Wednesday, December 30, 2009
ဘောင်းဘီဝတ်မိုးတိမ် ( ၃ )
အလို၊ ဘာကြောင့်လဲ ဒါ၊
ဘယ်ဆီကလဲ ဒါ၊
ဝင်းပပရွှင်မြူးရာ၊
ညစ်ပေပေလက်သီးတို့ ခြိမ်းခြောက်လာခဲ့။
ရောက်လို့လာ၊
အရူးထောင်တို့ရဲ့ စိတ်ကူးက
ခေါင်းကို စိတ်ပျက်ခြင်းနဲ့ ကန့်လန့်ကာ ချလိုက်ရဲ့။
ပြီး
လက်နက်သင်္ဘောအပျက်ထဲကနေ
ပွန်းပိတ်အကြောဆွဲမှုတွေနဲ့
ဟနေတဲ့ ထွက်ပေါက်ဆီ ပြေးထွက်လာကြသလို
မိမိရဲ့
အော်ငိုရအောင် စုတ်ပြတ်နေတဲ့ မျက်လုံးထဲကနေ
ထွက်လာပေါ့။ ရူးသွပ်သွားသူ။ ဘူရလျက်။
မျက်ရည်စိုရွှဲ မျက်ခမ်းတွေ သွေးစွန်းလုနီး
တက်လာ၊
ရပ်လာ၊
ရောက်လာ
ပြီး ဝတုတ်ပြဲလူမျိုးမှာ မမျှော်လင့်မိတဲ့ နူးညံ့မှုနဲ့
ထုတ်လို့ ပြောတော့တယ်
]ကောင်းဗျား}တဲ့။
ကောင်းဗျား၊ စပ်စုကြည့်၊ ကြည့်ကြစဉ်
အင်္ကျီဝါဝါထဲ ဝိညာဉ်ကို ထွေးထားရတဲ့အခါ။
ကောင်းဗျား၊
ကြိုးစရဲ့ သွားတွေထဲ ပစ်ထည့်လိုက်စဉ်။
]ဗန်ကူတင်ရဲ့
ကိုကိုးကို သောက်ပါ} အော်ရတဲ့အခါ။
ဘင်္ဂလားမီးရှူးလို
ကျယ်ကျယ်လောင်လောင်
အဲဒီစက္ကန့်ကိုတော့၊
ငါ ဘာနဲ့မှ လဲလိမ့်မယ် မဟုတ်ဘူး
ငါ ဘာနဲ့မှ-
ဒါပေမယ့် ဆေးလိပ်မီးခိုးထဲကနေ
အရက်ဖန်ခွက်လို၊
အရက်ပြည့်ဝနေတဲ့ ဆဲဗဲရယာနင်ရဲ့ မျက်နှာ
ဆန့်ထွက်လာသပ။
ဘယ့်နှယ် ခင်ဗျား ကိုယ့်ကိုကိုယ်
ကဗျာဆရာ ခေါ်ရဲ့ရတာလဲ။
မွဲပြာပြာနဲ့ ငုံးလို တကြော်ကြော် အော်ရတာလဲ။
ဒီနေ့
လိုနေတာက
သံလက်သီးနဲ့
ကမ္ဘာ့ဦးခေါင်းခွဲကို ရိုက်ခွဲပစ်ဖို့ပဲ။
ခင်ဗျားဟာ
အတွေးတစ်ခုနဲ့ပဲ စိုးရိမ်နေသေး-
ကျွန်တော် ကတာ ယဉ်ရဲ့လားတဲ့။
ကြည့်စမ်း၊ ဘယ်လိုပျော်မွေ့နေရသလဲ။
ငါပန်း
ခြံဘေး
လူပွဲစားနဲ့ ဖဲသုံးချပ်သမား။
ချစ်စိတ်မွှန်ကာ စိုစိုရွှဲနေတဲ့
ခင်ဗျာ့ဆီက၊
ကျုပ် ခွဲခွာတော့မယ်၊
နေကို မျက်လုံးတစ်ဘက်တပ်မှန်အဖြစ်
ကျယ်ဝန်းပြန့်ကားတဲ့ မျက်လုံးမှာ တပ်မယ်။
မယုံနိုင်အောင် ကိုယ့်ကိုကိုယ် သလို့မို့၊
မြေပြင်တလွှား လျှောက်သွားမယ်၊
ကျေနပ်ဖို့၊ နေလောင်ဖို့
ရှေ့မှာတော့
သံကြိုးလေးနဲ့ ခွေးပုလေးလို နပိုကျံကို
ခေါ်သွားလို့။
ကမ္ဘာမြေ တစ်ခုလုံး မိန်းမလို
ပက်လက်လှဲပေးတယ်၊
အသားစိုင် မရိုးမရွ လိုက်လျောမယ့် ဟန်ပန်နဲ့၊
အရာတို့ အသက်ပြန်ရှင်လာကြ
နှုတ်ခမ်းတို့ ဟီးလေးခို
မပီကလာပြောကြ
]စာစာ၊ စာစာ၊ စာစာ}တဲ့
ဗြုန်းဆို
မိုးသားတွေ
မိုးတိမ်စတာတွေဟာ
မယုံနိုင်ဖွယ် အလူးအလိမ့်နဲ့ ကောင်းကင်မှာ
တက်လာကြ၊
ကောင်းကင်ကို ဒေါမာန်ပြင်း သပိတ်သံကြေငြာကာ၊
အလုပ်သမား ဖြူဖြူဖွေးတွေ ပြိုကွဲလာကြသလိုပ။
မိုးတိမ်နောက်ဆီက မိုးချုန်းသံ
ရိုင်းပြပြထွက်လာ၊
ဧရာမနှာခေါင်းကြီး နှာချီလိုက် အားပါးတရ၊
ကောင်းကင်ရဲ့မျက်နှာ တစ်စက္ကန့်အတွင်း မဲ့ရွဲ့သွား၊
သံမဏိတစ်မာ့က်ရဲ့ ခက်ထန်တဲ့ မျက်နှာရှုံ့တွ။
ပြီး တစ်စုံတစ်ယောက်
မိုးတိမ်လမ်းတွေထဲ ရှုတ်ပွေငြိရာက
ကဖေးဆီ လက်တွေဆန့်ထုတ်လိုက်ရဲ့
မိန်းမဟန်လိုလို၊
နူးညံ့ညင်သာသလိုလို၊
အမြောက်တင်ရထားလိုနဲ့။
မင်းတို့ ထင်နေသလား။
ဒါ နေက ယုယုယယ
ကဖေးရဲ့ ပါးပေါ် ဆော့ကစား နေတာလို့ပဲ။
ဒါ ပုန်ကန်သူတွေကို သေနတ်နဲ့ ပစ်သတ်ဦးမယ်လို့
ဗိုလ်ချုပ်ကြီး ဂါလီဖေးလာနေတာဟဲ့။
လမ်းလျှောက်လာသူတို့၊ ဘောင်းဘီထဲက
လက်ထုတ်ကြ။
ကျောက်တုံး၊ ဓား၊ ဒါမှမဟုတ် ဗုံးယူခဲ့ကြစမ်း။
လက်မရှိတဲ့လူ ဆိုခဲ့ရင်လ
လာ နဖူးနဲ့ တိုက်လှည့်ကြစမ်း..
လာကြ၊ ငတ်ပြတ်နေကြသူတို့၊
ချွေးရွှဲသူတို့၊
ကျိုးနွံရသူတို့၊
သန်းထူတဲ့ အညစ်အကြေးထဲ အချဉ်ပေါက်နေသူတို့။
လာကြ။
တနင်္လာနေ့တွေ၊ အင်္ဂါနေ့တွေ
ပွဲနေ့ဖြစ်အောင် သွေးနဲ့ ခြယ်စို့လေ။
ဓားတို့ရဲ့ အောက်မှာ ကမ္ဘာမြေကို သတိရပစေ၊
ဘယ်သူ့ကို
အောက်တန်းကျစေချင်တာလဲ သူ၊
ကမ္ဘာမြေ
ရှော့တရှီးလ်ဒ် မြတ်နိုးတော်မူတဲ့
အမြှောင်မယားပမာ အစားကြူး ဝဖီးနေသူ။
လျော်ကန်တဲ့ ပွဲနေ့တိုင်းမှာလို
အလံတွေ ပစ်ဖောက်သံ အဖျားရှိန်နဲ့ တလူလူ
လွင့်စေဖို့
စပါးကုန်သည်တွေရဲ့
သွေးအလိမ်းလိမ်း အလောင်းတွေကို
မြောက်မြောက်ကလေး မြှောက်ပေးကြစမ်း၊
ဓာတ်မီးတိုင်တို့၊
ဆဲရေးလိုက်၊
အသနားခံလိုက်၊
ခုတ်ထစ်လိုက်၊
ဘေးကို ကိုက်ခဲဖို့၊
တစ်ယောက်ကို တစ်ယောက် တက်လို့။
ကောင်းကင်မှာ မာဆေးလေးစ်လို၊ ရဲရဲနီလို့
အသက်ငင် လူးလွန့်လေပေါ့ နေဝင်ဆည်းဆာ။
အခုပဲ ရူးသွပ်မှု
ဘာမှ ဖြစ်လာမယ် မဟုတ်ဘူး။
ညလာမယ်၊
ကိုက်ဖြတ်လိမ့်မယ်၊
စားပစ်တော့မယ်။
ကြည့်ကြစမ်း-
ကောင်းကင် ယုဒ လုပ်ပြန်ရဲ့၊
လက်တစ်ဆုပ်စာ လွင့်စဉ်နေတဲ့ ကြယ်တို့ရဲ့
သစ္စာဖောက်မှုနဲ့ရယ်။
လာပြီလေ။
မာမာအီလို ပွဲတော်တည်ရဲ့၊
မြို့ပေါ် တင်ပါးလွှဲထိုင်လို့။
ဒီညကို မျက်လုံးများ မဖောက်ထွင်းနိုင်ခဲ့၊
မှောင်မည်းပုံ အာဇဲဖ်ကျလို့။
ကျုံ့ကျုံ့ကလေး အရက်ဆိုင်နောက်ထဲ
ဝင်ထိုင်နေမိပါ၊
စပျစ်ရည်ကို ဝိညာဉ်နဲ့ စားပွဲပေါ် ဖိတ်စဉ်မိ။
မြင်ရတော့တယ်၊
ထောင့်ထဲကို မျက်လုံးဝိုင်းစက်စက်တွေရယ်သာ၊
နှလုံးသားကို မျက်လုံးတွေနဲ့ စားလေပေါ့
မယ်တော်မိ။
ဘာကြောင့် သာမန်ခြယ်သလို့ အရောင်
အဝါကို
အရက်ဆိုင်လူအုပ်ကို ပေးအပ်နေပါသလဲ။
ကြည့်လေ-ထပ်ပြီး
တံတွေးထွေးခံ ဂေါလဂေါသသားထက်
ဗာရဗ္ဗကို နှစ်သက်ပိုကြပြန်ပြီပဲ။
ဖြစ်ကောင်းဖြစ်မယ်၊ တမင်ကိုပဲ ငါဟာ
လူသောင်းပြောင်းထွေလာထဲ
မျက်နှာ ဘယ်သူ့ထက်မှ မသစ်လွင်ဘူးပေါ့။
ငါဟာ၊
ဖြစ်ကောင်းဖြစ်မယ်၊
သင့်သားအားလုံးထဲ
အချောအလှဆုံး ဖြစ်ချင်လဲ ဖြစ်မှာပေါ့။
ပေးလိုက်ပ သူတို့ကို၊
ရွှင်မြူးမှုထဲ မှိုတက်နေသူတို့ကို၊
အချိန်ရဲ့ မြန်ဆန်တဲ့ သေခြင်းတရားကို။
ဒါမှ ကလေးတွေ ထိုက်သင့်သလို ကြီးပြင်း
လာကြမယ်ကို။
ကောင်လေးတွေက-အဖေတွေ
ကောင်မလေးတွေက-ကိုယ်ဝန်ဆောင်ကြစေလို။
ပြီး အသစ်မွေးဖွားလာသူတွေမှာ ပေါက်စေလို
မာဂုတို့ရဲ့ စူးစမ်းတတ်တဲ့ ဆံဖြူဖွေး၊
ပြီး၊ သူတို့လာကြမယ်ကလေး
တွေကို ကင်ပွန်းတပ်ကြမယ်
ငါ့ကဗျာများရဲ့ နာမည်တွေနဲ့လေး။
ယန္တရားနဲ့ အဂွလန်ကို ချီးကျူးတေးသီတဲ့ ငါဟာ
ဖြစ်ကောင်းဖြစ်မယ်၊ ရိုးရိုးလေးပ၊
သာမန်အကျဆုံး ဧဝံဂေလိတရားတော်မှာ
ဆယ့်သုံးယောက်မြောက် သာဝက။
ပြီး ငါ့ရဲ့အသံ
ညစ်ညမ်းပေါက်ကွဲတဲ့အခါတစ်နာရ
ီက တစ်နာရီ
နှစ်ဆယ့်လေးနာရီလုံးလုံးကို၊
ဖြစ်ကောင်းဖြစ်မယ်၊ မွှေလိမ့် ယေရှုခရစ်တော်ဟာ
ငါဝိညာဉ်ရဲ့ မမေ့တဲ့နိုင်ပန်းများကို။
Wednesday, December 23, 2009
ဘောင်းဘီဝတ်မိုးတိမ် ( ၂ )
ကျုပ်ကို ထောပနာကြ
ကျုပ်နဲ့ ပုဂ္ဂိုလ်ကြီးတွေ အတွဲ မဟုတ်ဘူး။
ကျုပ်က လုပ်ဆောင်ပြီးသမျှအပေါ်
]ၿေ့ငူ}ေရးထည့္တဲ့သူ။
ဘယ်တုန်းကမှ
ဘာကိုမှ မဖတ်ချင်ဘူး
ဘာလုပ်ဖို့လဲ စာအုပ်တွေ။
ကျုပ် အရင်က ထင်ခဲ့ဖူးတယ်။
စာအုပ်တွေကို ဒီလို လုပ်တာလို့
ကဗျာဆရာ ရောက်လာ၊
ခပ်ပေါ့ပေါ့နှုတ်ခမ်းဟ၊
ပြီး ဗြုန်းဆို ဈာန်ဝင်လာ ငတုံးဟာ တေးစသီသမို့
ဟောဒီမှာပါ ခင်ဗျ။
ဒီလိုနဲ့၊ တွေ့ရတာကတော့
ဘေးစတင်မသီခင်မှာ၊
အချဉ်ပေါက်မှုကြောင့် အသားမာထရင်း၊
အကြာကြီး လာသွား။
ပြီး နှလုံးရဲ့ ရွံ့ညွန်ထဲမျာ ငြိမ်ဆိတ်လူးလိမ့်လေပေါ့
စိတ်ကူးရဲ့ ရူးမိုက်မိုက် ဗော်ဘလာငါး။
အချစ်တွေ နိုင်တင်ဂေးလ်တွေနဲ့ ဟင်းချိုတစ်မျိုး
ကာရန်တွေနဲ့ ခြစ်ယူကာ ကျိုချက်ကြစဉ်၊
လမ်းမကြီး လျှာမဲ့မဲ့ လိမ်တွန့်နေတော့သကိုး..
အော်ဟစ်စရာ၊ စကားပြောစရာ ဘာမှ မရှိဘဲသာ၊
မြို့တွေရဲ့ ဗာဗိလုန် မျှော်စင်ကြီးတွေ၊
မာန်ဝင့်ကာ တည်ဆောက်ကြပြန်တယ်၊
ဒါပေမယ့်ဘုရားက
မြို့တွေကို လယ်ဖြစ်အောင်
ဖြိုပစ်သမို့
စကား ရှုတ်ထွေးရတယ်။
လမ်းမ နာကျင်သမို့ အသံတိတ်
ပျို့တက်လာပေါ့၊
လည်ချောင်းထဲမှာ အော်သံ မတ်မတ်ရပ်လာပ၊
လည်မှာ ကန့်လန့်အစ်ကာ၊
ထောင်ထလာချေပေါ့။
ဝဖိုင့်ဖိုင့် အထေင နဲ့ အရိုးငေါငေါ မြင်းလှည်းတွေ။
ရင်အုံပေါ် ခြေကျင်လျှောက်ကြပြီ။
အဆုတ်နာထက် ဆိုးရဲ့။
မြို့က လမ်းမကို အမှောင်နဲ့ ပိတ်ပေါ့။
ဒါပေမယ့်..
ဒါတောင်မှ
လည်ချောင်းကို ဖိစီးနေတဲ့ တံခါး မုခ်ကို
တွန်းဖယ်ပြီး၊
ကြိတ်ကြိတ်တိုးသဟာကို ပန်းခြံထက် အန်ထုတ်
လိုက်တဲ့အခါ၊
ထင်ရတယ်..
တမန်တော် သံပြိုင်အဖွဲ့ သံပြိုင်ဟစ်ခိုက်၊
ဘုရားသခင် အလုခံရသမို့၊ အပြစ်ဒဏ်ခတ်ဖို့
ကြွလို့လာ။
ဒါပေမယ့် လမ်းမ ထိုင်ချပြီ အော်ပါလေရော..
]မျိုကြရအောင်}တဲ့။
ကရုပ်တို့ကရုပ်ကီတို့ မြို့ကို ချယ်သကြတယ်။
မျက်မှောင်ကုပ်ကာ ခြိမ်းခြောက်ကြရဲ့။
ပါးစပ်ထဲမတော့
သေဆဲစကားလုံးတို့ အလောင်းများ ပုပ်သိုးပြီ၊
နှစ်လုံးပဲရှင်တယ် ဝလို့..
]သေနာကောင်}
ပြီးတော့ နောက် တစ်လုံးက
ထင်ရတာပဲ ]ဘောရရှ}တဲ့။
ကဗျာဆရာတို့၊
မျက်ရည်တွေ၊ အငိုအရှိုက်တွေ စိုရွဲကာ၊
လမ်းမထဲက ထွက်ပြေးလာကြ၊ လည်ဆံမွေးတွေ
ဖွာလို့၊
]ဘယ့်နှယ် စကားနှစ်လုံးနဲ့ ဒီလို တေးသီနိုင်ပါ့မလဲ
လုံမပျိုရယ်၊
အချစ်ရယ်၊
ဆီးနှင်းအောက်က ပန်းပွင့်လေးရယ်}လို့။
ကဗျာဆရာတွေရဲ့ နောက်ကတော့
လမ်းပေါ်သား အထောင်ထောင်..
ကျောင်းသားတွေ၊
ပြည့်တန်ဆာမတွေ၊
ကန်ထရိုက်တာတွေ။
လူကြီးမင်းတို့
ရပ်တန့်ကြပါဘိ။
ခင်ဗျားတို့ သူတောင်းစား မဟုတ်ဘူး။
ပေးစာကမ်းစာ မတောင်းရဲကြပါနဲ့လေ။
ကျုပ်တို့ သန်စွမ်းသူတွေ
ယူဇနာခြေလှမ်းတွေနဲ့လေ။
နားထောင်စရာမလို ဆွဲဖျက်ပစ်ရမယ် သူတို့ကို။
သူတို့ကို
နှစ်ယောက်အိပ် ခုတင်တိုင်းမှာ
အခမဲ့တွဲပိုအဖြစ် တွယ်ကပ်နေသူတွေ။
သူတို့ကို အောက်ကျို့ပြီး တောင်းရမလား၊
]ငါ့ကိုကယ်ပါ}လို့။
ဓမ္မတေးတွေ
ဂီတသံစဉ်တွေ တောင်းခံရမယ်လား။
ငါတို့ ကိုယ်တိုင်က
မီးဟုန်းဟုန်းတေးတွေ ဖန်ဆင်းနေသူတွေ၊
စက်ရုံတွေ၊ ဓာတ်ခွဲခန်းတွေရဲ့ ပွက်လောထသံများ။
ငါ့အဖို့ ဖော်စ်တုစ် ဘာလုပ်ဖို့လဲ။
ကောင်းကင်ရဲ့ ကွက်ရိုက်ကြမ်းမှာ
မဲဖိစတောဖဲလဲစ်နဲ့ လွင့်မျောနေတဲ့ နတ်ဒေဝါဒုံးပျံမျှ။
ငါသိတယ်..
ငါ့ဘွတ်ဖိနပ်က သံမှိုက
ဂည်ထယ်ရဲ့ စိတ်ကူးယဉ်ထက်
ထမင်းလုံးတစ္ဆေဆန်သေးသပ။
ငါ၊
ရွှေနှုတ်တော်ရှင်၊
စကားလုံးတိုင်းက
ဝိညာဉ်ကို အသစ်မွေးဖွား၊
ကိုယ်ကို ပိုင်ခွင့်ပေးသူက
ပြောလိုက်ပါရဲ့သက်ရ
ှိသတ္တဝါရဲ့ အသေးဆုံးမြူမှုန်ဟာ
ငါ လုပ်နေတာ၊ လုပ်ခဲ့တာ အားလုံးထက်
တန်ဖိုးရှိတယ်။
နားထောင်ကြ။
ဟောကြားနေလေပေါ့။
တုန်ရီ၊ မြည်တမ်းကာ
ကနေ့ခေတ်ရဲ့ ဆူညံနှုတ်အာရှင် ဇာရာသူစတာ။
ငါတို့ဟာ
တက်အိပ်ထားတဲ့ အိပ်ရာခင်းလို မျက်နှာတွေနဲ့၊
မီးပဒေသာလို ချိတ်ဆွဲထားတဲ့ နှုတ်ခမ်းတွေနဲ့၊
ငါတို့ဟာ
ရွှေနဲ့ အညစ်အကြေးက နူနာကို ပေါက်ဖွား
လာစေတဲ့
မြို့တော်အနူရုံတွေက အကျဉ်းသားတွေ..
ငါတို့ဟာ ဗင်းနစ်မြို့ အပြာရောင်ထက် သန့်စင်ရဲ့၊
ပင်လယ်တွေ၊ နေတွေက တစ်ခါတည်း
ဆေးကြော ပစ်နေသလေ။
ဟိုမားတို့၊ ဩဗဲဒတို့မှာ
ကျောက်ပေါက်ခွက်ကျပ်ခိုးနဲ့
ကျုပ်ဆို့လို လူမျိုးတွေ
မရှိဘူး၊ မမှုပါဘူး။
ကျုပ်သိတယ်..
ကျုပ်တို့ဝိညာဉ်ရဲ့ ရွှေတွင်းတွေကိုသာ
မြင်ရရင်၊ နေ မှောင်သွားမယ်။
အကြောတို့ ကြွက်သားတို့က သူတောင်းစားထက်
သစ္စာရှိတယ်။
ငါတို့ခေတ်ရဲ့ အသနားကို တောင်းခံကြမတဲ့လား။
ငါတို့..
လူတိုင်း..
ကမ္ဘာကြီးရဲ့ စက်လည်ကြိုးတွေကို
တို့လက်ငါးချောင်းနဲ့ ကိုင်လို့ထား။
ဒါနဲ့ ပဲ ထရောဂရာဒ်၊ မော်စကို၊ ဩဒဲဆာ၊ ကိယဲဗ်
ခန်းမဆောင် ဂေါလသာလတောငါ့တွေပေါ်
တက်ခဲ့ရတာပါပဲ။
]ကားစင်တင်ကြ၊
သူ့ကို ကားစင်တင်ကြ}လို့
မအော်တဲ့သူ
တစ်ဦးတစ်လေမှ မရှိခဲ့ဘူး။
ဒါပေမယ့် ကျုပ်အဖို့တော့
လူတွေ၊
နာကြည်းအောင်လုပ်သူတွေ
ခင်ဗျားတို့ ကျုပ်အချစ်ဆုံး၊ အနီးဆုံး
တွေပဲပေါ့။
မြင်ဖူးကြတယ် မဟုတ်လား၊
ခွေးဟာ ရိုက်နှက်နေတဲ့လက်ကို လျက်နေတာလေ။
ငါဟာ
ရှည်လျား၊ ရုန့်ရင်းတဲ့ ဟာသပုံပြင်လို
ကနေ့ခေတ်လူမျိုးစုရဲ့
အရယ်အမောခံနေရတဲ့ ငါဟာ
အချိန်ရဲ့ တောင်တန်းတွေ ဖြတ်ပြီးလာနေတာကို
ဘယ်သူမှ မမြင်တာကို မြင်ပြီ။
လူတွေရဲ့ မျက်စိများ တိုနံ့နံ့
ပြတ်တောင်းနေကြရာ၊
ငတ်ပြတ်နေတဲ့ လူအုပ်ကြီးရဲ့ ရှေ့ဦးဆီ၊
တော်လှန်ရေးရဲ့ ဆူးသရဖူကို ဆောင်းတဲ့ကာ
ဆယ့်ခြောက်ခုနှစ် ချဥူ်လို့လာနေပြီ။
ကျုပ်က ခင်ဗျားတို့ထဲမှာ သူရဲ့ ရှေ့တော်ပြေး။
ကျုပ်က နာကျင်မှု ရှိလေရာတိုင်းမှာပေါ့။
မျက်ရည်တစ်စက်စက် ယိုစိမ့်လေရာရာ
ကိုယ့်ကိုကိုယ် ကားစင်တင်ခဲ့ပေါ့။
ဘာကိုမှ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ဘူး။
နူးညံ့ခြင်း ပေါက်ပွားရာ ဝိညာဉ်တို့ကို ကျုပ်
မီးရှို့ပစ်ခဲ့။
ဒါဟာ ဘာစတယ် အသိန်းအသန်းကို
သိမ်းပိုက်ရတာထက် ခဲခက်ရဲ့။
အဲဒီအခါ
သူရောက်လာတဲ့အခါ၊
ပုန်ကန်မှု ကြေငြာလို့လေ၊
ကယ်တင်ရှင်ဆီ ထွက်သွားချေကြ။
ခင်ဗျားတို့ကို ကျုပ်လေ
ဝိညာဉ်ကို ဆွဲထုတ်
ကြီးလာအောင်
နင်းချေ
သွေးအစွန်းစွန်းနဲ့ ပေးလိုက်မယ်၊ အလံအဖြစ်လေ။
Thursday, December 17, 2009
ဘောင်းဘီဝတ်မိုးတိမ် ( ၁ )
ဒါ ဖြစ်ခဲ့တယ်။
ဩဒိဆာမှာ ဖြစ်ခဲ့တယ်။
]လေးနာရီမှာ လာခဲ့မယ်}တဲ့ မာရီယာက။
ရှစ်
ကိုး
တစ်ဆယ်။
ညနေခင်းလဲ
ညရဲ့ ကြောက်ဖွယ်မှုဆီ
ပြတင်းပေါက်က ထွက်ပြေးပေါ့၊
မှိုင်းညို့၊
ဒီဇင်ဘာပီလို့။
အိုမင်းမစွမ်း ကျောပြင်နောက်မှာ ဟားတိုက်
ရယ်မောရစ်ကြပြီ။
ဖယောင်းတိုင်တွေ။
ကျုပ်ကို အခု မှတ်မိနိုင်ကြမယ် မဟုတ်ဘူး
အကြောပြိုင်းပြိုင်း အစုအပုံကြီး။
ညည်းညည်းညူညူ
တွန့်တွန့်လိမ်လိမ်နဲ့
ဘာများ ဒီအသားတုံးက လိုချင်ပါလိမ့်။
အသားတုံးကလဲ အများကြီး လိုချင်ပေရဲ့။
ငါ့အဖို့ အရေးမကြီးပါဘူး
ငါ့ကိုယ်ငါဟာ ကြေးဝါနဲ့ လုပ်ထားတာ၊
နှလုံးသားဟာလဲ အေးစက်စက်သံထည် ဖြစ်နေနေ။
ညမှာ ကိုယ့်အသံက
ပုန်းချင်ရဲ့ နူးညံ့ရာမှာ၊
မိန်းမ ဆန်ရာမှာ။
ဒီလိုနဲ့ ခု
အစုအပုံကြီး
ပြတင်းပေါက်မှာ ခါးကုန်းကုန်း၊
ပြတင်းမှန်မှာ နဖူးနဲ့လူလာနေပေါ့။
ချစ်ခြင်းမေတ္တာ ရမယ်လား၊ မရဘူးလား။
ဘယ်လိုမျိုးလဲအကြီး
ကြီးလား သေးသေးမွှားမွှားလေးလား။
ဒီလို ကိုယ်ခန္ဓာမျိုးမှာ ဘယ်ကြီးကြီးမားမား
ရမလဲ။
သေးသေးမွှားမွှားပဲ ဖြစ်မှာပေါ့။
နုံချာချာ အချစ်ပေါက်စလေး နေမှာပါပဲ
သူက မော်တော်ကားဟွန်းသံကို လန့်တတ်တယ်။
မြင်းချူသံကိုမှ ချစ်သတဲ့။
ဆက်လို့ဆက်လို့သာ
မျက်နှာကို မိုးရဲ့
ကျောက်ပေါက်မာမျက်နှာထဲ မြှုပ်ရင်း၊
စောင့်နေမိတယ်၊
မြို့တော်ဒီလှိုင်းရဲ့ အော်သံရဲ့ အပက်ခံရင်း။
ဓားကို မြှောက်ချီလို့ သန်းခေါင်
လိုက်မီလာပေါ့၊
ခုတ်ထစ်ချေပေါ့-
ဟိုမှာ သူ။
တစ်ဆယ့်နှစ်နာရီ ကျလာပေါ့၊
စဉ်းနှီးတုံးပေါ်က မင်းပြစ်ဒဏ်ခံရဲ့ ဦးခေါင်းလို။
မှန်ချပ်တွေပေါ် မဲပြာပြာ မိုးစက် မိုးပေါက်များ
အော်မြည်ကြွေးနေကြ၊
မဲ့ရွဲ့ရွဲ့မျက်နှာထားတွေ စုပုံလို့ ထားကြ
ပါရီက မယ်တော်မြတ် ဘုရားကျောင်းမှာ
ဘီလူးရုပ်တွေ အူနေကြသလိုပ။
သောက်ကျိုးနဲ။
ဘယ့်နှယ်၊ ဒီလောက်နဲ့ မတော်သေးဘူးလား။
မကြာခင် ကွေးကွေးလေး နှုတ်ခမ်းက ရွဲ့လာခဲ့။
ကြားရတယ်..
တိုးတိတ်တိတ်
လူမမာ ခုတင်ပေါ်က
နာဗ်ကြော ခုန်ထလေပေါ့။
ပြီးတော့
ပထမ မရွေ့သလိုလို
ရွေ့သလိုလို
နောက်တော့ ထပြေးလေရဲ့၊
စိတ်စက် လှုပ်ရှားလို့၊
တဒုတ်ဒုတ် မြည်လို့။
ခုတော့ သူရယ် အသက်နှစ်ခုရယ်၊
အရူးအမူး ထကြွခုန်ပေါက်ကြပေါ့။
အောက်ထပ်မှာ အင်္ဂတေ ပြိုကျလေပေါ့။
နာဗ်ကြောတွေ
အကြီးကြီးတွေ
အသေးလေးတွေ
အများကြီးပဲအရ
ူးအမူး ခုန်ကြပေါက်ကြ၊
ခုတော့
နာဗ်ကြောရဲ့ ခြေတွေ ပုံလဲကျကုန်တော့တယ်။
အခန်းထဲမှာ ညဟာ စေးပျစ်စေးပျစ်လို့
လာတော့တယ်။
ရွံ့စေးထဲကတေ လေးလံတဲ့ မျက်လုံးကို
ဆွဲနှုတ်လို့ မရဘူး။
တံခါးတွေ ဗြုန်းဆို သွားချင်ကြိတ်ကြ
တကထဲ ဟိုတယ်မှာ သွားချင်သွား ထိမရသလိုပဲ။
မင်းဝင်လာတယ်
]ကိုင်း-ရော့}ဆိုသလို ဗြုန်းစားဟန်မျိုး၊
ဆိတ်ရေလက်အိတ်လေးတွေ နှိပ်စက်ရင်း
ပြောပြတယ်
]သိပဘား
ကျွန်မ လက်ထပ်တော့မယ်}တဲ့။
ဒီလိုလား၊ လုပ်ပေါ့လေ။
ကိစ္စမရှိပါဘူး။
စိတ်တင်းပါ့မယ်။
ကြည့်လေ-တည်ငြိမ်နေပုံများ။
လူသေကောင်ရဲ့
သွေးခုန်ပုံမျိုးပ။
မှတ်မိသေးလား။
မင်း ပြောခဲ့တာတွေ
]ဂျက်လန်ဒန်၊
ငွေ၊
အချစ်၊
ရမ္မက်}တဲ့
ငါ တစ်ခုပဲ မြင်မိတယ်
မင်းဟာ ဂျီယကောန်ဒါ၊
ခိုးယူမှ ရမယ့် သူပဲ။
ခိုးယူသွားကြပြီပေါ့။
တစ်ခါ ချစ်စိတ်မွှန်လို့ ကစားဖက်
လိုက်ဦးတော့မယ်။
မျက်ခုံးကွေးတွေ မိးလျှံနဲ့ ဝင်းလက်လို့ပေါ့။
ဒီတော့ကော။
မီးလောင်ပျက်ယွင်း အိမ်ထဲမှယ
တစ်ခါတလေ အိုးမဲ့ အိမ်မဲ့ တေလေတို့ နေကြသပ။
ပြောင်လှောင်ကြတယ်လား။
]သူတောင်းစားရဲ့ ပြားစေ့ထက်တောင်
မင်းရူးသွပ်မှုရဲ့ မြတွေက အဖိုးနည်းလေရဲ့}တဲ့။
မှတ်မိကြရဲ့လား။
ဗဲဆုဗိယုစ်ကို ပြောင်လှောင်ကြတဲ့အခါ
ပေါမ်ပဲယီ ပျက်သုန်းခဲ့ရတာကော။
ဗျိုး။
အမျိုးကောင်းသားတို့။
သာသနာထိပါးမှု၊
ရာဇဝတ်မှု၊
သတ်ဖြတ်မှုတွေကို
မြတ်နိုးသူကြီးတို့
ကြောက်စရာ အကောင်းဆုံးကို
မြင်ဖူးကြရဲ့လား
ကျုပ်
လုံးလုံးလျားလျား ငြိမ်ဆိတ်
နေတဲ့အခါ
ကျုပ်မျက်နှာလေ။
ထင်ပါတယ်လေ
]ကျုပ်}ဆိုတာ
ကျုပ်အဖို့ သေးငယ်ပါတယ်။
တစ်စုံတစ်ဦး ကျုပ်အထဲက ချိုးနှိမ်မရ
ထွက်လာလိမ့်မဗျ
ဟယ်လို။
ဘယ်သူစကား ပြောနေပါလဲ။
မေမေလား။
မေမေ။
မေမေ သားတော့ လှလှပပ ဖျားပေါ့။
မေမေ။
သူ့နှလုံးသားကို မီးလောင်နေပြီ။
ညီမလေး ယျူဒ်နဲ့ အော်လျာကို ပြောလိုက်ပါ..
သူလွတ်လမ်း မမြင်တော့ဘူးလို့။
စကားလုံးတိုင်းဟာ
ပြက်လုံးတောင်မှပဲပေါ့
ပူလောင်ကျွမ်းနေတဲ့ ပါးစပ်က
သူ အန်ထုတ်လိုက်သမို့
ထိုးထွက်လာလိုက်တာ ဝတ်လစ်စလစ်
ပြည့်တန်ဆာမ
မီးလောင်နေတဲ့ နတ်နန်းထဲက ပြေးထွက်လာသလိုပ။
လူတွေ အနံ့ခံနေကြတယ်..
ညှော်စော်နံသဟ။
ဘယ်သူတွေမှန်း မသိရောက်လို့လာ
ပြောင်ပြောင်လက်လက်ပဲ။
ဘွတ်ဖိနပ်တွေနဲ့ မရဘူး။
မိးသတ်သမားတွေကို ပြောလိုက်ပ..
မီးလောင်နေတဲ့ နှလုံးသားပေါ် အနမ်းနဲ့
တက်ရတယ်လို့
ကျုပ်ဘာသာပဲ လုပ်မယ်။
မျက်ရည်ရွှဲ မျက်လုံးတွေကို စည်းပိုင်းတွေနဲ့
စုတ်ယူမယ်။
နံရိုးတွေပေါ် မှီထားပါရစေ။
ခုန်လိုက်မယ်။ ခုန်လိုက်မယ်။ ခုန်လိုက်မယ်။
ခုန်လိုက်မယ်။
ပြိုကျကုန်ပြီ။
နှလုံးထဲက ခုန်ထွက်မရပါလား။
လောင်ကျွမ်းနေတဲ့ မျက်နှာပေါ်မှာ
အက်နေတဲ့ နှုတ်ခမ်းကနေ
မီးသွေးဖြစ်နေတဲ့ အနမ်းကလေး
ထွက်ပြူလာလေရဲ့။
မေမေ
ကျုပ်တေးမသီနိုင်တော့ဘူး
နှလုံးသားရဲ့ ဘုရားကျောင်းထဲ တေးအဖွဲ့
မီးစွဲလောင်ခဲ့။
မီးလောင်နေတဲ့ အဆောက်အဦးထဲက
ကလေးများနှယ်
ဦးခေါင်းခွံထဲက
မီးသင့်စကားလုံးနဲ့ ကိန်းဂဏန်း အရုပ်များ။
အဲသလိုနဲ့ ကြောက်ရွံ့စိတ်ဟာ
ကောင်းကင်ကို လှမ်းကိုင်ဖို့
မြှောက်ချီခဲ့သပ
]လူဇီတာနီယာ}ရဲ့ လောင်ကျွမ်းနေတဲ့ လက်များ။
အိမ်ခန်း ဆိတ်ငြိမ်မှုထဲမှာ
လူတွေ တုန်တုန်ရီရီ
မျက်လုံးတစ်ရာ အလင်းဆိပ်ကမ်းကနေ
ဆုတ်ဖြဲနေပေါ့။
နောက်ဆုံးအော်သံတို့
ယုတ်စွအဆုံး အသင်
ငါ မီးလောင်ခဲ့ကြောင်း ရာစုနှစ်အဆက်ဆက်
အော်ရစ်တော့။
Tuesday, December 8, 2009
ဘောင်းဘီဝတ်မိုးတိမ်
မြန်မာကျော် ဆရာမောင်သာနိုးက ဘာသာပြန်ပြီး ကျူးပစ်ဖိုရမ်မှ မန်ဘာ nickybuddy မှတဆင့် ရရှိပါတယ် . ခံစားကြည့်ကြပါ .. ။
ဘောင်းဘီဝတ်မိုးတိမ်
စကားချီး
အဆီပြန်ဆိုဖာပေါ် ဝ၀ပြဲပြဲ လက်ပါးစေလို
နူးညံ့ပျော့အိ ဦးနှောက်ထက်မှာ အိပ်မက်မက်နေတဲ့
ခင်ဗျားတို့ရဲ့ စိတ်ကူးကို
သွေးစွန်းတဲ့ နှလုံးသားရဲ့ အဝတ်စုတ်နဲ့
လှောင်ပြောင်လိုက်
မထိလေးစား စပ်ပူစပ်လောင် ဝလန်အောင်
သရော်လိုက်မယ်။
ကျုပ်ဝိညာဉ်မှာ ဆံဖြူတစ်ပင်မရှိဘူး
အဘိုးအိုဆန်တဲ့ နူးညံ့ သိမ်မွေ့မှုမျိုး ဝေလာဝေး၊
ခွန်အားပြည့်ဝတဲ့ အသံနဲ့ လောကကို ထစ်ချုန်းလို့
ကျုပ်သွားနေတယ်၊ လူချော လူလှ
နှစ်ဆယ့်နှစ်နှစ်သားကလေး။
လူသိမ်လူမွေ့တို့
ခင်ဗျားတို့က ချစ်ခြင်းမေတ္တာကို တယောပေါ်
တင်ကြတယ်။
အရိုင်းအစိုင်းတို့ကတော့ မေတ္တာကို ဗုံပေါ်
တင်ကြရဲ့။
ဒါပေမယ့် ထူထဲထဲ နှုတ်ခမ်းတွေချည့်
ဖြစ်သွားအောင်
ကျုပ်လို ပြောင်းပြန် လှန်ပစ်ဖို့တော့
တတ်နိုင်မယ် မဟုတ်ဘူး။
ပိုးဖဲထည်လွှမ်း ဧည့်ခန်းထဲက
ပညာယူဖို့ ထွက်လာခဲ့ကြ။
နတ်မျိုးနွယ်ဂိုဏ်းဝင် ဗျူရိုကရက် ကိုလူချောတို့။
ထမင်းချက်ဟာ ချက်ပြုတ်နည်းစာအုပ်
စာမျက်နှာတွေ လှန်သလို
နှုတ်ခမ်းတွေကို ငြိမ်ဆိတ်ဆိတ် လှန်လှောတတ်သူတို့။
ဆန္ဒရှိကြရင်ဒေါသမာန်ထန်ပြင်းတဲ့ သွေးနဲ့သားနဲ့ ဖြစ်ပြမယ်။
ပြီး ကောင်းကင်လို အသံပြောင်းလို့မို့
ဆန္ဒရှိကြရင်ပြောစရာ မရှိအောင် နူးညံ့ပြလိုက်မယ်။
ယောင်္ကျားမဟုတ်-ဘောင်းဘီဝတ် မိုးတိမ်ရယ်လို့။
ပန်းဝေဝေနဲ့ နိဆရှိတယ်လို့ ကျုပ်မယုံဘူး
တခါထပ်ပြီး ကျုပ် ဟိမဝန္တာ ချီးကျူးခန်း
ဖွင့်လိုက်ဦးမယ်ဆေးရုံလို လျောင်းစက်နေကြတဲ့ ယောင်္ကျားတွေကို
စကားပုံလို ဟောင်းမြင်းနေတဲ့ မိန်းမတွေကို။
Wednesday, December 2, 2009
ဇာတ်မျော
မျက်ရည်မခိုင်ဘဲနဲ့တော့
နေရာဟောင်းလေးဆီ ဘယ်လိုပြန်သွားရနိုင်မလဲ။
ရာသီဥတုတွေ ကိုယ့်ဘက်ပါကတည်းက
အသည်းကွဲခြင်းမှာ မွေ့လျော်ဖို့ကို
ငါ့ကိုယ်ကို ကဗျာဖွဲ့ပြီး
ယဲ့ယဲ့လေး လည်စင်းစောင့်နေခဲ့သူပါ။
ဘာမှမလိုချင်ဘူးချစ်သူ
ရဲရဲကြီး ခုတ်ဖြတ်ထားရစ်ခဲ့တော့
တောင်စွယ်နေကွယ်ချိန်မှဆို
မင်းကိုဘယ်သူပြန်ပို့မလဲ
အမှောင်ညထဲ ငါသေလည်း စိုးထိတ်နေဦးမယ်။
တစ်ဘဝလုံးနဲ့ ]က} ခဲ့တာတောင်
ဇာတ်ညွှန်းဖတ်ခွင့်မရတဲ့ ပြဇာတ်ကို
ဘယ်နှစ်ယောက်မြောက် ငါ ]က} မိတာလဲ
အဲဒီခေါင်းစဉ်
]အချစ်} လို့ နင်မတပ်လိုက်ခင်အထိ
ခုတော့
ပိပိရိရိ အလှည့်စားခံ။
သစ္စာပိုင်စိုး
Thursday, November 26, 2009
ဝေးကျန်ခဲ့နေ့
မှာတမ်း မရခဲ့သူ။
ကိုယ့်နှစ်ဆယ့်လေးနာရီ ကမ်းလုံးပြည့်
စပယ်တွေ တဖွေးဖွေြးွေကခန်း
ဘယ်အနမ်းနဲ့မှ မကြေတော့။
သစ္စာတရား အပြိုအပျက်ကြား
ဆွဲမိဆွဲရာ ကိုယ့်ကဗျာအစအနတွေ
အငြိုးနဲ့ ကျွမ်းလောင်။
ရွတ်ဆိုနေကျ
နာမည်လေး ပြေးထွက်အသွားမှာ
ပဲ့တင့်သံတွေ ပြန်မလာဘူး
ရယ်ရင် ပေါ့ပေမယ့်
ငိုပြီး လေးနေမိ။
ကမ္ဘာ့ကြေကွဲစရာများထဲ
ကိုယ့်ရင်နင့်မှု အပြင်းဆုံး
ဒီနေ့သတင်းစာမှာ မပါတာကလွဲရင်
ကိုယ့်အသည်းကွဲခြင်း
တခမ်းတနား ကြီးကျယ်တယ်။
သစ္စာပိုင်စိုး
Wednesday, November 18, 2009
ဇေယျာလင်းအရေးအသားလို မိန်းမ
စာရွက်လှန်လိုက်မိတာက ငါ့အမှား
အဓိပ္ပါယ် ရွဲ့စောင်းလို့
ဝမရှိပဲဝိလုပ်ချင်တဲ့ ရုပ်တု
မင်းဟာ..ငါမကြိုက်တော့တဲ့ ကဗျာ
ငါမကိုးကွယ်နိုင်တဲ့ ဘာသာရေး
ရှင်ပြောတော့ ကျွန်မကရှင်မဖဲ့နွဲ့နွိုင်တဲ့ သင်္ကေတဆို
ငါ
ဆွဲဆောင့်လိုက်ရရင် ပွင့်ထွက်သွားတော့မယ်
ပြောင်းလဲခြင်းဟာ အမှန်တရား
အနိစ္စကို စာလုံးမှန်အောင် မပေါင်းတတ်ဘဲ
နထ္ထိဝါဒအကြောင်း လာမပြောနဲ့
အချစ်မရှိဘူးဆိုရင် ကျွန်မသတ်သေလိုက်တော့မယ်
ဘာလဲ
မင်းက ဆီလီယာပလာသ့်မို့လို့လား
အနုပညာနဲ့ အတင်းပြောတာ
လှပတဲ့ အောက်တန်းကျမှုပဲ
ရော့ခ်.....ရော့ခ်
ရှင်ကျွန်မကို စိတ်ဆင်းရဲအောင် မလုပ်နဲ့
ရော့ခ်.....ရော့ခ်
အစွယ်အဖွေးသားနဲ့
မြွေဟောက်လို မိန်းမ
မင်းလေသံကို ကီးချိန်းစမ်း
မင်းလျှာကို ခေါက်ထားစမ်း
ကျွန်မတို့ ရင်ကြားစေ့လို့ မရနိုင်တော့ဘူးလား
မိတ္တဗလ ဋီကာစာသားတွေ
လူမှုဆက်ဆံရေး သင်တန်းမှာ သွားပြော
ငွေေ ကြး လိင်န့ဂဲုဏ်ဒြပ်
မိန်းမတွေ အလိုရှိတာ ဒါပဲမဟုတ်လား
အမှန်တရားမို့ နားခါးမယ်
ငါ့ကို
အဲ့ဒီမြွေမျက်လုံးမျိုးနဲ့ မကြည့်နဲ့
ကိုယ့် အဓိပ္ပါယ်နဲ့ ကိုယ်နေ
အဖြစ်မှန်ကို မြင်အောင်ကြည့်
အိမ်ထောင်ရေးဆိုတာ
လူနှစ်ယောက်အပြန်အလှန် စစ်ကြေငြာခြင်းပဲ
အချစ်ဆိုတာ
ယာယီ အပစ်အခတ် ရပ်စဲထားခြင်းပဲ
ငါဟာ
ပေါက်ကဖွဲို့ အသင့်ဖြစ်နေတဲ့
ဗုံးတစ်လုံး
ရက်စ်အော်နိုး
ဒူးအော်ဒိုင်း
ဗို့အား ၆၆၀ဝ
သတိ အန္တရယ်
သေတတ်တယ်။
အောင်ရင်ငြိမ်း
Thursday, November 12, 2009
ဒီအခန်းကို မင်းမဝင်ရဘူး ရိုစီ
မင်းမဝင်ရဘူး ... ရိုစီ။
ဒီအခန်းဟာ
ကမ္ဘာဦးကျမ်းရဲ့
ပထမဦးဆုံးသော သင်ခန်းစာ
ဒါပေမယ့်
ငါ့အခန်းကို
မင်းမဝင်ပါနဲ့ ... ရိုစီ။
ကမ္ဘာဦးအစကတည်းက
ဒီအခန်းကြောင့်
လူသားတွေ အားလုံး
စီးကရက်တစ်လိပ်လို
လောင်ကျွမ်းခဲ့ကြ။
ဒီအခန်းဟာ
ကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေး
အနုပညာ
သစ္စာတရားနဲ့
အခြား ... အရာများစွာကိုလည်း
မွေးဖွားပေးခဲ့။
သန့်စင်မွန်မြတ်တဲ့ ..ဒီအခန်း
ကြီးကျယ်ခမ်းနားတဲ့ ..ဒီအခန်း
ဆာလောင်မွတ်သိပ် ယုံကြည်စွာ
မင်းနဲ့ငါ
ရင်ဆိုင်ဖြတ်သန်းချင်ပေမယ့်။
ရိုစီ
အဘယ်မျှ ချိုမြိန်သော
သစ်သီးတစ်လုံးဖြစ်စေ
ဘုရားသခင်တားမြစ်ခဲ့တဲ့
ဒီအခန်းအတွက်
ငါတို့...
ရင်ဘတ်တစ်ခြမ်းနဲ့
လွမ်းနေကြမယ်။
သက်ဝေကိုကို
Tuesday, November 3, 2009
ဒုတိယတန်းစား
ခြင်္သေ့တစ်ကောင် ရှိပါတယ်
သူက ...
ကျွန်တော့် စကားနွမ်းတွေကို
မစားသုံးချင်ဘူးတဲ့။
ကောင်းကင်ရဲ့အောက်မှာ
လတ်ဆတ်တာ ဘာမှမရှိဘူးလို့
ဖြောင့်ဖျတာတောင်မှ
သူက .. မကျေနပ်နိုင်ဘူး။
ကျွန်တော့်ကို
တစ်ချိန်လုံးကုတ်ခြစ်ကာ
ဟိန်းဟောက်လိုက်
တောင်းပန်လိုက်နဲ့ပါပဲ။
ကဲ ...
မီးတောင်လို ပေါက်ကွဲလို့
သူ ..
လွတ်လာပြီဆိုပါစို့ ..။
ဘယ်မှာလဲ ... သူ့ကောင်းကင်
ဘယ်မှာလဲ ... သူ့လွင်ပြင်။
သူက အရိုင်းဆန်တယ်
ကျွန်တော့်လို လိုက်လျောညီထွေ
မနေတတ်ဘူး၊
ဆင်ခြေဖုံးရပ်ကွက်က
ထပ်ခိုးလေးတစ်ခုတောင်
သူ ခိုလှုံဖို့ ရမှာမဟုတ်ဘူး။
ကျွန်တော့်လို ဒုတိယတန်းစားတွေနဲ့
မပတ်သက်ချင်ပါဘူးလို့
သူဘယ်လောက်ပြောပြော
သူ့ထွက်ပေါက်ကို ပိတ်ထားရမှာပဲ။
နာကျင်၊ မောပန်း၊ လေးလံ
အာရုံတွေ ကန်းခဲ့ပြီ ...။
ပျံသန်းနေတဲ့
တိမ်တိုက်တွေမြင်ရင်တောင်
အားကျရမှန်းမှ မသိ
ထုံပေပေစိတ်နဲ့သာ
ကြည့်နေမိတော့တယ်။
ခုနေများ ...
တန်ခိုးရှင်တစ်ပါးက
ပျော်စေသတည်း လို့
ကောင်းချီးပေးရင်တောင်
နှစ်များစွာက အေးခဲခဲ့တဲ့
မျက်ရည်တွေသာ
ပျော်ကျလာမယ် ထင်ပါရဲ့ ...။
တင်မင်းထက်
(စက်မှုတက္ကသိုလ်မှ အမည်မသိကဗျာစာအုပ်)
Wednesday, October 28, 2009
ဆယ်ကျော်သက်ရဲ့ ရည်းစားစာ
တစ်ဟုန်ထိုးမောင်းနှင်ခဲ့တဲ့ စွန့်စားခန်းတစ်ခုကို
အနားကပ်ပြီး မီးနီမပြလိုက်ပါနဲ့ .. ချစ်သူ
ငါဟာ အချစ်မှာ ဘရိတ်ပေါက်နေတဲ့ ကားတစ်စီးပါ။
အချစ်ရဲ့ အနိုင်အရှုံးကို ရွှေဂိုးနဲ့ ဆုံးဖြတ်မယ်တဲ့
ချစ်သူရယ် . .
တစ်ဖတ်သားကို ကိုယ်ယောင်ပြလှည့်စားပြီး
လွတ်လွတ်ကျွတ်ကျွတ်ကန်တင်လိုက်တဲ့ နှလုံးသားကို
အပြိုင်ဂိုးသွင်းဖို့ ခပ်ကြမ်းကြမ်းကစားမိတဲ့အခါ
ငါ့ကို အနီကပ်မပြပါနဲ့။
ငါ့တစ်ယောက်ထဲ အခန်းထဲမှာ . .
မင်းအကြည့်ရောင်စုံကို နံရံမှာ ခြယ်သရင်း
မင်းအပြုံးပွင့်တွေ တမ်းတမ်းတတ ပန်းလိုတွဲသီရင်း
မင်းရဲ့ ကိုယ်ဟန်လေးတွေ ငါ့မှန်ပြတင်းမှာ အရိပ်ထိုးရင်း
ငါမော့သောက်ခဲ့ဖူးတဲ့ မင်းရနံ့တွေ
ငါမေ့လျော့ခဲ့တဲ့ မင်းမျက်ဝန်းထဲက နေ့များစွာ
ငါနစ်မြုတ်ခဲ့တဲ့ မင်းရယ်သံထဲက နာရီများစွာ
မင်းလက်ဖမိုး သွေးကြောစိမ်းလေးတွေက တစ်ဆင့်
ငါ့နှလုံးသားထဲ ပြင်းပြင်းပြပြ စီးဆင်းသွားကြပေါ့။
ဒါတွေအားလုံးဟာ
ကမ္ဘာလဆန်းတစ်ရက်နေ့အထိ
ရေးနေမိဦးမယ့် ငါ့ဒိုင်ယာရီပါ။
ဘယ်မှာလဲဟင် . .
မင်းရဲ့ ငဲ့ကြည့်ညှာတာ အကြင်နာ . .
ဒါဟာ
အရိုးမရှိတဲ့ လျှာပေါ်က
ကယောင်ကတမ်းစကားတွေ မဟုတ်ပါဘူး
သွေးအက္ခဂာနဲ့ ထုဆစ်ထားတဲ့ စကားတွေပါ။
ငါ့အစွဲအလမ်းလေးရေ . .
နေရာတကာမှာ ခေါင်းမာခဲ့ပြီး
အသည်းမာတယ် ခံနိုင်ရည်ရှိတယ်လို့
ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့တဲ့ကောင်ကို
မင်းရင်ခွင်မှာ . . ဒီတစ်ခါတော့
နှစ်နှစ်ကာကာ ကျဆုံးခွင့်ပေးပါ။
(အချစ်ကိုယ်စားပြုဝါကျများ)
သျှီသူအောင်
Friday, October 9, 2009
ဆာမူရိုင်း သီချင်း
ရဲတင်းခြင်းကို ငါ အမိုးလုပ်ခ့တဲ ယ်။
ငါ့မှာ ညဥ့်နက်စာမရှိခဲ့တုန်းက
ငါ့မျက်လုံးတွေဟာ ညစာစားသောက်ခဲ့ကြတယ်။
ငါ့မှာ မျက်စိ မရှိခဲ့တုန်းက
ငါ နားစွင့်ခဲ့တယ်။
ငါ့မှာ နားမရှိခဲ့တုန်းက
ငါ စဉ်းစားတွေးခေါ်ခဲ့တယ်။
ငါ့မှာ စဉ်းစားတွေးခေါ်မှု မရှိခဲ့တုန်းက
ငါ စောင့်နေခဲ့တယ်။
ငါ့မှာ အဖေမရှိခဲ့တုန်းက
စောင့်ရှောက်ခြင်းက ငါ့အဖေလုပ်ခ့တဲ ယ်။
ငါ့မှာ အမေမရှိခဲ့တုန်းက
စည်းစနစ်ရှိခြင်းကို ငါ ထွေးပွေ့ ခဲ့တယ်။
ငါ့မှာ မိတ်ဆွေ မရှိခဲ့တုန်းက
တိတ်ဆိတ်မှုဟာ ငါ့မိတ်ဆွေ။
ငါ့မှာ ရန်သူ မရှိတုန်းက
ငါ့ကိုယ်ခန္ဓာ ငါ ပြန်ဆန့်ကျင်ခဲ့တယ်။
ငါ့မှာ ဝတ်ပြုကျောင်း မရှိခဲ့တုန်းက
ငါ့စကားသံဟာ ငါ ဝတ်ပြုရာကျောင်း။
ငါ့မှာ ဘုန်းတော်ကြီးမရှိ
ငါ့လျှာဟာ ဓမ္မတေးသံစုံအဖွဲ့ ။
ငါ့မှာ ငွေကြေး မရှိခဲ့တုန်းက
ကံကြမ္မာဟာ ငါ့ငွေကြေး။
ငါ့မှာ ဘာတစ်ခုမှ မရှိခဲ့တုန်းက
သေခြင်းတရားဟာ ငါ့ကြွယ်ဝမှု။
လိုအပ်ချက်ဟာ ငါ့နည်းဗျူဟာ
သံယောဇဉ်ကင်းခြင်းဟာ ငါ့ မဟာဗျူဟာ။
ချစ်သူရည်းစား မရှိခဲ့တုန်းက
ငါ့အိပ်စက်ခြင်းကိုပဲ ငါပိုးပန်းခဲ့တယ်။
samurai song ....ရောဘတ် ပင်စကီး (Robery Pinsky)
ဇေယျာလင်းဘာသာပြန်ဆိုသည်
Wednesday, September 30, 2009
မိသားစု
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လဲခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလဲအကုန်။
လဲကျသွားတဲ့ ငါအဖေနေရာက
ငါညီလေးဝင်ခဲ့ တယ်
ယိုင်နဲ့သွားတဲ့ ငါအမေရဲ့ နေရာက
ငါညီမလေး ဝင်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါအတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘဝတစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါမိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါမိသားစုမှာ ငါဟာ မလဲုခြုံတဲ့ထရံ
ငါကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါမိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါမိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘော်လုံးအသင်းဟာ ငါ မိသားစုပဲ
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။
စိုင်းဝင်းမြင့်
Wednesday, September 23, 2009
နားနားပြီးပြော
ဘယ်မှမရောက်တဲ့ လမ်းတွေနဲ့
ကျွန်တော်ယူထားတဲ့ ယာဉ်ကြောက ဘယ်တော့မှ မမောဘူး။
ဘယ်တော့မှ မကျေဘူးဆိုတဲ့ အကြွေးကို မသေမချင်းဆပ်လို့
ဘယ်တော့မှ မသေဘူးဆိုတဲ့ ကဗျာကို အညံ့ခံရေးလို့
အိမ်ပြန်ခဲ့တယ်ဆိုတာလည်း အရာရာအားလုံးနဲ့လွဲလို့။
တစ်ခုနဲ့တစ်ခု ရှေ့ဆက်ဖို့
ဆက်သွယ်ထားတာလည်း တေ့ဆက် မီးနီက အနုတ်လက္ကဏာကို သုညအထိ ပြတယ်
လမ်းမှာတွေ့တာ ဆိုတော့ ခေါင်းထဲမရောက်ဘူး။
ပြန်လမ်းမရှိတဲ့ နေရောင်မှာ
တို့နှစ်ယောက်ဝေးကွာနေရတာလည်းငွေကြေးတစ်ခုတည်း
ဒီအကြောင်းကိုစကားစမိတော့
ကောင်မလေးက အဲဒါဘယ်နှစ်နှစ်ရှိပြီလဲ
ကျွန်တော်ကအရင်ဘဝကအဆက်တွေ။ ။
စိုင်းဝင်
Wednesday, September 16, 2009
Wednesday, September 9, 2009
Tuesday, September 1, 2009
ငုဝါ
ကွေ့ ကောက်ပစ်လိုက်ကြရုံ
ရင်ထဲငုဝါတွေပွင့်လာတာလောက်
ကျွန်တော့် ကမ္ဘာခမ်းနားတာမရှိဘူး
အဝါကိုချစ်တဲ့စိတ်ကလေးနဲ့
မြင်ခွင့်ဝေးဝေးအဖြစ်က
ရင်ကိုဘောင်ဘင်ခတ်စေတယ်
အညာကတမာတန်းလေးလဲအဝါပဲလား
ဒါက
ခါးသက်ခြင်းကိုအညှာမလွယ်စေတဲ့
အကြောင်းရင်းဖြစ်တယ်
မင်းကိုယ်သင်းရနံ့လေး
လေထဲငြိနေပုံအဝါ
ရေကြည်ရာမြက်နုရာအပေါ်မှာလဲ
ကျွန်တော့်စိတ်မလွင့်ဘူး
ဘဝမှာတစ်ခုတည်းသော
သစ္စာတရားသည်အဝါ
သတိရစိတ်တွေ
လေသင့်တိုင်းအရှိုက်ကိုထိလို့
ကျွန်တော်ကအလွမ်းမှာအရင်လိုပေရှည်နေမိ
သူလည်း လူနှစ်ယောက်ကို
ဝေးကွာသွားစေနိုင်သောသွေးအေးမှုနဲ့
ဆေးသားမပြယ့်တစ်ပြယ်
အဝါရောင်လမ်းကလေးကိုကျောပေးလို့..။
ညီပြေဇံ
Wednesday, August 26, 2009
ငါး
ငါးရယ်လို့တစ်ကောင်တစ်လေမှမမိ
ကြည်စမ်း၊မိမယ့်မိတော့
စကြာဝဠာကြီး အပေါ်ကိုဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တံဖြစ်သွား
ငါ့ ကိုပြန်မျှားခဲ့ပေါ့ ။ ။
မောင်ချောနွယ်
Wednesday, August 19, 2009
Tuesday, August 11, 2009
မိုနာလီဇာသို့ ရင်ဖွင့်ခြင်း
မိုနာလီဇာ
အချစ်ဆုံးပါလို့
စကားလုံးတွေ မတပ်ချင်ဘူးကွယ်။
မင်းအပြုံးတွေ
ဆွတ်ယူဖမ်းစားခဲ့ လို့
အလင်္ကာနဲ့ သင်္ခါရ
ပျက်လုံးထုတ်ခံရပေါင်းလဲ .. များပြီ။
ညီမျှခြင်းတွေထဲက
မညီမျှခြင်းတွေအတွက်
သိမ်မွေ့စွာ ကြိုးစားပါရစေ
ငါ့ဝိဥာဉ်တွေ .. မသန့်စင်တော့ဘူး။
မိုနာလီဇာ
ခံစားမှု စစ်စစ်ထဲကို
တိုးဝင်ငြိတွယ်ရင်း
ချိန်ခွင်ငြှာ ညှိတဲ့ ခဏ
ဟိုး ... ဝေးဝေးမှာ ပြေးထွက်စွန့်ခွာ
ကျောခိုင်းထားလိုက်စမ်းပါ။
ဒီမှာ
မိုနာလီဇာ
မပြတ်သားခြင်းတွေနဲ့
ယဉ်ပါးခဲ့ လို့
အသည်းနှလုံးဆိုတဲ့ တန်ဘိုးဟာ
အမြဲတမ်း ဆုံးပါးခဲ့ ရတယ်
အညတရရဲ့ အတ္တအတွက်
ဘဝမှာနေပျော်ဖို့
ဖျော်ဖြေရေး တေးတစ်ပုဒ်
အဟုတ်ကို
နားမထောင်ချင်ဘူးကွယ်။
ဒါပေမယ့်
ရာစုများစွာရဲ့
ဂြိုလ်နက္ခတ်တွေ ဖြတ်သန်းရင်း
ချေးညှော်ညစ်ထပ်
ထုံထိုင်းလေးလံလွန်းလို့
သတ္တုသံပေါက်နေတဲ့
ငါ့အသံနက်နက်နဲ့
ဟစ်အော်လိုက်တော့မယ်
မင်းအပြုံးတွေ .. ရုတ်သိမ်းပေးပါ
မိုနာလီဇာ
ငါ ...
ပြတ်..သား ..ချင် ..တယ် ။
နေဆူးသစ်
Tuesday, August 4, 2009
အေးစက်စက် မီးလျှံ
လေးလံနေတဲ့ ငါ့ကောင်းကင်
တိမ်တိုက်တွေ အထပ်ထပ်။
ငါ့ရဲ့ အခွံသက်သက်မီးအိမ်မှာ
ထွန်းညှိမယ့် ပန်းတစ်ပွင့်
မင်းမဖြစ်သေးသမျှ
အထီးကျန် ဆန်နေရဦးမယ်။
... ... ဆန်းကြယ်စွာ
(ဒါမှမဟုတ်) ရိုးစင်းစွာ
မင်း သိလာပါလိမ့်မယ်။
ငါ့ရင်ပြင်တစ်ခွင်လုံး
မငြှိမ်းရက်တဲ့မီးတွေ
မြင်ရင်တောင် ငဲ့ညှာမနေပါနဲ့
လောင်ကျွမ်းခြင်း မင်းအတွက်မို့
ငြိမ်းအေးမှုလို့ ငါမှတ်ယူပါ့မယ်။
မင်းမျက်ဝန်းရဲ့ မြားတစ်စင်း
ငါ့စိတ်ကို ညှို့ငင်
စကားလုံးတွေ
ငါ့နှုတ်ခမ်းများကို တံခါးခေါက်နေပြီ။
ရိုးဖြောင့်တဲ့ မြစ်တစ်စင်းပမာ
တည်ငြိမ်လွတ်လပ်စွာ
စီးဆင်းလာခဲ့သမျှ
ငါ မြိုသိပ်ခဲ့ရတာတွေ
မင်းကိုနွေးထွေးစေနိုင်ပါ့မလား...။
ငါခံစားရသမျှ
မင်းခံစားနိုင်မယ်ဆိုရင်
ဒီလောက်ထိခြောက်သွေ့နေမယ်မထင်ဘူး
ငါ့ရဲ့နက်ရှိုင်းမှုကို
မင်းနားမလည်နိုင်သေးလေတော့
မင်းရဲ့မီးလျှံက အေးစက်စက်။ ။
တင်မင်းထက်
(၀ိညာဉ်ပြာတို့ မိုးကောင်းကင်၊ ၁၉၉၂)
Sunday, July 26, 2009
Wednesday, July 22, 2009
Tuesday, July 14, 2009
တယ်လီဖုန်း
မျှော်လင့် ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး . . .။
ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
သံသယဖြစ်နေကြတာလဲ . . .၊
]ယုံကြည်ပါ}လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ ရဲ့သားနဲ့ . .။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေဖြစ်နေကြတာလဲ . . .၊
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။
ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့် ကြည့်အကဲခပ်နေကြပုံမျိုး . . .။
ဒါ စစ်တုရင်ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ်။
မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့် ပွင့် လင်းလင်းပြောပါ
ငါလွမ်းတာကိုလည်း ပွင့် ပွင့် လင်းလင်းပြောမယ်။
]ချစ်တယ်}ဆိုတဲ့ စကားလုံးကိုမကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောပဲ ဖုန်းကိုပိတ်ထားရင်
ဘာမှအသုံးမ၀င်တဲ့  ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ။
မင်းခိုက်စိုးစံ
သူဖတ်ဖို့ အချစ်ကဗျာများ (ဖေဖေါ်ဝါရီ ၂၀၀၅
Friday, July 10, 2009
Monday, July 6, 2009
အမှားပြင်ဆင်ချက်
ကောင်းကင်ဆီ ထွက်ပြေးခဲ့သူရယ်ပါ
နောက်ဘယ်လောက်ထိ ဆက်မှားနေဦးမှာလဲ
ဒဏ်ရာတွေ အထပ်ထပ်နဲ့ကျောပြင်...........။
သေချာတယ်
ဒါ...အံဝှက်တွေအခန်းခန်းနဲ့
မျက်လှည့်ဆရာရဲ့ သေတ္တာမဟုတ်ခဲ့ဘူး
နွေဦးပေါက်ရင်အုံလေ
ခဏလေးဖြစ်ဖြစ်
နားခိုခွင့်ပေးပါ..........။
တစ်လျှောက်လုံး အိမ်ပြန်နောက်ကျသူ
အပိုအလိုမရှိ
ကမ္ဘာမြေကို တိုင်တည်ရကောင်းမလား
အမှန်တရားစစ်စစ်ရဖို့
အမှားများစွာကို စစ်ယူရကောင်းမလား
ပြဌာန်းချက်အသစ်နဲ့
ဘ၀ကို ကော်ပတ်စား ပေါင်းတင်ရကောင်းမလား။
ထားတော့
မီးလင်းဖို ကုတ်အင်္ကျီဆောင်းနဲ့
မတုန်မလှုပ် ညအခါတွေ
ထားခဲ့တော့
ဥသြသံကြားနေရပြီ
ဒါ......ငါနွေဦး။ ။
မင်းဆွေနှစ် ( မုံရွာ )
Thursday, July 2, 2009
ကမ္ဘာမြေ နှင့် မာဖီ သတိုးသမီးများ
Saturday, June 27, 2009
ဒီနှစ်ကဗျာ
တစ်ဆောင်းတွင်းလုံး
ပိတ်ထားတဲ့ပြူတင်းတံခါးကို
ဒီနေ့ဖွင့်လိုက်တယ်။
ဒီစိတ်ကလေးပေါ် ငှက်ကလေးနားလိုနားပါစေ
ဒီစိတ်ကလေးပေါ် တိမ်တွေဖြတ်ပျံလိုပျံပါစေ
ဒီကောင်းမှုမှာ
မေမေ…ကျမ္မာပါစေ..။ ။
မင်းဒီ
Monday, June 22, 2009
မိသားစု
မေမေက
သူ့အိပ်မက်တွေ
ပုခက်ထဲထည့်ထည့်လွှဲ
ကျွန်တော်က
သားချော့တေးတွေစီးရင်း
ကြယ်တွေဆီ ရွှက်လွှင့်
အနားသတ်မရှိတဲ့လောဘထဲ
မျောလွင့်သူဖေဖေ
ကျွန်တော်နဲ့ဘယ်မှာဆုံမလဲ။ ။
ကိုရွေး
Monday, June 15, 2009
Thursday, June 11, 2009
အချစ်အတွက်ဖြစ်တည်သော ကျွန်မ၏သဘောထားများ . . . . .
ငါဟာမလှပါဘူး
ဒါပေမဲ့ငါ့ရဲ့စိတ်ဓါတ်ဟာဖြူစင်ပါတယ်
ငါဟာမချမ်းသာပါဘူး
ဒါပေမဲ့ငါ့အချစ်တွေန့မဲ င်းကိုပျော်အောင်ထားနိုင်ပါတယ်
ငါဟာအတ္တမကြီးပါဘူး
ဒါပေမဲ့မင်းကိုတော့တစ်သက်လုံးပိုင်ဆိုင်ချင်တယ်
ငါဟာမနုံအပါဘူး
ဒါပေမဲ့မင်းကိုချစ်လို့မသိဟန်ဆောင်ခ့တဲာတွေပါ
ငါဟာအရမ်းချစ်တတ်တယ်လို့မပြောချင်ပါဘူး
ဒါပေမဲ့ငါ့အသက်ထက်မင်းကိုပိုချစ်ပါတယ်
ငါဟာဘ၀အတွက်အေးချမ်းစွာနေချင်တ့သဲူပါ
ဒါပေမဲ့မင်းအတွက်ပူလောင်ခြင်းတွေပိုင်ဆိုင်နေတယ်
ငါဟာသွေးကြောင်တာကိုမကြိုက်တဲ့သူတစ်ယောက်ပါ
ဒါပေမဲ့အခုငါကိုယ်တိုင်မင်းနဲ့ပက်သက်ရင်သွေးကြောင်တတ်နေပြီ
ငါဟာမုသားပြောတတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး
ဒါပေမဲ့မင်းအလိုကျငါမုသားသုံးတတ်နေပြီ
ငါဟာလူသားအချင်းချင်းမမုန်းတတ်ပါဘူး
ဒါပေမဲ့မင်းနဲ့ပက်သက်လာရင်လူတွေကိုငါမုန်းတတ်နေပြီ
ငါဟာအရာရာကိုပေါ့ပေါ့လေးတွေးတတ်ခဲ့တယ်
ဒါပေမဲ့မင်းနဲ့ပက်သက်ရင်ငါရင်ထဲမှာလေးနက်ခြင်းတွေရှိနေတယ်
ငါဟာကံကြမ္မာရက်စက်မှာကိုမစိုးရွံ့တတ်သူပါ
ဒါပေမဲ့မင်းနဲ့ပက်သက်ရင်ကံကြမ္မာကိုစိုးရွံ့တတ်နေပြီ
ငါဟာလူတစ်ယောက်ကိုမချည်နှောင်တတ်ပါဘူး
ဒါပေမဲ့မင်းကိုငါချည်နှောင်ချင်နေတယ် မင်းငါနဲ့အဝေးဆုံးကိုပြေးထွက်သွားမှာစိုးလို့ပါ
ငါဟာသေခြင်းတရားကိုသင်္ခါရလို့သဘောထားနိုင်ပါတယ်
ဒါပေမဲ့မင်းနဲ့ခြွဲပီးသေရမှာကိုတော့ငါကြောက်မိတယ်။
Friday, June 5, 2009
အမေ့လက်
မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။
မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။
ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ \\\"အလှ\\\" \\\"အလုပ်\\\"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။
ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)
Thursday, June 4, 2009
အယူခံ
Friday, May 29, 2009
ဂျစ်ပစီ
တောအုပ်ထဲက သစ်ပင်
သင်သေသွားသော်
aMomf vlYjynfavmu? vlYb0um;
tdk& em&? ao&OD;rnf
rSefayonfwnfY/
odkYwjyD;um;? oifaooGm;aomf
oif zGm;aomajr? oifwdkYajronf
tajcwdk;jrifY? usefaumif;oifY\?
oif\ rsdK;om; pm pum;vnf;
MuD;yGm;wufjrifY? usefaumif;oifY\/
oif OD;csí? trQa0&m
apwDomeSifY? opömta&mif
OmPfwefaqmifvnf;
ajymifvsuf 0if;vsuf usefapownf;/
aZmf*sD (tdk;a0r*¾Zif; 1935)
ဒုက္ခသစာ
b0awGjrm;OD;vSnhfMuovdk
tjyefvrf;rSm vlpnfcJhwJh
rEdkif0efvSnf;bD;oHrsm;
,D;av;cdkwGJ
rkqdk;pdkifoifajcvSrf;rsm;
'vdrfhacgufauG;
iSufwdkY
tdyfpifay:wufMuNyD
'ku©awG jr§mayGvGef;aygY
'gudk
tvif;wdkifayGUcsnfroGm;EdkifwJh
naygY.../ 'DrSm
rm&D,ma&...
nae 5 em&Dwdkif; owd&wkef;yg/
idkazsmufxm;wJh oDcsif;wpfyk'ftaMumif;
ajymMu
xrif;udk qDrqrf;EdkifwJhtaMumif;
vrif;uajymjy? atmf[pf
vmcJprf;ygAsm...
cifAsm;&JYrjynhfpHkrIrsm;udk
a&Tvifyef;eJYxnhfNyD; ,lcJhprf;yg/ /
ယာသစ်
သားချစ်
rif;
BudrfvHk;,lvm
'DrSm 'l;axmufrwfwwf&yfprf;
BudK;udkifMurf;rSvdr®mw,fvkdY
igwkdYtrsKd;awGajymw,f
r[kwfbl;
ig'DvkdrvkyfEdkifbl;
vlqkdwm
&wemyJ
'kv’bw&m;eJYvlvmjzpfwJhom;cspf[m
ightwGuf&wemyJ
ausmydk;tdwfxJ
cg;usKd;atmifpmtkyfawGtjynfhtodyfxnfh
acgif;idkufpdkufcspmcsnf;yJusufraeeJY
uGefysLwmwa*smufa*smuf
BudKufoavmufESdyfvkdufprf;
jywif;aygufrSefuGJatmifabmvHk;uefcsif
uefvkdufprf;
uav;b0&JUpdrf;vef;jcif;rsm;
OD;xkyfraqmif;wJhqkdifu,farmif;orm;zrf;ovkd
igvufvSrf;wm;rSmr[kwfbl;
rif;BuD;vm&if
q&m0efBuD;vkyfrSmvm;
ppfAkdvfBuD;vkyfrSmvm;
wpfb0wmBudKufoavmufpHNyD;
oHo&mrSm usoavmufcHr,fhvl
rjzpfapcsifbl;
rif;tpfudkBuD;u
cspfvkdYygajymNyD;
uHraumif;wJha&Tig;av;awG avSmifuefxJxnfhxm;wm
rif;jrifw,fr[kwfvm;
a&Tig;av;awG 'ku©pmemwwfzkdY
rif;pmrsm;rsm;zwfapcsifw,f
urÇmhajryHkBuD;a&SUcsNyD;
wlatmiftqGJusifhaewmeJY
rif;eJYurÇmBuD;
eD;vmrSmr[kwfbl;
tJ'DajryHkay:rSmaewJhvlawGudk cspfwwfatmif
rif;pmrsm;rsm;zwfapcsifw,f
b0rSm
bmrSrvkyfwwfcsifae
bmrSr,kwfrmapcsifbl;
*ufpfxnfhwJhtem; rif;oGm;&if
*ufpfeHYawmh½SL&rSmyJ
vkdtyfwJhtcg
*ufpfeHYpGJatmif rD;jcpfvnf;jcpf&J&rSmaygh
rif;
wpfaeYBuD;jyif;vmrSm
toufBuD;wJhtcg tcsdefpD;ygapuGm
igqGJvufpzJcsyf[m
rif;twGuf
rif;vufcHwJhtcg
trSefw&m;qkdwJheHygwfuvJGNyD;
bmeJYrS aq;ay;rD;,lrvkyfvkdufeJY/ /
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...
-
I got this poem from one of my friends, and like it so much. Every poems composed by Tayar Min Wai are really good.






