စွဲစွဲလမ်းလမ်း ကွေ့ကောက်နေတဲ့ လမ်းပေါ်
တစ်ဟုန်ထိုးမောင်းနှင်ခဲ့တဲ့ စွန့်စားခန်းတစ်ခုကို
အနားကပ်ပြီး မီးနီမပြလိုက်ပါနဲ့ .. ချစ်သူ
ငါဟာ အချစ်မှာ ဘရိတ်ပေါက်နေတဲ့ ကားတစ်စီးပါ။
အချစ်ရဲ့ အနိုင်အရှုံးကို ရွှေဂိုးနဲ့ ဆုံးဖြတ်မယ်တဲ့
ချစ်သူရယ် . .
တစ်ဖတ်သားကို ကိုယ်ယောင်ပြလှည့်စားပြီး
လွတ်လွတ်ကျွတ်ကျွတ်ကန်တင်လိုက်တဲ့ နှလုံးသားကို
အပြိုင်ဂိုးသွင်းဖို့ ခပ်ကြမ်းကြမ်းကစားမိတဲ့အခါ
ငါ့ကို အနီကပ်မပြပါနဲ့။
ငါ့တစ်ယောက်ထဲ အခန်းထဲမှာ . .
မင်းအကြည့်ရောင်စုံကို နံရံမှာ ခြယ်သရင်း
မင်းအပြုံးပွင့်တွေ တမ်းတမ်းတတ ပန်းလိုတွဲသီရင်း
မင်းရဲ့ ကိုယ်ဟန်လေးတွေ ငါ့မှန်ပြတင်းမှာ အရိပ်ထိုးရင်း
ငါမော့သောက်ခဲ့ဖူးတဲ့ မင်းရနံ့တွေ
ငါမေ့လျော့ခဲ့တဲ့ မင်းမျက်ဝန်းထဲက နေ့များစွာ
ငါနစ်မြုတ်ခဲ့တဲ့ မင်းရယ်သံထဲက နာရီများစွာ
မင်းလက်ဖမိုး သွေးကြောစိမ်းလေးတွေက တစ်ဆင့်
ငါ့နှလုံးသားထဲ ပြင်းပြင်းပြပြ စီးဆင်းသွားကြပေါ့။
ဒါတွေအားလုံးဟာ
ကမ္ဘာလဆန်းတစ်ရက်နေ့အထိ
ရေးနေမိဦးမယ့် ငါ့ဒိုင်ယာရီပါ။
ဘယ်မှာလဲဟင် . .
မင်းရဲ့ ငဲ့ကြည့်ညှာတာ အကြင်နာ . .
ဒါဟာ
အရိုးမရှိတဲ့ လျှာပေါ်က
ကယောင်ကတမ်းစကားတွေ မဟုတ်ပါဘူး
သွေးအက္ခဂာနဲ့ ထုဆစ်ထားတဲ့ စကားတွေပါ။
ငါ့အစွဲအလမ်းလေးရေ . .
နေရာတကာမှာ ခေါင်းမာခဲ့ပြီး
အသည်းမာတယ် ခံနိုင်ရည်ရှိတယ်လို့
ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့တဲ့ကောင်ကို
မင်းရင်ခွင်မှာ . . ဒီတစ်ခါတော့
နှစ်နှစ်ကာကာ ကျဆုံးခွင့်ပေးပါ။
(အချစ်ကိုယ်စားပြုဝါကျများ)
သျှီသူအောင်
Wednesday, October 28, 2009
Friday, October 9, 2009
ဆာမူရိုင်း သီချင်း
ငါ့မှာ အမိုးမရှိတုန်းက
ရဲတင်းခြင်းကို ငါ အမိုးလုပ်ခ့တဲ ယ်။
ငါ့မှာ ညဥ့်နက်စာမရှိခဲ့တုန်းက
ငါ့မျက်လုံးတွေဟာ ညစာစားသောက်ခဲ့ကြတယ်။
ငါ့မှာ မျက်စိ မရှိခဲ့တုန်းက
ငါ နားစွင့်ခဲ့တယ်။
ငါ့မှာ နားမရှိခဲ့တုန်းက
ငါ စဉ်းစားတွေးခေါ်ခဲ့တယ်။
ငါ့မှာ စဉ်းစားတွေးခေါ်မှု မရှိခဲ့တုန်းက
ငါ စောင့်နေခဲ့တယ်။
ငါ့မှာ အဖေမရှိခဲ့တုန်းက
စောင့်ရှောက်ခြင်းက ငါ့အဖေလုပ်ခ့တဲ ယ်။
ငါ့မှာ အမေမရှိခဲ့တုန်းက
စည်းစနစ်ရှိခြင်းကို ငါ ထွေးပွေ့ ခဲ့တယ်။
ငါ့မှာ မိတ်ဆွေ မရှိခဲ့တုန်းက
တိတ်ဆိတ်မှုဟာ ငါ့မိတ်ဆွေ။
ငါ့မှာ ရန်သူ မရှိတုန်းက
ငါ့ကိုယ်ခန္ဓာ ငါ ပြန်ဆန့်ကျင်ခဲ့တယ်။
ငါ့မှာ ဝတ်ပြုကျောင်း မရှိခဲ့တုန်းက
ငါ့စကားသံဟာ ငါ ဝတ်ပြုရာကျောင်း။
ငါ့မှာ ဘုန်းတော်ကြီးမရှိ
ငါ့လျှာဟာ ဓမ္မတေးသံစုံအဖွဲ့ ။
ငါ့မှာ ငွေကြေး မရှိခဲ့တုန်းက
ကံကြမ္မာဟာ ငါ့ငွေကြေး။
ငါ့မှာ ဘာတစ်ခုမှ မရှိခဲ့တုန်းက
သေခြင်းတရားဟာ ငါ့ကြွယ်ဝမှု။
လိုအပ်ချက်ဟာ ငါ့နည်းဗျူဟာ
သံယောဇဉ်ကင်းခြင်းဟာ ငါ့ မဟာဗျူဟာ။
ချစ်သူရည်းစား မရှိခဲ့တုန်းက
ငါ့အိပ်စက်ခြင်းကိုပဲ ငါပိုးပန်းခဲ့တယ်။
samurai song ....ရောဘတ် ပင်စကီး (Robery Pinsky)
ဇေယျာလင်းဘာသာပြန်ဆိုသည်
ရဲတင်းခြင်းကို ငါ အမိုးလုပ်ခ့တဲ ယ်။
ငါ့မှာ ညဥ့်နက်စာမရှိခဲ့တုန်းက
ငါ့မျက်လုံးတွေဟာ ညစာစားသောက်ခဲ့ကြတယ်။
ငါ့မှာ မျက်စိ မရှိခဲ့တုန်းက
ငါ နားစွင့်ခဲ့တယ်။
ငါ့မှာ နားမရှိခဲ့တုန်းက
ငါ စဉ်းစားတွေးခေါ်ခဲ့တယ်။
ငါ့မှာ စဉ်းစားတွေးခေါ်မှု မရှိခဲ့တုန်းက
ငါ စောင့်နေခဲ့တယ်။
ငါ့မှာ အဖေမရှိခဲ့တုန်းက
စောင့်ရှောက်ခြင်းက ငါ့အဖေလုပ်ခ့တဲ ယ်။
ငါ့မှာ အမေမရှိခဲ့တုန်းက
စည်းစနစ်ရှိခြင်းကို ငါ ထွေးပွေ့ ခဲ့တယ်။
ငါ့မှာ မိတ်ဆွေ မရှိခဲ့တုန်းက
တိတ်ဆိတ်မှုဟာ ငါ့မိတ်ဆွေ။
ငါ့မှာ ရန်သူ မရှိတုန်းက
ငါ့ကိုယ်ခန္ဓာ ငါ ပြန်ဆန့်ကျင်ခဲ့တယ်။
ငါ့မှာ ဝတ်ပြုကျောင်း မရှိခဲ့တုန်းက
ငါ့စကားသံဟာ ငါ ဝတ်ပြုရာကျောင်း။
ငါ့မှာ ဘုန်းတော်ကြီးမရှိ
ငါ့လျှာဟာ ဓမ္မတေးသံစုံအဖွဲ့ ။
ငါ့မှာ ငွေကြေး မရှိခဲ့တုန်းက
ကံကြမ္မာဟာ ငါ့ငွေကြေး။
ငါ့မှာ ဘာတစ်ခုမှ မရှိခဲ့တုန်းက
သေခြင်းတရားဟာ ငါ့ကြွယ်ဝမှု။
လိုအပ်ချက်ဟာ ငါ့နည်းဗျူဟာ
သံယောဇဉ်ကင်းခြင်းဟာ ငါ့ မဟာဗျူဟာ။
ချစ်သူရည်းစား မရှိခဲ့တုန်းက
ငါ့အိပ်စက်ခြင်းကိုပဲ ငါပိုးပန်းခဲ့တယ်။
samurai song ....ရောဘတ် ပင်စကီး (Robery Pinsky)
ဇေယျာလင်းဘာသာပြန်ဆိုသည်
Wednesday, September 30, 2009
မိသားစု
မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လဲခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလဲအကုန်။
လဲကျသွားတဲ့ ငါအဖေနေရာက
ငါညီလေးဝင်ခဲ့ တယ်
ယိုင်နဲ့သွားတဲ့ ငါအမေရဲ့ နေရာက
ငါညီမလေး ဝင်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါအတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘဝတစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါမိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါမိသားစုမှာ ငါဟာ မလဲုခြုံတဲ့ထရံ
ငါကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါမိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါမိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘော်လုံးအသင်းဟာ ငါ မိသားစုပဲ
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။
စိုင်းဝင်းမြင့်
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လဲခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလဲအကုန်။
လဲကျသွားတဲ့ ငါအဖေနေရာက
ငါညီလေးဝင်ခဲ့ တယ်
ယိုင်နဲ့သွားတဲ့ ငါအမေရဲ့ နေရာက
ငါညီမလေး ဝင်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါအတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘဝတစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါမိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါမိသားစုမှာ ငါဟာ မလဲုခြုံတဲ့ထရံ
ငါကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါမိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါမိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘော်လုံးအသင်းဟာ ငါ မိသားစုပဲ
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။
စိုင်းဝင်းမြင့်
Wednesday, September 23, 2009
နားနားပြီးပြော
ဘာမှန်းမသိတဲ့ အရာတွေနဲ့
ဘယ်မှမရောက်တဲ့ လမ်းတွေနဲ့
ကျွန်တော်ယူထားတဲ့ ယာဉ်ကြောက ဘယ်တော့မှ မမောဘူး။
ဘယ်တော့မှ မကျေဘူးဆိုတဲ့ အကြွေးကို မသေမချင်းဆပ်လို့
ဘယ်တော့မှ မသေဘူးဆိုတဲ့ ကဗျာကို အညံ့ခံရေးလို့
အိမ်ပြန်ခဲ့တယ်ဆိုတာလည်း အရာရာအားလုံးနဲ့လွဲလို့။
တစ်ခုနဲ့တစ်ခု ရှေ့ဆက်ဖို့
ဆက်သွယ်ထားတာလည်း တေ့ဆက် မီးနီက အနုတ်လက္ကဏာကို သုညအထိ ပြတယ်
လမ်းမှာတွေ့တာ ဆိုတော့ ခေါင်းထဲမရောက်ဘူး။
ပြန်လမ်းမရှိတဲ့ နေရောင်မှာ
တို့နှစ်ယောက်ဝေးကွာနေရတာလည်းငွေကြေးတစ်ခုတည်း
ဒီအကြောင်းကိုစကားစမိတော့
ကောင်မလေးက အဲဒါဘယ်နှစ်နှစ်ရှိပြီလဲ
ကျွန်တော်ကအရင်ဘဝကအဆက်တွေ။ ။
စိုင်းဝင်
ဘယ်မှမရောက်တဲ့ လမ်းတွေနဲ့
ကျွန်တော်ယူထားတဲ့ ယာဉ်ကြောက ဘယ်တော့မှ မမောဘူး။
ဘယ်တော့မှ မကျေဘူးဆိုတဲ့ အကြွေးကို မသေမချင်းဆပ်လို့
ဘယ်တော့မှ မသေဘူးဆိုတဲ့ ကဗျာကို အညံ့ခံရေးလို့
အိမ်ပြန်ခဲ့တယ်ဆိုတာလည်း အရာရာအားလုံးနဲ့လွဲလို့။
တစ်ခုနဲ့တစ်ခု ရှေ့ဆက်ဖို့
ဆက်သွယ်ထားတာလည်း တေ့ဆက် မီးနီက အနုတ်လက္ကဏာကို သုညအထိ ပြတယ်
လမ်းမှာတွေ့တာ ဆိုတော့ ခေါင်းထဲမရောက်ဘူး။
ပြန်လမ်းမရှိတဲ့ နေရောင်မှာ
တို့နှစ်ယောက်ဝေးကွာနေရတာလည်းငွေကြေးတစ်ခုတည်း
ဒီအကြောင်းကိုစကားစမိတော့
ကောင်မလေးက အဲဒါဘယ်နှစ်နှစ်ရှိပြီလဲ
ကျွန်တော်ကအရင်ဘဝကအဆက်တွေ။ ။
စိုင်းဝင်
Wednesday, September 16, 2009
Wednesday, September 9, 2009
Tuesday, September 1, 2009
ငုဝါ
အဖြောင့်အတိုင်းမဖြစ်နိုင်မှတော့
ကွေ့ ကောက်ပစ်လိုက်ကြရုံ
ရင်ထဲငုဝါတွေပွင့်လာတာလောက်
ကျွန်တော့် ကမ္ဘာခမ်းနားတာမရှိဘူး
အဝါကိုချစ်တဲ့စိတ်ကလေးနဲ့
မြင်ခွင့်ဝေးဝေးအဖြစ်က
ရင်ကိုဘောင်ဘင်ခတ်စေတယ်
အညာကတမာတန်းလေးလဲအဝါပဲလား
ဒါက
ခါးသက်ခြင်းကိုအညှာမလွယ်စေတဲ့
အကြောင်းရင်းဖြစ်တယ်
မင်းကိုယ်သင်းရနံ့လေး
လေထဲငြိနေပုံအဝါ
ရေကြည်ရာမြက်နုရာအပေါ်မှာလဲ
ကျွန်တော့်စိတ်မလွင့်ဘူး
ဘဝမှာတစ်ခုတည်းသော
သစ္စာတရားသည်အဝါ
သတိရစိတ်တွေ
လေသင့်တိုင်းအရှိုက်ကိုထိလို့
ကျွန်တော်ကအလွမ်းမှာအရင်လိုပေရှည်နေမိ
သူလည်း လူနှစ်ယောက်ကို
ဝေးကွာသွားစေနိုင်သောသွေးအေးမှုနဲ့
ဆေးသားမပြယ့်တစ်ပြယ်
အဝါရောင်လမ်းကလေးကိုကျောပေးလို့..။
ညီပြေဇံ
ကွေ့ ကောက်ပစ်လိုက်ကြရုံ
ရင်ထဲငုဝါတွေပွင့်လာတာလောက်
ကျွန်တော့် ကမ္ဘာခမ်းနားတာမရှိဘူး
အဝါကိုချစ်တဲ့စိတ်ကလေးနဲ့
မြင်ခွင့်ဝေးဝေးအဖြစ်က
ရင်ကိုဘောင်ဘင်ခတ်စေတယ်
အညာကတမာတန်းလေးလဲအဝါပဲလား
ဒါက
ခါးသက်ခြင်းကိုအညှာမလွယ်စေတဲ့
အကြောင်းရင်းဖြစ်တယ်
မင်းကိုယ်သင်းရနံ့လေး
လေထဲငြိနေပုံအဝါ
ရေကြည်ရာမြက်နုရာအပေါ်မှာလဲ
ကျွန်တော့်စိတ်မလွင့်ဘူး
ဘဝမှာတစ်ခုတည်းသော
သစ္စာတရားသည်အဝါ
သတိရစိတ်တွေ
လေသင့်တိုင်းအရှိုက်ကိုထိလို့
ကျွန်တော်ကအလွမ်းမှာအရင်လိုပေရှည်နေမိ
သူလည်း လူနှစ်ယောက်ကို
ဝေးကွာသွားစေနိုင်သောသွေးအေးမှုနဲ့
ဆေးသားမပြယ့်တစ်ပြယ်
အဝါရောင်လမ်းကလေးကိုကျောပေးလို့..။
ညီပြေဇံ
Subscribe to:
Posts (Atom)
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...


