ဘာမှန်းမသိတဲ့ အရာတွေနဲ့
ဘယ်မှမရောက်တဲ့ လမ်းတွေနဲ့
ကျွန်တော်ယူထားတဲ့ ယာဉ်ကြောက ဘယ်တော့မှ မမောဘူး။
ဘယ်တော့မှ မကျေဘူးဆိုတဲ့ အကြွေးကို မသေမချင်းဆပ်လို့
ဘယ်တော့မှ မသေဘူးဆိုတဲ့ ကဗျာကို အညံ့ခံရေးလို့
အိမ်ပြန်ခဲ့တယ်ဆိုတာလည်း အရာရာအားလုံးနဲ့လွဲလို့။
တစ်ခုနဲ့တစ်ခု ရှေ့ဆက်ဖို့
ဆက်သွယ်ထားတာလည်း တေ့ဆက် မီးနီက အနုတ်လက္ကဏာကို သုညအထိ ပြတယ်
လမ်းမှာတွေ့တာ ဆိုတော့ ခေါင်းထဲမရောက်ဘူး။
ပြန်လမ်းမရှိတဲ့ နေရောင်မှာ
တို့နှစ်ယောက်ဝေးကွာနေရတာလည်းငွေကြေးတစ်ခုတည်း
ဒီအကြောင်းကိုစကားစမိတော့
ကောင်မလေးက အဲဒါဘယ်နှစ်နှစ်ရှိပြီလဲ
ကျွန်တော်ကအရင်ဘဝကအဆက်တွေ။ ။
စိုင်းဝင်
Subscribe to:
Post Comments (Atom)
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
မင်းခိုက်စိုးစံရဲ့ ဘူတာရုံနဲ့ တူတဲ့ ကောင်မလေး ဆိုတဲ့ ကဗျာလေးပါ။ မာနကြီးတတ်တဲ့ ကောင်မလေး တစ်ယောက် အကြောင်းကို နွေးနွေးထွေးထွေး ကြိုဆိုလေ့ မ...
No comments:
Post a Comment