ပန်းတွေကိုခိုးခူးမထားနဲ့နော်
အပျော်ဆိုတာတခဏ...
ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ
ထာဝရမတည်မြဲဘူး
ဆူးစူးတတ်သေးတယ်... ။
ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။
ကလေးရေ...
ခန္တီစတရား... တဲ့
ပညာရှိစကားနဲ့သာဆိုခဲ့ရ
သက်သာရာရအောင်လေ...
အမှန်က... အားမတန်၊ မာန်ချ... တဲ့
အဲဒါတွေနဲ့ပဲ
ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ
တစ်ဘ၀စာမို့သာနော်... ။
ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။
မနော်ဟရီ
၀၁.၀၈.၁၉၉၄
author : ma naw hari
title : kalay thoe'
ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။
ကလေးရေ
နှုတ်ခမ်းတွေကိုကြားရလား...
စကားလုံးများစွာက ခုန်ထွက်လာရဲ့
အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ
အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။
ကလေးရေ...
မျက်ဝန်းတွေကိုဖတ်တတ်ပြီလား...
ယောင်မှားသံသယတွေသာရရှိခဲ့
ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး
မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။
ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။
ကလေးရေ...
ပန်းတွေကိုခိုးခူးမထားနဲ့နော်
အပျော်ဆိုတာတခဏ...
ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ
ထာဝရမတည်မြဲဘူး
ဆူးစူးတတ်သေးတယ်... ။
ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။
ကလေးရေ...
ခန္တီစတရား... တဲ့
ပညာရှိစကားနဲ့သာဆိုခဲ့ရ
သက်သာရာရအောင်လေ...
အမှန်က... အားမတန်၊ မာန်ချ... တဲ့
အဲဒါတွေနဲ့ပဲ
ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ
တစ်ဘ၀စာမို့သာနော်... ။
ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။
မနော်ဟရီ
၀၁.၀၈.၁၉၉၄
author : ma naw hari
title : kalay thoe'
လွိုင်ကော် (ဥတ္တရာအောင်)
လွိုင်ကော်
နေ့လည်နေ့ခင်းဟာ
ခေတ်ပေါ်ကောင်မလေးတွေ စီးထားတဲ့ဖိနပ်လိုပဲ
ကြောင်တောင်တောင်နိုင်လှရဲ့
လမ်းမတွေဟာ သန်းဝေပြီး
လမ်းကြားတွေဟာ ငိုက်မျဉ်းလို့
ပျင်းကြောဆန့် စတိုးဆိုင်ရှေ့မှာ
ပလက်ဖောင်းရဲ့ အသားစဟာ ပဲ့ထွက်နေတယ်
တစုံတခုကို ငေးရီငိုင်နေတဲ့ လက်ဖက်ရည်ဆိုင်တွေလည်း
ရေမရှိတဲ့ ခွက်လိုပဲ အထီးကျန်လို့
သူ့ရင်ကိုနှစ်ခြမ်းခွဲထားတဲ့ ဘီလူးချောင်းလည်း
အရင်လို သက်လုံမကောင်းတော့
နေ၀င်မိုးချုပ်ဝေ့၀ဲနေတဲ့ လူငယ်တွေရဲ့ လက်ကိုင်တုတ်ဟာ
မှော်မအောင်တဲ့ မြို့တော်ထဲမှာ ငြိနေတုန်းပဲ
လမ်းတဖက် ဘိလိယက်ခုံမှာတော့
ကိုယ်ရည်သွေးတီးလုံးတွေ တိတ်ဆိတ်လို့
ညရေးညတာ မကောင်းတဲ့သီချင်းဟာ
စိုင်းစိုင်းခမ်းလှိုင်ထက် ပိုခေတ်စားနေတယ်
(၃၃) လမ်းက မိတ်ဆွေသူရဲကောင်းများ
ခင်ဗျားတို့ ယုံပါ့မလား
ကျွန်တော်သိပ်ချစ်ရတဲ့ မြို့ဟာ
အချစ်ရေးမကောင်းတဲ့ ပင်လယ်ပါ
အရောင်းအ၀ယ်မကောင်းတဲ့ ကျောက်ဆောင်ပါ
စကားပြောမကောင်းတဲ့ မိုက်ကရိုဖုန်းပါ
ရေထွက်အားမကောင်းတဲ့ ပိုက်ခေါင်းပါ
ကဗျာရေးမကောင်းတဲ့ တောင်တန်းပါ
အစဉ်အဆက် ပျော်ရွှင်ခြင်းတွေဟာ
လေတိုက်ခံရတဲ့ အမှိုက်စလို လွင့်လွင့်သွားကြပေါ့။ ။
ဥတ္တရာအောင်
ပိတောက်မြေ၊ ဇူလိုင်၊ ၀၅။
နေ့လည်နေ့ခင်းဟာ
ခေတ်ပေါ်ကောင်မလေးတွေ စီးထားတဲ့ဖိနပ်လိုပဲ
ကြောင်တောင်တောင်နိုင်လှရဲ့
လမ်းမတွေဟာ သန်းဝေပြီး
လမ်းကြားတွေဟာ ငိုက်မျဉ်းလို့
ပျင်းကြောဆန့် စတိုးဆိုင်ရှေ့မှာ
ပလက်ဖောင်းရဲ့ အသားစဟာ ပဲ့ထွက်နေတယ်
တစုံတခုကို ငေးရီငိုင်နေတဲ့ လက်ဖက်ရည်ဆိုင်တွေလည်း
ရေမရှိတဲ့ ခွက်လိုပဲ အထီးကျန်လို့
သူ့ရင်ကိုနှစ်ခြမ်းခွဲထားတဲ့ ဘီလူးချောင်းလည်း
အရင်လို သက်လုံမကောင်းတော့
နေ၀င်မိုးချုပ်ဝေ့၀ဲနေတဲ့ လူငယ်တွေရဲ့ လက်ကိုင်တုတ်ဟာ
မှော်မအောင်တဲ့ မြို့တော်ထဲမှာ ငြိနေတုန်းပဲ
လမ်းတဖက် ဘိလိယက်ခုံမှာတော့
ကိုယ်ရည်သွေးတီးလုံးတွေ တိတ်ဆိတ်လို့
ညရေးညတာ မကောင်းတဲ့သီချင်းဟာ
စိုင်းစိုင်းခမ်းလှိုင်ထက် ပိုခေတ်စားနေတယ်
(၃၃) လမ်းက မိတ်ဆွေသူရဲကောင်းများ
ခင်ဗျားတို့ ယုံပါ့မလား
ကျွန်တော်သိပ်ချစ်ရတဲ့ မြို့ဟာ
အချစ်ရေးမကောင်းတဲ့ ပင်လယ်ပါ
အရောင်းအ၀ယ်မကောင်းတဲ့ ကျောက်ဆောင်ပါ
စကားပြောမကောင်းတဲ့ မိုက်ကရိုဖုန်းပါ
ရေထွက်အားမကောင်းတဲ့ ပိုက်ခေါင်းပါ
ကဗျာရေးမကောင်းတဲ့ တောင်တန်းပါ
အစဉ်အဆက် ပျော်ရွှင်ခြင်းတွေဟာ
လေတိုက်ခံရတဲ့ အမှိုက်စလို လွင့်လွင့်သွားကြပေါ့။ ။
ဥတ္တရာအောင်
ပိတောက်မြေ၊ ဇူလိုင်၊ ၀၅။
Subscribe to:
Posts (Atom)
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...


