အလယ်ရိုးမပေါ်မှာ ကျပျောက်ခဲ့တယ်...။
လူတွေကြားက
အေးခဲနေတဲ့ ပင်လယ်ကိုထုခွဲဖို့
"ကပ်ဖကာ"စာရေးခဲ့တယ်၊
ကျုပ်တို့ရဲ့ အတတ်ပညာတွေဟာ
လူမသမာရဲ့လက်ထဲက ပုဆိန်လိုဖြစ်သွားရတာ
ဝမ်းနည်းတယ် - တဲ့ (အိုင်စတိုင်း)
ဟုတ်ကဲ့.....
ကျွန်တော်ရဲ့ တိမ်တွေ၊ နာရီတွေကတော့
ရိုးမပေါ်မှာ ပျောက်ဆုံးခဲ့ပြီ...၊
ယုဇနစံပယ်ပွင့်ကလေး တစ်ပွင့်လည်း
ပါဂျဲရိုးပေါ်မှာ ပျောက်ဆုံးခဲ့သတဲ့။
ရေဂင်...ကိုတော့
အမေရိကန်ပညာတတ်တွေက
မကြိုက်ကြဘူး...ဆိုပဲ
ွှwhy ? ဘာကြောင့်
ရေဂင်ဟာ ကြော်ငြာနဲ့ "စား"လို့တဲ့
ဟောဒီ.....
ကြော်ငြာခေတ်၊ ကြော်ငြာကမ္ဘာကြီးထဲမှာ
အမှန်တရား "နစ်" သွားမလား
တိမ်များ၊ နာရီများ၊ စံပယ်ပွင့်များ
ကျန်းမာပါစေ.....။
ကဗျာ စတိုင်သစ် 2004 ၊ စိုးမြင့်သိန်း
Subscribe to:
Post Comments (Atom)
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
မင်းခိုက်စိုးစံရဲ့ ဘူတာရုံနဲ့ တူတဲ့ ကောင်မလေး ဆိုတဲ့ ကဗျာလေးပါ။ မာနကြီးတတ်တဲ့ ကောင်မလေး တစ်ယောက် အကြောင်းကို နွေးနွေးထွေးထွေး ကြိုဆိုလေ့ မ...
No comments:
Post a Comment